နှစ်ယောက်သားအတွဲညီညီနဲ့ နာမည်ကြီးဟာသတွေကို Tik Tok ကစားပြထားတဲ့ ခြူးလေးနဲ့ဟိန်းရတုရဲ့ဗီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လက္ရွိမွာ ” ေႏြလယ္ညရဲ႕လမင္း ” ဆိုတဲ့ ဇာတ္လမ္းတြဲေလးနဲ႔ ပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပးမႈကိုရရွိထားတဲ့ အႏုပညာရွင္ေတြကေတာ့ ဘုန္းရွိန္ခန႔္၊ ဟိန္းရတုနဲ႔ ျခဴးေလးတို႔ပဲ ျဖစ္ၾကပါတယ္။ သုံးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းေလးကို အေျခခံထားတဲ့ ဒီဇာတ္လမ္းတြဲေလးမွာ သူတို႔သုံးေယာက္က အေကာင္းဆုံးပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ပရိသတ္ေတြခ်စ္ရတဲ့ျခဴးေလးက ဗီလိန္ဇာတ္႐ုပ္နဲ႔ ပါဝင္ထားတာျဖစ္ပါတယ္။

စိုးစႏၵာဆိုတဲ့ ေကာင္မေလးေနရာကေန သ႐ုပ္ေဆာင္ထားတဲ့ ျခဴးေလးကေတာ့ အိုက္တင္ပီျပင္လြန္းတာေၾကာင့္ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနတာ ျဖစ္ပါတယ္။ အခုဆိုရင္ ျခဴးေလးက တစ္ေန႔တစ္ျခားေအာင္ျမင္လာသလို အားေပးသူပရိသတ္ေတြလည္း မ်ားျပားလာတာ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ျခဴးေလးက သူမခ်စ္ရတဲ့အႏုပညာေမာင္ႏွမေတြနဲ႔လည္း ေပ်ာ္ေပ်ာ္ပါးပါး Tik Tok ကစားေလ့ရွိတာ ျဖစ္ပါတယ္။

႐ိုက္ကူးေရးအားလပ္ခ်ိန္ေတြမွာလည္း ျခဴးေလးနဲ႔ ဟိန္းရတုတို႔က ႏွစ္ေယာက္သားအတြဲညီညီနဲ႔ Tik Tok ဗီဒီယိုေလးေတြ ႐ိုက္ကူးျဖစ္ခဲ့ၾကပါတယ္။ နာမည္ႀကီးဟာသေတြကို အိုက္တင္မ်ိဳးစုံနဲ႔ ျပန္လည္သ႐ုပ္ေဆာင္ထားတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ဗီဒီယိုေလးေတြကိုေတာ့ ပရိသတ္ေတြက အႀကိဳက္ေတြ႕ေစမွာအေသအခ်ာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ျခဴးေလးနဲ႔ ဟိန္းရတုတို႔ရဲ႕ Tik Tok ဗီဒီယိုေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

credit-myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိမှာ ” နွေလယ်ညရဲ့လမင်း ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တွေကတော့ ဘုန်းရှိန်ခန့်၊ ဟိန်းရတုနဲ့ ခြူးလေးတို့ပဲ ဖြစ်ကြပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲလေးမှာ သူတို့သုံးယောက်က အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပရိသတ်တွေချစ်ရတဲ့ခြူးလေးက ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်ထားတာဖြစ်ပါတယ်။

စိုးစန္ဒာဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတဲ့ ခြူးလေးကတော့ အိုက်တင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ခြူးလေးက တစ်နေ့တစ်ခြားအောင်မြင်လာသလို အားပေးသူပရိသတ်တွေလည်း များပြားလာတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ခြူးလေးက သူမချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့လည်း ပျော်ပျော်ပါးပါး Tik Tok ကစားလေ့ရှိတာ ဖြစ်ပါတယ်။

ရိုက်ကူးရေးအားလပ်ချိန်တွေမှာလည်း ခြူးလေးနဲ့ ဟိန်းရတုတို့က နှစ်ယောက်သားအတွဲညီညီနဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးဖြစ်ခဲ့ကြပါတယ်။ နာမည်ကြီးဟာသတွေကို အိုက်တင်မျိုးစုံနဲ့ ပြန်လည်သရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေက အကြိုက်တွေ့စေမှာအသေအချာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးနဲ့ ဟိန်းရတုတို့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။