မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင် ကိုယ်တိုင်ဖွင့်ဟလာတဲ့ ပြိုင်ပွဲဝင်ဟောင်းတွေကြားက ပဋိပက္ခ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဒေါက်တာနန်းမောက်လောဝ်ဆိုင်(ခေါ်)မမီးကတော့ မကြာသေးမှီက လူမှုကွန်ရက် စာမျက်နှာမှာ ဂယက်ရိုက်ခဲ့တဲ့ ပြိုင်ပွဲဝင်ဟောင်းတွေကြားက ပဋိပက္ခအကြောင်းနဲ့ပတ်သက်ပြီး “အမကတော့ ဘာမှမပြောချင်ပါဘူး၊ အမက မြန်မာအိုင်ဒေါမိသားစုက လက်ရှိရှိနေပါတယ်။ဘယ်အကြောင်းတရားနဲ့မှလည်း ဘယ်ဟာကိုမှအထိအခိုက်မခံနိုင်ပါဘူး။

သွားနေတဲ့အနေအထားအားလုံးကတော့ ဘယ်သူမဆို တဒင်္ဂတော့ဖြစ်တတ်တဲ့ စိတ်ရဲ့ ခံစားချက်လေးတွေ ပွင့်ထွက်တဲ့ ထိရှလွယ်တဲ့ ထိရှလွယ်တဲ့စိတ်တွေပေါ်မှာ အခြေခံပြီးတော့ဖြစ်တာပါ။ဒီအပေါ်မှာ အာလုံးကိုနားလည်ပေးစေချင်တာက ဘယ်သူဘယ်သူမှ အပြစ်လည်းမပြောချင်ဘူး၊ဘယ်သူဘယ်သူမှကိုလည်း အပြစ်လည်းမတင်ချင်ဘူး”လို့ ဖြေကြားပေးခဲ့ပါတယ်။အဲဒီနောက်မှတော့ “မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို တိုင်တပါးကနေ ယုံကြည်ပြီးတော့ ပေးလုပ်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ သိက္ခာအရှိန်အဝါအရမ်းကြီးပါတယ်။ဒီအတွက်ကြောင့်မို့ ကိုယ်နိုင်ငံကိုမထိခိုက်အောင်၊ကိုယ်ကိုတောင်လည်းမထိခိုက်အောင်၊ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုလုံးမထိခိုက်အောင် အခြေခံပြီးအလုပ်ကို ကြိုးစားပြီးဆောင်ရွက်ပါတယ်” လို့ ပြောခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဒေါက်တာနန်းမောက်လောဝ်ဆိုင်(ခေါ်)မမီးကတော့ မကြာသေးမှီက လူမှုကွန်ရက် စာမျက်နှာမှာ ဂယက်ရိုက်ခဲ့တဲ့ ပြိုင်ပွဲဝင်ဟောင်းတွေကြားက ပဋိပက္ခတွေအတွက် ဘယ်သူဘယ်သူမှကိုလည်း အပြစ်လည်းမတင်ချင်ဘူးတဲ့နော်။

Source: Exclusive On CeleGabar
DarDar-CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★



