(၂၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ စိုင်းစိုင်းရဲ့ နှလုံးသားဓာတ်လိုက်ခဲ့တဲ့ နေ့လေး

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော်အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာတော့ စိုင်းစိုင်းရဲ့ အအောင်မြင်ဆုံးသီချင်းဖြစ်တဲ့ “ဝမ်းနည်းမှတ်တမ်း” ထဲမှာ သူအရမ်းချစ်ခဲ့ရတဲ့ မိန်းကလေးကို စတင်ချစ်မိခဲ့တဲ့ ရက်ကို “၁၉၉၇ ဒီဇင်ဘာလ(၁)ရက် ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ ကျွန်တော့်ချစ်သူကိုစတွေ့ခဲ့ အဲဒီနေ့ကမိုးမရွာပါ ဒီဇင်ဘာလ(၈)ရက် နှလုံးသားကိုဓာတ်လိုက်ခဲ့မင်းကိုချစ်ခဲ့” ဆိုပြီး ရေးသားသီဆိုခဲ့တာကို မှတ်မိဦးမယ်ထင်ပါတယ်။

(၁၉၉၇)ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့မှာ စိုင်းစိုင်းဟာ သူရဲ့ နှလုံးသားဓာတ်လိုက်ခဲ့တဲ့နေ့စွဲလေးကို မေ့မရသေးတဲ့အကြောင်း “ဒီဇင်ဘာ (၈) ရက် နှလုံးသားကို ဓာတ်လိုက်ခဲ့” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်မှာ ဖော်ပြထားပါတယ်။စိုင်းစိုင်တစ်ယောက် နှလုံးသား ဓာတ်လိုက်ပြီး အချစ်ကိုတွေ့ရှိခဲ့တာဆိုရင် (၂၂)နှစ်တောင်ပြည့်သွားပြီးနော်။နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း သူရဲ့ အနုပညာတွေက မပြောင်းလည်းမပြောင်းသလို မဟောင်းလည်းမဟောင်းသွားတာတော့အမှန်ပါ။လက်ရှိမှာလည်း မြန်မာ၊ထိုင်း၊မလေးရှား၊ ဂျပန်စတဲ့ နိုင်ငံတွေမှ အတတ်ပညာရှင် (၄) ဦးနဲ့အတူ ဒါရိုက်တာ သြရသ တို့က အကောင်းဆုံးပုံဖော်ရိုက်ကူးနေတဲ့ “ကောင်းကင်မရှိတဲ့ကြယ်”ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ဆယ်စုနှစ်တစ်စုကျော်သည်တိုင်အောင် အောင်မြင်မှုတွေ ထိန်းထားနိုင်တဲ့ နိုင်ငံကျော်အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နှလုံးသားကိုဓာတ်လိုက်ပြီး အချစ်ကိုတွေခဲ့တာဆိုရင် (၂၂)နှစ်တောင်ပြည့်သွားပြီနော်။

Source: Sai Sai Kham Leng
DarDar-CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★



