အချစ်ရေးအဆင်မပြေမှုတွေအပြီးမှာ’တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်’လို့ ဆိုလာတဲ့ဆုအိမ့်စံ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆုအိမ့်စံကတော့ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာဖူးဖူးလေးနဲ့ စွဲမက်ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားပရိသတ်တွေကြားမှာလည်း ရေပန်းစားပါသေးတယ်။

ချစ်သူဟောင်းဖြစ်သူ သူရိယနဲ့အချစ်ရေးကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး ပရိသတ်ချစ်ခင်အားကျမှုကို ရရှိခဲ့သည်အထိ အချစ်ရေးမှာပျော်ရွှင်စရာတွေရရှိခဲ့ပေမယ့် လတ်တလောအချိန်မှာတော့ ပြတ်ဆဲကြောင်းသတင်းထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ မထင်မှတ်တဲ့သတင်းကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ဆုဆုကိုယ်တိုင်လည်း ဒီအခြေအနေကိုဖြတ်ကျော်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်လို့ဆိုရမှာပါ။အခုအချိန်မှာတော့ ကိုယ်ပိုင်အားအင်အသစ်တွေနဲ့ ထွန်းလင်းတောက်ပဖို့ကြိုးစားနေတဲ့ ဆုဆုကိုတွေ့မြင်ရမှာပါ။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့အပြင် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Dancing with the Stars” အစီအစဉ်မှာ ပရိသတ်တွေအတွက် အကောင်းဆုံးယှဉ်ပြိုင်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။

ဆုဆုကတော့ ကံဆိုးမှုတွေအပြီးမှာ စိတ်ဓာတ်ကိုအကောင်းဆုံး ပြန်လည်ပြင်ဆင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး “တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်” လို့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။ စိတ်မချမ်းသာစရာတွေဖြစ်လာပြီးနောက်ပိုင်းမှာ အမြန်ဆုံးနလန်ပြန်ထူလာနိုင်ခဲ့တဲ့ ဆုဆုရဲ့စိတ်ဓာတ်ကတော့ အတုယူစရာပါပဲ ပရိသတ်ကြီးရေ။

Source – Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဆုအိမ့္စံကေတာ့ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာသူျဖစ္ၿပီး ပရိသတ္လက္ခံအားေပးမႈကို ရရွိခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာဖူးဖူးေလးနဲ႔ စြဲမက္ဖြယ္ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတာေၾကာင့္ အမ်ိဳးသားပရိသတ္ေတြၾကားမွာလည္း ေရပန္းစားပါေသးတယ္။

ခ်စ္သူေဟာင္းျဖစ္သူ သူရိယနဲ႔အခ်စ္ေရးကို ပြင့္ပြင့္လင္းလင္းခ်ျပခဲ့ၿပီး ပရိသတ္ခ်စ္ခင္အားက်မႈကို ရရွိခဲ့သည္အထိ အခ်စ္ေရးမွာေပ်ာ္႐ႊင္စရာေတြရရွိခဲ့ေပမယ့္ လတ္တေလာအခ်ိန္မွာေတာ့ ျပတ္ဆဲေၾကာင္းသတင္းထြက္ေပၚခဲ့တာပဲျဖစ္ပါတယ္။ မထင္မွတ္တဲ့သတင္းေၾကာင့္ ပရိသတ္ေတြအံ့အားသင့္ခဲ့ရတာျဖစ္ၿပီး ဆုဆုကိုယ္တိုင္လည္း ဒီအေျခအေနကိုျဖတ္ေက်ာ္ဖို႔ အေကာင္းဆုံး ႀကိဳးစားခဲ့ရတယ္လို႔ဆိုရမွာပါ။အခုအခ်ိန္မွာေတာ့ ကိုယ္ပိုင္အားအင္အသစ္ေတြနဲ႔ ထြန္းလင္းေတာက္ပဖို႔ႀကိဳးစားေနတဲ့ ဆုဆုကိုေတြ႕ျမင္ရမွာပါ။ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေနတဲ့အျပင္ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “Dancing with the Stars” အစီအစဥ္မွာ ပရိသတ္ေတြအတြက္ အေကာင္းဆုံးယွဥ္ၿပိဳင္ေဖ်ာ္ေျဖေနတာပဲျဖစ္ပါတယ္။

ဆုဆုကေတာ့ ကံဆိုးမႈေတြအၿပီးမွာ စိတ္ဓာတ္ကိုအေကာင္းဆုံး ျပန္လည္ျပင္ဆင္ႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး “တစ္ေယာက္ထဲ ဘုရင္မပဲလုပ္ေတာ့မယ္” လို႔လည္း သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါေသးတယ္။ စိတ္မခ်မ္းသာစရာေတြျဖစ္လာၿပီးေနာက္ပိုင္းမွာ အျမန္ဆုံးနလန္ျပန္ထူလာႏိုင္ခဲ့တဲ့ ဆုဆုရဲ႕စိတ္ဓာတ္ကေတာ့ အတုယူစရာပါပဲ ပရိသတ္ႀကီးေရ။

Source – Cele Gabar