ရုပ်ရှင်ရိုက်ဖို့မခေါ်ကြတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ဧရာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဟာသသ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဧရာကို ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားက ငယ္စဥ္ကတည္းက Video ေတြ ႐ုပ္ရွင္ေတြမွာ ဇာတ္႐ုပ္ေပါင္းစုံနဲ႔ျမင္ဖူးၿပီး ရင္းႏွီးေနခဲ့သလို ျမန္မာကားေတြမွာ ဧရာမပါရင္တစ္ခုခုလိုေနသလိုမ်ိဳးခံစားရေလာက္ေအာင္ ဧရာက ႐ုပ္ရွင္ကားတိုင္းနီးပါးမွာ ပါဝင္ခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီးျဖစ္ပါတယ္။

႐ုပ္ရွင္႐ိုက္ဖို႔မေခၚၾကေတာ့တဲ့အေၾကာင္း ဝမ္းနည္းစြာရင္ဖြင္႔လာတဲ့ ဧရာ

အခုေတာ့ ဦးဧရာဟာ ဇရာေထာက္လာၿပီျဖစ္တဲ့အေလ်ာက္ ႐ုပ္ရွင္ဗီဒီယိုေတြ႐ိုက္ရတာက်ဲပါးလာၿပီျဖစ္ၿပီး က်န္းမာေရးကလည္း သိပ္မေကာင္းေတာ့တာေၾကာင့္ ပရိသတ္ေတြနဲ႔အနည္းငယ္အလွမ္းေဝးသလိုျဖစ္ေနခဲ့တာပါ။

ဦးဧရာက မၾကာေသးမီက အကုန္သိ မီဒီယာနဲ႔ အင္တာဗ်ဴးမွာ လက္ရွိအႏုပညာလႈပ္ရွားမႈေလးေတြကိုေျပာျပထားၿပီး ႐ုပ္ရွင္႐ိုက္ဖို႔မေခၚၾကေတာ့တဲ့အေၾကာင္း ဝမ္းနည္းစြာရင္ဖြင့္ထားပါတယ္။

႐ုပ္ရွင္႐ိုက္ဖို႔မေခၚၾကေတာ့တဲ့အေၾကာင္း ဝမ္းနည္းစြာရင္ဖြင္႔လာတဲ့ ဧရာ

ဦးဧရာက လက္ရွိအႏုပညာလႈပ္ရွားမႈေလးေတြအေၾကာင္း “ျပဇာတ္ေတြဘာေတြကတယ္။ သီခ်င္းေတြဘာေတြဆိုတယ္။ ရယ္စရာေတြေျပာေပါ့ေနာ္။အဲဒါေတြလုပ္ေနတယ္။လူေကာင္းေလာက္ေတာ့မဟုတ္ဘူးေပါ့ေနာ္။ ခါးေလးနာရင္ျပန္ထိုင္လိုက္ ၿပီးရင္ျပန္ထၿပီးေျပာလိုက္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

က်န္းမာေရးမေကာင္းေပမယ့္ အလုပ္လုပ္ေနတဲ့အေၾကာင္းလည္း “က်န္းမာေရးကိုစိုးရိမ္ေနရင္ေတာ့ ဦးဘယ္ေတာ့မွဒီအလုပ္ျပန္လုပ္ျဖစ္မွာမဟုတ္ဘူးေလ။ အဲ့ေတာ့ ျဖစ္ခါမွျဖစ္ေရာ အခြင့္အေရးရသေလာက္ေလးေတာ့ လုပ္ခ်င္တယ္”လို႔ ေျဖၾကားထားပါတယ္။

႐ုပ္ရွင္႐ိုက္ဖို႔မေခၚၾကေတာ့တဲ့အေၾကာင္း ဝမ္းနည္းစြာရင္ဖြင္႔လာတဲ့ ဧရာ

က်န္းမာေရးခ်ဴခ်ာေနတဲ့ ဦးဧရာက ဘုရားတရားေတြလုပ္ျဖစ္ေနတယ္လို႔လည္း “အခု ဦးက ေ႐ႊေသာင္ယံဘက္မွာ ကိုေက်ာ္သူတို႔နဲ႔အတူ ျဗဟၼစိုရ္ ေအာင္ေတာ္မူေစတီတည္ေနတယ္ေပါ့။ ေ႐ႊတိဂုံပုံ ညဏ္ေတာ္ဆယ့္ရွစ္ေတာင္ရွိတယ္ေပါ့။

