သရုပ်ဆောင် မိုးအောင်ရင်ကို ဘာ့ကြောင့် တရားစွဲဆိုရတာလဲဆိုတာကို ပြောပြလာတဲ့ ရည်းစားဟောင်း ခင်မြတ်နိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ရည္းစားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ ကာမလိမ္လည္မႈနဲ႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ဟာ ဒီေန႔(ဒီဇင္ဘာ၆ရက္)မွာ ခ်ိန္းဆိုထားတဲ့ ပထမဆုံး ႐ုံးခ်ိန္းသို႔ တက္ေရာက္လာျခင္းမရွိဘူးလို႔ သိရပါတယ္။

တရား႐ုံးဘက္ကလည္း ဒီေန႔မွာ ႐ုံးေတာ္ေရွ႕ လာေရာက္ရန္ဆင့္ေခၚစာပို႔ထားေပမယ့္ တရားလိုသာ ႐ုံးခ်ိန္းသို႔ လာေရာက္ခဲ့တာ ေတြ႕ရပါတယ္။မိုးေအာင္ရင္ ႐ုံးခ်ိန္းမလာခဲ့တာနဲ႔ ပတ္သက္ၿပီး ရည္စားေဟာင္းက ယခုလို ေျပာခဲ့ပါတယ္။

“မလာဘူးဆိုတာ သူ႔ကိစၥနဲ႔သူရွိမွာပါ။ သူတို႔ဘက္ကလည္း အလြန္အၾကဴးေျပာထားတာ ရွိတယ္။အမွန္တရားျဖစ္ဖို႔အတြက္ ဒီလိုတရားစြဲတာပါ။ နစ္နာဖို႔အတြက္ မဟုတ္ပါဘူး” ဆိုၿပီး မိုးေအာင္ရင္ရဲ႕ ရည္းစားေဟာင္ ခင္ျမတ္ႏိုးက ဒီေန႔ ႐ုံးခ်ိန္းမွာ မီဒီယာေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း မိုးေအာင္ရင္ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုလိုက္တဲ့ကိစၥကလည္း သူမရဲ႕ ဂုဏ္သိကၡာနဲ႔ ပတ္သက္ၿပီး အမ်ားႀကီး ထိခိုက္မႈေတြ ရွိသြားခဲ့တယ္လို႔ ဆိုပါတယ္။“သူနဲ႔က မီဒီယာမွာ အင္တာဗ်ဴးေျဖထားၿပီးကတည္းက အဆက္အသြယ္မေရ တာ့တာပါ။ သူတို႔မီဒီယာမွာ ေျဖလိုက္ကတည္းက ညီမရဲ႕ ဂုဏ္သိကၡာအမ်ားႀကီး ထိခိုက္သြားတယ္။ အိမ္ထဲက အိမ္ျပင္ေတာင္မထြက္ႏိုင္ဘူး ျဖစ္ခဲ့ရတယ္” လို႔ သူမက ေျပာပါတယ္။

မိုးေအာင္ရင္ဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုမွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာ ဒီနေ့(ဒီဇင်ဘာ၆ရက်)မှာ ချိန်းဆိုထားတဲ့ ပထမဆုံး ရုံးချိန်းသို့ တက်ရောက်လာခြင်းမရှိဘူးလို့ သိရပါတယ်။

တရားရုံးဘက်ကလည်း ဒီနေ့မှာ ရုံးတော်ရှေ့ လာရောက်ရန်ဆင့်ခေါ်စာပို့ထားပေမယ့် တရားလိုသာ ရုံးချိန်းသို့ လာရောက်ခဲ့တာ တွေ့ရပါတယ်။မိုးအောင်ရင် ရုံးချိန်းမလာခဲ့တာနဲ့ ပတ်သက်ပြီး ရည်စားဟောင်းက ယခုလို ပြောခဲ့ပါတယ်။

“မလာဘူးဆိုတာ သူ့ကိစ္စနဲ့သူရှိမှာပါ။ သူတို့ဘက်ကလည်း အလွန်အကြူးပြောထားတာ ရှိတယ်။အမှန်တရားဖြစ်ဖို့အတွက် ဒီလိုတရားစွဲတာပါ။ နစ်နာဖို့အတွက် မဟုတ်ပါဘူး” ဆိုပြီး မိုးအောင်ရင်ရဲ့ ရည်းစားဟောင် ခင်မြတ်နိုးက ဒီနေ့ ရုံးချိန်းမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း မိုးအောင်ရင်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုလိုက်တဲ့ကိစ္စကလည်း သူမရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး အများကြီး ထိခိုက်မှုတွေ ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။“သူနဲ့က မီဒီယာမှာ အင်တာဗျူးဖြေထားပြီးကတည်းက အဆက်အသွယ်မရေ တာ့တာပါ။ သူတို့မီဒီယာမှာ ဖြေလိုက်ကတည်းက ညီမရဲ့ ဂုဏ်သိက္ခာအများကြီး ထိခိုက်သွားတယ်။ အိမ်ထဲက အိမ်ပြင်တောင်မထွက်နိုင်ဘူး ဖြစ်ခဲ့ရတယ်” လို့ သူမက ပြောပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။