မနက် ၇ နာရီလောက် ခြံရှေ့မှာ မသင်္ကာစရာ လူတစ်ယောက် ရပ်နေလို့ သမီးလေးက ထွက်ကြည့်တဲ့အခါ
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
နေ့စဉ်နှင့်အမျှ အင်တာနက်လူမှုကွန်ရက်တွေမှာသာမက မြို့နယ်အလိုက်ကကျောင်းတွေ ၊ မိဘတွေမှာလည်း စိုးရိမ်သောကတွေဖြစ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့နေ့ခင်းကြောင်တောင် ကလေးဝင်လုတာတွေ၊ တို့ဆေးတွေ ခေတ်စားနေလို့ပါ။ ဒါ့အပြင် ရန်ကုန်မှာတောင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးတာ ၊ ဓားပြတိုက်တာတွေကိုလည်း အားလုံး သိမြင်ကြမှာပါနော်။အခုလည်း
အင်တာနက်လူမှုကွန်ရက်မှာ အသိအမတစ်ယောက်က မျှဝေထားတာလေးကို အားလုံးသိစေချင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ သူတို့အိမ်ထဲမှာ ရှိနေတုန်း မသိကျွမ်းတဲ့လူတစ်ယောက်က ဆေးဝယ်ဦးမလားဆိုပြီး ခြံတံခါးကို လာရပ်မေးတယ်လို့ဆိုပါတယ်။ ဖြစ်ချင်တော့ ဘုရားရှိခိုးနေတာကြောင့် သမီးလေးက သွားဖွင့်မယ်မလို့ လုပ်ချိန်မှာ တားခဲ့ပြီး မဝယ်ဘူးလို့ ပြောခိုင်းလိုက်တာတောင် ပေကပ်ကပ်နဲ့ ခြံရှေ့ကို ရပ်နေတုန်းပဲလို့သိရပါတယ်။
တံခါးများဖွင့်မိရင် ဘယ်လိုဒုက္ခပေးမလဲ မပြောတတ်ပါဘူး။အခုခေတ်က မြန်မာအချင်းချင်း ၊ လူအချင်းချင်းရယ်လို့ ယုံကြည်လို့မရတော့ပါဘူး။ အားလုံးက အလုပ်မလုပ်စားချင်ပဲ ၊ အချောင်ရဖို့ပဲ ကြိုးစားနေကြတာပါ။ ဥပဒေကလည်း လျော့တိလျော့ရဲ ၊ ရဲတွေ
ကလည်း ဖမ်းမိဖို့ကြိုးစားရင်း နှစ်တွေသာကုန်ခဲ့တယ် မမိတဲ့အမှုက များနေတော့ အခုလို အတင့်ရဲလာကြတာပါ။
ဒါကြောင့် အားလုံးလည်း သိအောင်မျှဝေပေးပါတယ်။ ခြံရှေ့ကို မသိတဲ့လူတွေက တစ်ခုခု လာရောင်းတာမျိုးလုပ်ခဲ့ရင်လုံးဝ ဖွင့်မပေးပါနဲ့။ အားလုံး သိအောင်လည်း မျှဝေပေးပါ။ ပုံတွေပါ တင်ပေးလိုက်ပါတယ်နော်။
Writer – SMT( Shwe Yaung Lan)
Zawgyi ဖြင့်ဖတ်ပါ
★★★★★