ချစ်ချစ်ခင်ခင်နဲ့ လူစုံတက်စုံပွဲတက်လာပြီး တစ်ယောက်တစ်မျိုးစီလှသွေးကြွယ်နေကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောများ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အပြစ်ဆိုဖွယ်မရှိလောက်အောင် သရုပ်ဆောင်ပိုင်းမှာရော အလှအပရေးရာမှာပါ ပြီးပြည့်စုံနေတာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ယနေ့အချိန်အထိ ခန္ဓာကိုယ်လေးကအစ သွယ်လျလှပနေပြီး အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။

ဖက်ရှင်ဘုရင်မလို့တောင် တင်စားထားရတဲ့ အူဝဲက လုံခြုံမှုအပြည့်ရှိပြီး အားလုံးထဲမှာထင်ပေါ်စေနိုင်တဲ့ဖက်ရှင်မျိုးနဲ့ ပွဲတက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း အူဝဲက Bella အလှကုန်ရဲ့ (၃) နှစ်ပြည့်ပွဲလေးကို ခမ်းနားလှပစွာ ဝတ်စားဆင်ယင်ပြီး တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ အူဝဲနဲ့အတူ ဒိတ်ဒိတ်ကြဲမင်းသမီးချောတွေအားလုံး တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အနုပညာညီအစ်မတွေ စုံစုံလင်လင်နဲ့ပွဲတက်လာတဲ့ ပုံရိပ်လေးတွေကိုလည်း အူဝဲကတင်ပေးထားတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အူဝဲ၊ မိုးဟေကို၊ဖွေးဖွေးတို့အနုပညာညီအစ်မတစ်စုက စကားတပြောပြောနဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်တို့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်စုရဲ့ ပွဲတက်ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaindra Kyawzin’s FB

Photo Credit – RBV
“Myanmarload’

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Photo Credit – RBV
“Myanmarload’