မြင့်မြတ် မြှောက်ပေး လို့ အမိုက်စားတက်တူးထိုးဖြစ်သွားတဲ့ ယုန်လေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော် ယုန်လေး ဘဝကနေ ဒါရိုက်တာ ၊ သရုပ်ဆောင် ယုန်ကြီးဘဝထိ တက်လှမ်းလာနိုင်သူက ကျော်ဘုန်းအောင်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာက ခယပြီး သရုပ်ဆောင်ခိုင်းနေရတဲ့ လူတွေထက် အကြမ်းပတမ်း အားလုံးရပြီး စိတ်တူကိုယ်တူ ဖြစ်မယ့် အနုပညာရှင်တွေကိုပဲ ယုန်လေးက အရာသွင်းတာပါ။ မြင့်မြတ် ၊ မိုးယံဇွန် ၊ ထူးခြား ၊ ခင်လှိုင် ၊ ညီနန္ဒ ၊ ထူးအောင်စတဲ့ သရုပ်ဆောင်တွေနဲ့ပဲ ဇာတ်လမ်းတွေ ဖန်တီးလေ့ရှိသလို လူငယ်တွေရဲ့ အကြိုက်ကို ရုံတင်ပိတ်ကားကြီးကနေ ချပြနိုင်ခဲ့ပါတယ်။

ယုန်လေးရဲ့ original gansters 3 ရုပ်ရှင်ကားကြီးကိုတော့ အပြီးအစီး ရိုက်ကူးပြီးကာမှ ရုံတင်ခွင့်ပိတ်ခံရတဲ့အတွက် မျှော်လင့်ထားခဲ့ရတဲ့ ပရိသတ်တွေ လက်လျှော့လိုက်ရပါတယ်။ အမိုက်စားရိုက်ချက်တွေနဲ့ အပြင်းစား သရုပ်ဆောင်ချက်တွေကို တောင့်တလွန်းတဲ့ ပရိသတ်ကြီးအတွက် ယုန်လေးက “သတိ အန္တာရယ်ရှိသည်” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရုံတင်ပေးခဲ့သလို Underground ကိုလည်း ရိုက်ကူးထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

ရုံမတင်လိုက်ရတဲ့ Orignial Gansters ကို တက်တူးထိုးဖြစ်ကြောင်းကိုတော့ ယုန်လေးက ခုလို ရေးသားထားပါတယ်။“Tattoo မကြိုက်တဲ့ လူကို မြင့်မြတ် မြှောက်ပေးတာ ဒီလိုလေးတော့ဖြစ်သွားတယ်။ဒါပေမယ့် ထိုးသင့်တဲ့ အမှတ်အသားလေး ORIGINAL GANGSTER ထိုးထားတဲ့အတွက်ကျေနပ်ပါတယ် . . ကျွန်တော်တို့ တန်ဖိုးထားလို့ ကိုယ်ပေါ်သေယာပါတင်ထားတဲ့
ORIGINAL GANGSTER ကိုလည်း အနုပညာအဖြစ် ဆက်လက်ရပ်တည်ခွင့် ရချင်ခဲ့တာ

ဆင်ဆာရရ မရရ ကျွန်တော်တို့ကို ချစ်တဲ့ ပရိတ်သတ်တွေ OG ကို မမေ့ရင် ကျေနပ်ပါပြီ .
OG နာမည် Tattoo ထိုးထားတဲ့ လူတွေ အကုန်လုံး ပျော်စရာပွဲလေးလည်း စီစဉ်ပါဦးမယ် .
အားလုံး Peace ” ဆိုပြီး တက်တူးကို ကျောအပြည့်ထိုးထားတဲ့ ပုံရိပ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင်ယုန်လေးရဲ့ Orignal Gansters လည်း နောက်ဆက်တွဲ အများကြီး ဖန်တီးနိုင်ပြီး ပရိသတ်တွေ ကြိုက်မယ့် စွမ်းရည်တွေ ထုတ်ပြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။