ဆီးဂိမ်းဆီမီးဖိုင်နယ်မှာ မြန်မာနဲ့ အင်ဒိုနီးရှားတွေ့ပြီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အႀကိမ္(၃၀)ေျမာက္၊ ဖိလစ္ပိုင္ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စုပြဲစဥ္ေတြအၿပီးမွာေတာ့ ဆီမီးဖိုင္နယ္မွာ ျမန္မာယူ-၂၂အသင္းနဲ႕ အင္ဒိုနီးရွားယူ-၂၂အသင္းတို႔ေတြ႕ဆုံေတာ့မွာျဖစ္ပါတယ္။

ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု(ခ)အုပ္စုေနာက္ဆုံးပြဲစဥ္ေတြကို ယေန႕၊ ေန႕လည္ ျမန္စံေတာ္ခ်ိန္ ၂နာရီခြဲမွာယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ အင္ဒိုနီးရွားက လာအိုကို ၃-ဝဂိုး၊ စင္ကာပူက ဘ႐ူနိုင္းကို ၇-ဝဂိုးေတြနဲ႕အနိုင္ရခဲ့ၿပီး ထိုင္းအသင္းနဲ႕ဗီယက္နမ္အသင္းေတြကေတာ့ ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။

အုပ္စုပြဲစဥ္ေတြအၿပီးမွာေတာ့ ဗီယက္နမ္အသင္းက ရႈံးပြဲမရွိပဲ ရမွတ္ ၁၃မွတ္နဲ႕ အုပ္စုပထမ၊ အင္ဒိုနီးရွားက ရမွတ္ ၁၀မွတ္နဲ႕ အုပ္စုဒုတိယရရွိၿပီး ဆီမီးဖိုင္နယ္ကိုတက္ေရာက္နိုင္ခဲ့ပါတယ္။

ဆီးဂိမ္းအမ်ိဳးသားေဘာလုံးၿပိဳင္ပြဲအုပ္စုပြဲစဥ္ေတြအၿပီးမွာေတာ့ အုပ္စု(က)က ျမန္မာနဲ႕ကေမၻာဒီးယား၊ အုပ္စု(ခ)က ဗီယက္နမ္နဲ႕အင္ဒိုနီးရွားတို႔ ဆီမီးဖိုင္နယ္ကိုတက္ေရာက္နိုင္ခဲ့ၾကပါတယ္။

အုပ္စုရပ္တည္မႈေတြအရ ဆီမီးဖိုင္နယ္မွာ အုပ္စု(က)ပထမ ျမန္မာနဲ႕ အုပ္စု(ခ) ဒုတိယ အင္ဒိုနီးရွား၊ အုပ္စု(က)ဒုတိယ ကေမၻာဒီးယားနဲ႕ အုပ္စု(ခ)ပထမ ဗီယက္နမ္တို႔ယွဥ္ၿပိဳင္ကစားရေတာ့မွာပါ။

ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ဒီဇင္ဘာ ၇ရက္ေန႕မွာဆက္လက္ကစားၾကမွာျဖစ္ၿပီး ျမန္မာစံေတာ္ခ်ိန္ ေန႕လည္ ၂နာရီခြဲမွာ ျမန္မာနဲ႕အင္ဒိုနီးရွား၊ ညေန ၆နာရီမွာ ကေမၻာဒီးယားနဲ႕ ဗီယက္နမ္တို႔ကစားရမွာျဖစ္ပါတယ္။

ျမန္မာအသင္းနဲ႕အင္ဒိုနီးရွားအသင္းတို႔ဟာ အာဆီယံယူ-၂၂ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဆုံေတြ႕ခဲ့စဥ္က တစ္ဂိုးစီသေရက်ထားပါတယ္။

Credit – duwun

Unicode ဖြင့်ဖတ်ပါ
★★★★★

အကြိမ်(၃၀)မြောက်၊ ဖိလစ်ပိုင်ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအပြီးမှာတော့ ဆီမီးဖိုင်နယ်မှာ မြန်မာယူ-၂၂အသင်းနဲ့ အင်ဒိုနီးရှားယူ-၂၂အသင်းတို့တွေ့ဆုံတော့မှာဖြစ်ပါတယ်။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယနေ့၊ နေ့လည် မြန်စံတော်ချိန် ၂နာရီခွဲမှာယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အင်ဒိုနီးရှားက လာအိုကို ၃-ဝဂိုး၊ စင်ကာပူက ဘရူနိုင်းကို ၇-ဝဂိုးတွေနဲ့အနိုင်ရခဲ့ပြီး ထိုင်းအသင်းနဲ့ဗီယက်နမ်အသင်းတွေကတော့ နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

အုပ်စုပွဲစဉ်တွေအပြီးမှာတော့ ဗီယက်နမ်အသင်းက ရှုံးပွဲမရှိပဲ ရမှတ် ၁၃မှတ်နဲ့ အုပ်စုပထမ၊ အင်ဒိုနီးရှားက ရမှတ် ၁၀မှတ်နဲ့ အုပ်စုဒုတိယရရှိပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်တွေအပြီးမှာတော့ အုပ်စု(က)က မြန်မာနဲ့ကမ္ဘောဒီးယား၊ အုပ်စု(ခ)က ဗီယက်နမ်နဲ့အင်ဒိုနီးရှားတို့ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ကြပါတယ်။

အုပ်စုရပ်တည်မှုတွေအရ ဆီမီးဖိုင်နယ်မှာ အုပ်စု(က)ပထမ မြန်မာနဲ့ အုပ်စု(ခ) ဒုတိယ အင်ဒိုနီးရှား၊ အုပ်စု(က)ဒုတိယ ကမ္ဘောဒီးယားနဲ့ အုပ်စု(ခ)ပထမ ဗီယက်နမ်တို့ယှဉ်ပြိုင်ကစားရတော့မှာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၇ရက်နေ့မှာဆက်လက်ကစားကြမှာဖြစ်ပြီး မြန်မာစံတော်ချိန် နေ့လည် ၂နာရီခွဲမှာ မြန်မာနဲ့အင်ဒိုနီးရှား၊ ညနေ ၆နာရီမှာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ဟာ အာဆီယံယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆုံတွေ့ခဲ့စဉ်က တစ်ဂိုးစီသရေကျထားပါတယ်။

Credit – duwun