အပျော်စီး ပယ်လယ်ဓားပြ စီးရင်း ပြုတ်ကျပြီး ဒုက္ခရောက်သွားတဲ့ လူတွေ ( ဗီဒီယို )

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။
မြန်မာနိုင်ငံမှာ ပွင့်လင်းရာသီရောက်လာပြီမို့ နေရာဒေသတော်တော်များများမှာ ဘုရားပွဲတွေ ကျင်းပတာတွေရှိသလို ၊ ဇာတ်ပွဲတွေ ကျင်းပတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုဘုရားပွဲတွေ၊ ဇာတ်ပွဲတွေမှာ မပါမဖြစ်ပါလေ့ရှိတာကတော့ ချား ၊ ရဟတ်တွေလည်းပါတာအမြဲပါပဲနော်။ ဒီလို အရာတွေကတော့ အစီးများတာက လူငယ်လူရွယ်နဲ့ ကလေးငယ်တွေပဲ စီးကြတာတွေ့ရပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ အန္တရာယ်မဖြစ်အောင် သက်ဆိုင်ရာ ရပ်ကျေးဥက္ကဌတွေက စစ်ဆေးကြပ်မတ်သင့်ပါတယ်။

ပြီးခဲ့တဲ့လပိုင်း ၃၀ ရက်နေ့က လည်း ထိုင်းနိုင်ငံက အပျော်ကစားကွင်းတစ်ခုမှာ အပျော်စီး ချားရဟတ်ပေါ်က လူတွေပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်ကတော့ အတော်လေးကို မြင်ရသူတွေအဖို့ သွေးပျက်သွားစေပါတယ်။ ချားရဟတ်လည်နေစဉ်မှာပဲ ခါးပတ်တွေပြုတ်ထွက်ပြီး လွင့်စင်ထွက်ခဲ့တာပါ။ (နှလုံးကောင်းရင် ရုပ်သံဖိုင်မှာ ကြည့်ကြည့်ပါ)ဒီကိစ္စအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကစားကွင်းက ချားရဟတ်လည်ပတ်ခွင့်ကို ချက်ချင်းရပ်တန့်စေခဲ့ပေမယ့် မလည်ပတ်ခင်ကတည်းက စစ်ဆေးမှုတွေ မလုပ်ခဲ့တာကြောင့် ထိခိုက်နစ်နာသူတွေတော့ရှိနေပါပြီ။

သူတို့ဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ့် ဒုက္ခရှာမိခဲ့သလိုဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ အသေအပျောက်ရှိလား မသိရသေးပေမယ့်အတော်လေးတော့ အထိနာခဲ့ကြမှာ အသေအချာပါပဲ။
ဒါကြောင့် မြန်မာနိုင်ငံက မြို့နယ် အတော်များများမှာလည်း ဒါမျိုးဖြစ်စဉ်တွေ မဖြစ်ရလေအောင် ပွဲစီစဉ်သူများ ၊ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးနိုင်ကြစေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေအာက္တြင္ ဗြီဒီယို တင္ထားေပးပါသည္။
ျမန္မာႏိုင္ငံမွာ ပြင့္လင္းရာသီေရာက္လာၿပီမို႔ ေနရာေဒသေတာ္ေတာ္မ်ားမ်ားမွာ ဘုရားပြဲေတြ က်င္းပတာေတြရွိသလို ၊ ဇာတ္ပြဲေတြ က်င္းပတာမ်ိဳးေတြလည္း ရွိပါတယ္။ ဒီလိုဘုရားပြဲေတြ၊ ဇာတ္ပြဲေတြမွာ မပါမျဖစ္ပါေလ့ရွိတာကေတာ့ ခ်ား ၊ ရဟတ္ေတြလည္းပါတာအၿမဲပါပဲေနာ္။ ဒီလို အရာေတြကေတာ့ အစီးမ်ားတာက လူငယ္လူ႐ြယ္နဲ႔ ကေလးငယ္ေတြပဲ စီးၾကတာေတြ႕ရပါတယ္။ ဒါေၾကာင့္ မလိုအပ္တဲ့ အႏၲရာယ္မျဖစ္ေအာင္ သက္ဆိုင္ရာ ရပ္ေက်းဥကၠဌေတြက စစ္ေဆးၾကပ္မတ္သင့္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္း ၃၀ ရက္ေန႔က လည္း ထိုင္းႏိုင္ငံက အေပ်ာ္ကစားကြင္းတစ္ခုမွာ အေပ်ာ္စီး ခ်ားရဟတ္ေပၚက လူေတြျပဳတ္က်ခဲ့တဲ့ ျဖစ္စဥ္ကေတာ့ အေတာ္ေလးကို ျမင္ရသူေတြအဖို႔ ေသြးပ်က္သြားေစပါတယ္။ ခ်ားရဟတ္လည္ေနစဥ္မွာပဲ ခါးပတ္ေတြျပဳတ္ထြက္ၿပီး လြင့္စင္ထြက္ခဲ့တာပါ။ (ႏွလုံးေကာင္းရင္ ႐ုပ္သံဖိုင္မွာ ၾကည့္ၾကည့္ပါ)ဒီကိစၥအတြက္ သက္ဆိုင္ရာ အာဏာပိုင္ေတြက ကစားကြင္းက ခ်ားရဟတ္လည္ပတ္ခြင့္ကို ခ်က္ခ်င္းရပ္တန႔္ေစခဲ့ေပမယ့္ မလည္ပတ္ခင္ကတည္းက စစ္ေဆးမႈေတြ မလုပ္ခဲ့တာေၾကာင့္ ထိခိုက္နစ္နာသူေတြေတာ့ရွိေနပါၿပီ။

သူတို႔ဟာ ကိုယ့္ပိုက္ဆံနဲ႔ကိုယ့္ ဒုကၡရွာမိခဲ့သလိုျဖစ္ခဲ့တာပါ။ လက္ရွိမွာေတာ့ အေသအေပ်ာက္ရွိလား မသိရေသးေပမယ့္အေတာ္ေလးေတာ့ အထိနာခဲ့ၾကမွာ အေသအခ်ာပါပဲ။
ဒါေၾကာင့္ ျမန္မာႏိုင္ငံက ၿမိဳ႕နယ္ အေတာ္မ်ားမ်ားမွာလည္း ဒါမ်ိဳးျဖစ္စဥ္ေတြ မျဖစ္ရေလေအာင္ ပြဲစီစဥ္သူမ်ား ၊ တာဝန္ရွိသူမ်ားက ၾကပ္မတ္ေဆာင္႐ြက္ေပးႏိုင္ၾကေစဖို႔အတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
ဗီဒီယိုဖိုင္ၾကည့္ရန္ ႏွိပ္ပါ

Writer – SMT( Shwe Yaung Lan)