အဲဒါတည္တဲ့အထဲမွာ နာယကအျဖစ္ပါၿပီးဝင္လုပ္ေနတယ္။အဲဒါလုပ္လို႔လည္းက်န္းမာေရးျပန္ေကာင္းလာတယ္လို႔ထင္တယ္။ဦးတို႔အသက္အ႐ြယ္က ကိုယ္ဘယ္ေလာက္ေနရမလဲဆိုတာ သက္တမ္းခ်ိန္လို႔ရပါတယ္။ကိုယ့္ဟာကိုယ္တြက္ခ်က္ၿပီးလုပ္သင့္တာလုပ္သြားရမယ္ဆိုတဲ့သေဘာပါ”လို႔ ေျပာထားပါတယ္။

ဇာတ္ကားေတြ႐ိုက္ဖို႔ကို ေအာက္က်ိဳ႕ၿပီးေျပာေနေပမယ့္လည္းမေခၚၾကတဲ့အေၾကာင္း “ဦးက လက္ခံဖို႔ေျပာတယ္ေပါ့ေနာ္။ တစ္ခါမွေအာက္မက်ိဳ႕ဖူးဘူး။အခု ေအာက္က်ိဳ႕ခံၿပီးေျပာတယ္။ ေခၚပါကြာ။ ေျပးတာလႊားတာေတာ့မရဘူးေပါ့။စကားေျပာတဲ့အခန္း လမ္းေလွ်ာက္ၿပီးသြားတဲ့အခန္းဘာညာေတာ့ ႐ိုက္လို႔ရေနပါၿပီ။ ေျပးတဲ့လႊားတဲ့အခန္း႐ိုက္ခ်င္ရင္ေတာ့ ဓားအစစ္နဲ႔လိုက္အဲဒါဆိုေၾကာက္ၿပီးေျပးရင္ေျပးမယ္ေပါ့။

ဒါေပမယ့္ေခၚတာရွားပါတယ္။မေခၚၾကပါဘူး။ ႐ိုက္တာလည္းနည္းပးါတယ္။ ႐ိုက္တဲ့အားလည္းမရွိၾကလို႔ပါ။အခုေတာ့ ဦးကိုယ္တိုင္ေရးထားတဲ့ တေစၦေ႐ြးေကာက္ပြဲဆိုတာေလးကို ဆရာသီကိုအပ္ထားတယ္။

ဇာတ္လမ္းတြဲေပါ့။ episode 20 အထိေရးထားၿပီးသား။ ဒါေလးကို႐ိုက္ခ်င္တယ္။ ပရိသတ္ေတြလည္းအဲဒါေလး ႐ိုက္ခြင့္ရေအာင္ဆုေတာင္းေပးၾကပါ”လို႔ ရင္ဖြင့္ေျပာျပထားပါတယ္။

Credit-original

Unicode ဖြင့်ဖတ်ပါ
★★★★★

ဟာသသရုပ်ဆောင် လူရွှင်တော် ဧရာကို ပရိသတ်တွေတော်တော်များများက ငယ်စဉ်ကတည်းက Video တွေ ရုပ်ရှင်တွေမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့မြင်ဖူးပြီး ရင်းနှီးနေခဲ့သလို မြန်မာကားတွေမှာ ဧရာမပါရင်တစ်ခုခုလိုနေသလိုမျိုးခံစားရလောက်အောင် ဧရာက ရုပ်ရှင်ကားတိုင်းနီးပါးမှာ ပါဝင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပါတယ်။

အခုတော့ ဦးဧရာဟာ ဇရာထောက်လာပြီဖြစ်တဲ့အလျောက် ရုပ်ရှင်ဗီဒီယိုတွေရိုက်ရတာကျဲပါးလာပြီဖြစ်ပြီး ကျန်းမာရေးကလည်း သိပ်မကောင်းတော့တာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးသလိုဖြစ်နေခဲ့တာပါ။

ဦးဧရာက မကြာသေးမီက အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကိုပြောပြထားပြီး ရုပ်ရှင်ရိုက်ဖို့မခေါ်ကြတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်ထားပါတယ်။

