တယောက်ကို တယောက်ချစ်မိရင် မိနစ်တိုင်းက တန်ဖိုးရှိတယ်ဆိုတဲ့ ခင်ဝင့်ဝါ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ယောကျာ်းလေး တော်တော်များများရဲ့ အသည်းနှလုံးထဲမှာ နေရာယူထားတဲ့ မင်းသမီးလေး ခင်ဝင့်ဝါကိုတော့ တော်တော်များများလည်း ချစ်ကြသလို ရင်းရင်းနှီးနှီးလည်း ရှိကြမယ်လို့ ထင်ပါတယ်။ ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါကိုတော့ အားပေးတဲ့ ပရိသတ်တွေက အများအပြားပါပဲ ခေးလေးဆိုပြီး ချစ်စနိုးနဲ့ ချစ်စရာကောင်းလွန်းလွန်းလို့ ပရိသတ်တွေက နာမည်ပြောင်လေးပေးထားတဲ့ ခင်ဝင်ဝါ့ကတော့ သူ့အနေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး ပရိသတ်တွေနဲ့လည်း အမြဲတမ်းလိုလို ရင်းရင်းနှီးနှီး နေတတ်တဲ့ သူ တယောက်လည်း ဖြစ်ပါတယ်။
ဓာတ်ပုံလေးတွေတင်ရင်လည်း ချစ်စရာကောင်းတဲ့ စာသားလေးတွေနဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်လေ့ရှိပါတယ်။ လက်ရှိမှာလည်း ခင်ဝင့်ဝါ တယောက်ကတော့ သူ့ရဲ့ဖေ့ဘုတ် အကောင့်မှာ ဆွဲဆောင်မှု ရှိတဲ့ ပုံလေးတွေနဲ့အတူ ” တစ်ယောက်ယောက်ကိုချစ်မိရင် မိနစ်တိုင်းအချိန်တိုင်းက တန်ဖိုးရှိတယ်” ဆိုတဲ့ စာသားလေးပါ တင်ထားတာ ဖြစ်ပါတယ်။
တင်ထားတဲ့ ပုံလေးတွေထဲမှာတော့ မင်းသမီး ခင်ဝင့်ဝါ တယောက် အရမ်းကိုဆွဲဆောင်မှု ရှိနေပြီး Comment တွေမှာလည်း အမျိုးသားထုကြီးသာမက အမျိုးသမီးထုကြီးကပါ ဝန်းရံနေကြတာကို တွေ့ရပါတယ်။ ပြောချင်လွန်းလု့ိ ပရိသတ်ကြီးထဲမှာရော် ခင်ဝင့်ဝါကို အားပေးတဲ့ သူတွေပါကြလား။