ဒီနှစ်လေးမှာ မျက်ရည်တွေကြားထဲကနေငါ့ကိုကယ်တင်ပါဆိုပြီး santa clauseကို တိုင်တည်လိုက်တဲ့ နန်းဆုရတီစိုး

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ငြာတွေအများအပြားမှာပါဝင်တာကြောင့် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူထားနိုင်တဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။နန်းဆုကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ယနေ့ထိတိုင်အနုပညာလောကမှာရပ်တည်နေဆဲဖြစ်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာပါနော်။

နန်းဆုသီဆိုထားတဲ့ တေးသီချင်းကောင်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားပြီး အမြဲတမ်းနားထောင်နေလည်းမရိုးသွားနိုင်တဲ့တေးသီချင်းလေးတွေပဲဖြစ်ပါတယ်နော်။နန်းဆုကတော့ လက်ရှိမှာလည်း တေးသီချင်းလေးကောင်းလေးတွေကို ဖန်တီးနေပြီး ပရိသတ်တွေအတွက် အမြဲကြိုးစားနေတာဖြစ်လို့ ပရိသတ်တွေကလည်း အသိအမှတ်ပြုအားပေးကြပါတယ်။

နန်းဆုကတော့ အခုဆိုရင် တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး အနုပညာအလုပ်တွေကိုလည်းပုံမှန်လှုပ်ရှားနေပါတယ်နော်။အခုဆိုရင်တော့ နန်းဆုက ခရစ္စမတ်သစ်ပင်ကြီးနဲ့အတူ နှစ်သစ်အတွက်ကြိုပြီး ဆုမွန်ကောင်းတောင်းထားတာဖြစ်ပါတယ်။အစိမ်းရောင်လေးတွေကြားမှာ နုပျိုလန်းဆန်းတဲ့အလှတရားတွေနဲ့ ပျိုမျစ်နုနယ်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nansu Yati Soe’s Facebook

“Myanmarload’

Zawgyi ဖြင့်ဖတ်ပါ
★★★★★





“Myanmarload’