ဒိုင်တွေကတောင် Lion King တစ်ကောင်လို့ တင်စားခံလိုက်ရတဲ့ မူးလာရဲ့ သီဆိုယှဉ်ပြိုင်မှု ဗီဒီယို

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

Myanmar Idol ပြိုင်ပွဲကြီးကတော့ ဒီတစ်ပတ်မှာ ဆောင်းရာသီ သီချင်းတွေနဲ့ယှဉ်ပြိုင်ကြရတာပါနော်။နောက်ဆုံးပြိုင်ပွဲဝင်ကတော့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မူးလာပဲ ဖြစ်ပါတယ်။ တေးဆို ဖိုးချိုရဲ့ အလွမ်းည သီချင်းကို အမိုက်စားသီဆိုခဲ့တယ်လို့ ဆိုရမှာပါ။ Rocker တစ်ယောက်ရဲ့ အစွမ်းတွေကို ထုတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒိုင်တွေရဲ့မှတ်ချက်ကောင်းတွေရရှိခဲ့တဲ့အပြင် အောင်ကိုလတ်ကတော့ Lion King တစ်ကောင်လို့ တင်စားပြီး အကောင်းဆုံး Rock အစွမ်းလေးတွေ ထုတ်ပြနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပြီး တင်ဇာမော်ကတော့ နောက်ဆုံးဘိတ်အိတ်နဲ့လွယ်ကာ သီချင်းတစ်ပုဒ်လုံးကို ဆွဲဆောင်မှုရှိရှိနဲ့ သီဆိုသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒိုင်နာက်ဆုံးတစ်ယောက်ဖြစ်တဲ့ ဖြူဖြူကတော့ အရမ်းမိုက်တဲ့အပြင် Rocker Performer တစ်ယောက်လို့ ပြောခဲ့ပြီး ဒိုင်တွေလိုချင်နေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပြီး ရူးခါနေတဲ့မူးလာပါဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။ ပျော်ပျော်နေတတ်တဲ့အပြင် အဆိုဘက်မှာလည်း သေချာယှဉ်ပြိုင်တတ်တဲ့ မူးလာရဲ့ သီဆိုမှုကို ပရိသတ်ကြီးသဘောကျရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Video ကြည့်ရန်

Source :Myanmar Idol

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Video ကြည့်ရန်

Source :Myanmar Idol