ဝက်သားကြိုက်တဲ့သူဆိုရင် ကိုယ့်ကိုချစ်မှာပါဆိုတဲ့ အေသင်ချိုဆွေ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အလှမ်းဝေးခဲ့တဲ့ အနုပညာအလုပ်တွေကို ပြန်လုပ်ကိုင်နေပြီး ချစ်သမီးလေး အိုင်ဗီရဲ့ ရှေ့မှာမားမားမတ်မတ်ရပ်နေတဲ့ နိုင်ငံကျာ်အဆိုတော် အေသင်ချိုဆွေကတော့ တချို့သော မိန်းမလှတွေလို မာဆယ်တွေ မရှိတာမို့ ဝက်သားကြိုက်တဲ့သူဆိုရင် သူကိုချစ်မယ့်အကြောင်းကို “သူများတွေလို မာဆယ်တွေ (၆)ပတ်တွေတော့ရှိဘူး အဆီလေးနဲ့ အခေါက်လေးတော့ရှိတယ်ကွယ် ဝက်သားကြိုက်တဲ့သူဆိုရင် ကိုယ့်ကိုချစ်မှာ အသေအချာပဲ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Single Mother အဖြစ် ပရိသတ်တွေသိကြတဲ့ အေသင်ဟာ ယခင် အချိန်တွေကတည်းက ဂီတလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး မတူတဲ့ ခွန်အားအပြည့်နဲ့ ဂီတလောကကို ပြန်လည်လျှောက်လှမ်းလာတာကို ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ချစ်စရာကောင်းတဲ့ သမီးလေးအတွက် အရင်ကနဲ့ လုံးဝမတူတော့တဲ့ အေသင်ရဲ့ ကြိုးစားမှုတွေကို လည်း ပရိသတ်တွေမြင်တွေ့ရမှာပါ။ အခုဆိုလည်း ချစ်စရာအရမ်းကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ အရမ်းကို များနေပြီး အိုင်ဗီလေးကို သည်းသည်းလှုပ်ချစ်ကြတဲ့ ပရိသတ်တွေလည်း များစွာ ရှိနေပါပြီ။ သမီးလေးအတွက် အစအစအရာရာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကြိုးစားနေတဲ့ အေသင်ရဲ့ မိခင်စိတ်ကတော့ တကယ့်ကို ချီးကျူးဖွယ် Single Mother တစ်ယောက်ပါနော်။

CeleGabar ပရိသတ်ကြီးထဲမှာရော နိုင်ငံကျာ်အဆိုတော် အေသင်ချိုဆွေလို အဆီအခေါက်လေးတွေ ချစ်စရာမိန်းကလေးတွေရှိကြလား။အဲဒီလို အခေါက်လေးနဲ့ မိန်းကလေးကိုမှ ကြွေတဲ့ သူတွေရှိကြလား။

Source: Athen Cho Swe
DarDar-CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★



