မထင်မှတ်ဘဲ Top-5 ကိုလွတ်လွတ်ကျွတ်ကျွတ်တက်သွားနိုင်ခဲ့တဲ့ Yaw Kee

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါလ် Season -4 ရဲ့ဟေမာန်ဆောင်းသီဆိုမှု ပြိုင်ပွဲအတွက် ဒီ ည Result Show မှာ တကယ်ကိုတော်တဲ့ ပြိုင်ပွဲဝင် သုံးယောက်ဟာ Bottom ခုံမှာထိုင်ခဲ့ရပါတယ် ။ ဒိုင်တွေဆီက မှတ်ချက်ကောင်းတွေအများကြီးရခဲ့သလို ပရိသတ်အားပေးမှုများတဲ့ ပြိုင်ပွဲဝင်သုံးယောက်ဖြစ်တဲ့ Yaw kee ၊ အက်စတာနဲ့ နော်စေးစေးထူးတို့ သုံးယောက်က Bottom ခုံမှာထိုင်ခဲ့ရတာဖြစ်ပါတယ် ။

မိန်းကလေးပြိုင်ပွဲဝင် နှစ်ယောက်က အရမ်းကိုတော်တဲ့ ပြိုင်ပွဲဝင်တွေဖြစ်လို့ ပရိသတ်တွေက Yaw Kee ကတော့ ပြိုင်ပွဲကနှုတ်ဆက်ထွက်ခွာရတော့မယ်လို့ ထင်ကြေးတွေပေးခဲ့ကြတာဖြစ်ပါတယ် ။ ဒါပေမယ့် ပရိသတ်တွေ ထင်မှတ်ထားသလိုမဟုတ်ဘဲ Yaw Kee ကတော့ လွတ်လွတ်ကျွတ်ကျွတ်နဲ့ Top-5 ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး Save ဖြစ်သွားခဲ့တာဖြစ်ပါတယ် ။ Yaw Keeကိုယ်တိုင်လည်း အခုလို Save သွားတာကို မယုံကြည်နိုင်အောင်ဖြစ်ခဲ့တယ်ဆိုတာ ပရိသတ်တွေအမြင်ပါပဲ ။

ဘာပဲဖြစ်ဖြစ် ပရိသတ်ချစ်တဲ့ Yaw Kee ကတော့ နောက်တစ်ဆင့်ကို ထပ်မံတက်လှမ်းနိုင်ပြီဖြစ်တဲ့အတွက် Cele Gabar မှ ဖန်တွေနဲ့အတူ ထပ်တူထပ်မျှဂုဏ်ယူပါတယ်နော် ။ နောက်တစ်ပတ်မှာ Yaw Kee ရဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုတွေကို စောင့်မျှော်ပေးကြပါဦးနော် ။

Source : Myanmar Idol Season-4
Emily ( Cele Gabar )

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Emily ( Cele Gabar )