ဦးဧရာက လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေအကြောင်း “ပြဇာတ်တွေဘာတွေကတယ်။ သီချင်းတွေဘာတွေဆိုတယ်။ ရယ်စရာတွေပြောပေါ့နော်။အဲဒါတွေလုပ်နေတယ်။လူကောင်းလောက်တော့မဟုတ်ဘူးပေါ့နော်။ ခါးလေးနာရင်ပြန်ထိုင်လိုက် ပြီးရင်ပြန်ထပြီးပြောလိုက်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ကျန်းမာရေးမကောင်းပေမယ့် အလုပ်လုပ်နေတဲ့အကြောင်းလည်း “ကျန်းမာရေးကိုစိုးရိမ်နေရင်တော့ ဦးဘယ်တော့မှဒီအလုပ်ပြန်လုပ်ဖြစ်မှာမဟုတ်ဘူးလေ။ အဲ့တော့ ဖြစ်ခါမှဖြစ်ရော အခွင့်အရေးရသလောက်လေးတော့ လုပ်ချင်တယ်”လို့ ဖြေကြားထားပါတယ်။

ကျန်းမာရေးချူချာနေတဲ့ ဦးဧရာက ဘုရားတရားတွေလုပ်ဖြစ်နေတယ်လို့လည်း “အခု ဦးက ရွှေသောင်ယံဘက်မှာ ကိုကျော်သူတို့နဲ့အတူ ဗြဟ္မစိုရ် အောင်တော်မူစေတီတည်နေတယ်ပေါ့။ ရွှေတိဂုံပုံ ညဏ်တော်ဆယ့်ရှစ်တောင်ရှိတယ်ပေါ့။

အဲဒါတည်တဲ့အထဲမှာ နာယကအဖြစ်ပါပြီးဝင်လုပ်နေတယ်။အဲဒါလုပ်လို့လည်းကျန်းမာရေးပြန်ကောင်းလာတယ်လို့ထင်တယ်။ဦးတို့အသက်အရွယ်က ကိုယ်ဘယ်လောက်နေရမလဲဆိုတာ သက်တမ်းချိန်လို့ရပါတယ်။ကိုယ့်ဟာကိုယ်တွက်ချက်ပြီးလုပ်သင့်တာလုပ်သွားရမယ်ဆိုတဲ့သဘောပါ”လို့ ပြောထားပါတယ်။

ဇာတ်ကားတွေရိုက်ဖို့ကို အောက်ကျို့ပြီးပြောနေပေမယ့်လည်းမခေါ်ကြတဲ့အကြောင်း “ဦးက လက်ခံဖို့ပြောတယ်ပေါ့နော်။ တစ်ခါမှအောက်မကျို့ဖူးဘူး။အခု အောက်ကျို့ခံပြီးပြောတယ်။ ခေါ်ပါကွာ။ ပြေးတာလွှားတာတော့မရဘူးပေါ့။စကားပြောတဲ့အခန်း လမ်းလျှောက်ပြီးသွားတဲ့အခန်းဘာညာတော့ ရိုက်လို့ရနေပါပြီ။ ပြေးတဲ့လွှားတဲ့အခန်းရိုက်ချင်ရင်တော့ ဓားအစစ်နဲ့လိုက်အဲဒါဆိုကြောက်ပြီးပြေးရင်ပြေးမယ်ပေါ့။

ဒါပေမယ့်ခေါ်တာရှားပါတယ်။မခေါ်ကြပါဘူး။ ရိုက်တာလည်းနည်းပးါတယ်။ ရိုက်တဲ့အားလည်းမရှိကြလို့ပါ။အခုတော့ ဦးကိုယ်တိုင်ရေးထားတဲ့ တစ္ဆေရွေးကောက်ပွဲဆိုတာလေးကို ဆရာသီကိုအပ်ထားတယ်။

ဇာတ်လမ်းတွဲပေါ့။ episode 20 အထိရေးထားပြီးသား။ ဒါလေးကိုရိုက်ချင်တယ်။ ပရိသတ်တွေလည်းအဲဒါလေး ရိုက်ခွင့်ရအောင်ဆုတောင်းပေးကြပါ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

Credit-original