အာရှအဆင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို စင်္ကာပူနိုင်ငံမှာဆွတ်ခူးရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Crd;Rowena

Unicode ဖြင့်ဖတ်ပါ
★★★★★

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက ထိုင်းလူမျိုး ဒါရိုက်တာရိုက်ကူးပြီး မြန်မာသရုပ်ဆောင်တွေ အထူးကြိုးစားခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြိုးစားချက်နဲ့အညီ ရုံတင်ရက် (၉) ရက်အတွင်းမှာတင် သိန်းပေါင်းတစ်သောင်း ရုံဝင်ငွေရရှိပြီး အောင်မြင်မှုတွေများစွာ ရရှိခဲ့ပါတယ်။ ပြည်တွင်းမှာသာ အောင်မြင်ရုံမက အာရှနိုင်ငံအသီးသီးမှာလည်း ပြသခွင့်တွေရရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards ဆုအခမ်းအနားမှာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှလည်း ဆုအသီးသီးမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှ ကလေးသရုပ်ဆောင် ပြည့်ပြည်က Regional The Best Actress In Supporting Role ဆုနဲ့ Asian The Best Actress In Supporting Role ဆုနှစ်ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

ပြည့်ပြည့်က ဆန်ကာတင်စာရင်းဝင်မှ နိုင်ငံအသီးသီးက လူကြီးသရုပ်ဆောင်များကို ကျော်လွန်ပြီး ဒီဆုတွေကို ရရှိခဲ့တာဖြစ်ပြီး ဝတ်မှုံရွှေရည်မှ ထိုဆုကို ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြည့်ပြည့်က သူမဆုယူဖို့ စတိတ်စင်ပေါ်ရောက်ရောက်ချင်းပဲ ဝမ်းသာမျက်ရည်ကျခဲ့ရပြီး သူမအရွယ်ရောက်တဲ့အခါမှာလည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိဖို့ ကြိုးစားပါဦးမယ်လို့ ကတိပေးခဲ့ပါတယ်။

Source: Wutt Hmone Shwe Yi’s fb