အေးချမ်းလှတဲ့ကလောမြို့လေးမှာမိသားစုနဲ့အတူ လမ်းလျှောက်ထွက်နေတဲ့ မိုးအောင်ရင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေများစွာရရှိနေသူကတော့ မင်းသားချောလေး မိုးအောင်ရင်ပါ။ သူဟာ အနုပညာအလုပ်တွေနဲ့အချိန်အတော်ကြာ ဝေးကွာခဲ့သော်လည်း အခုမှာတော့ အသစ်သစ်သော ဖန်တီးမှုတွေနဲ့ ပရိသတ်တွေရဲ့ရှေ့ကို ပြန်လည်ရောက်ရှိ လာတာပါ။ ပရိသတ်တွေကလည်း သူ့ရဲ့အနုပညာတွေကို အားပေးရန် စောင့်မျှော်နေကြတာပါ။

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရန် ပြင်ဆင်နေတာပါ။ သူဟာ မိသားစုကိုချစ်ခင်သူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို မိသားစုနဲ့အတူ ခရီးထွက်လေ့ရှိတာပါ။ ခရီးသွားပုံရိပ်လေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာပါ။

အခုတစ်ခါမှာလည်း မိသားစုနဲ့အတူ ကလောမြို့ကို ရောက်ရှိနေတာပါ။ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း အေးချမ်းလှတဲ့ကလောမြို့လေးမှာမိသားစုနဲ့အတူ လမ်းလျှောက်ထွက်နေတဲ့ ပုံရိပ်လေးတွေ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Aung Yin’s And Moe Aung Yin’s Facebook

Zawgyi ဖြင့်ဖတ်ပါ
★★★★★



