ဆောင်းတွင်းဆို အေးစိမ့်နေတဲ့ ဒီလိုခြံကြီးကို ဝယ်နိုင်ဖို့ ဇနီးမောင်နှံ ၂ ဦး ကြိုးစားခဲ့ရပုံတွေ ပြောပြလာတဲ့ ဆုပန်ထွာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







We Love Cele

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ဆုပန်ထွာဟာ သားလေး Roar Roar ကိုမွေးဖွားပြီးနောက် ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အိမ်ထောင်ပြုပြီး အိမ်ရှင်မကောင်းတစ်ဦးအဖြစ် ရှိနေပေမယ့် သူမရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်သော အနုပညာအလုပ်တွေကိုတော့ အလှမ်းမကွာအောင် အဆက်မပြတ်လုပ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေပါသေးတယ်။

ဆုပန်ထွာဟာ ဘာသာတရားကို ကိုင်းရှိုင်းရိုသေသူတစ်ဦးဖြစ်ပြီး သိပ်မကြာသေးခင်အချိန်ကမှ အမေရိကားမှာ ၂ လကြာသွားရောက်နေထိုင်ပြီးပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာနေထိုင်ခွင့် Green Card ကိုလည်း ဗောဓိညောင် (၁၀) ပင်အဓိဌာန်ဝင်တာကြောင့် ရရှိခဲ့တယ်လို့ သူမက ဆိုပါသေးတယ်။

ဆုပန်ထွာတစ်ယောက်ကတော့ ယခုလို ဆောင်းရာသီဝင်လာလို့ အအေးပိုလာတဲ့အချိန်မှာ အေးစိမ့်နေတဲ့ သူမရဲ့ ခြံအကြောင်းကိုပြောပြလာပါတယ်။ ဒီလိုခြံကြီးတစ်ခြံကိုပိုင်ဆိုင်ရရှိဖို့ သူမတို့ ဇနီးမောင်နှံ (၂) ဦး ဘယ်လိုရုန်းကန်ကြိုးစားခဲ့လဲဆိုတာကိုပြောပြလာခဲ့တာဖြစ်ပါတယ်။

Dinner with family at home. Cold winter nights!ဆောင်းတွင်းခြံထဲမှာအေးစိမ့်နေတာပဲ။စိတ်ချမ်းသာလိုက်တာရင်ထဲထိရှင်းပြီးအေးနေတာခံစားမိပါရဲ့။ဒီခြံကြီးဝယ်နိုင်ဖို့ လင်မယားနှစ်ယောက် သူလည်းအလုပ်‌တွေတအားကြိုးစား၊ ကိုယ်လည်းအလုပ်မှန်သမျှမနားမနေကြိုးစားလုပ်ရင်း ပိုက်ဆံတွေကုတ်ကပ်ဆု၊ ကြိုးစားဝယ်ခဲ့ရတာလေး သတိရတယ်။ဘဝဆိုတာလွယ်လွယ်ကျော်ဖြတ်ခွင့်ရတာမှ မဟုတ်ပဲ။နှစ်ယောက်သားကိုယ့်ခြေထောက်ပေါ်ကိုယ်ကြိုးစားရပ်တည်ကြရင်း၊ရင်ဆိုင်ခဲ့ကြရတာမို့ ….ဘဝမှာနေထိုင်ခွင့်ကျတော့ကိုယ့်စိတ်ထဲ ပိုအရသာရှိလှပါတယ်။

ဆုပန်ထွာဟာ မကြာသေးခင်လပိုင်းတွေကပဲ ပြင်ဦးလွင်မှာရှိတဲ့ ခြံတစ်ခြံကိုလည်း သွားရောက်ဝယ်ယူခဲ့ပါသေးတယ်။ သူမတို့လို ပျော်ရွှင်ပြီးအောင်မြင်တဲ့မိသားစုကို ပရိသတ်ကြီးကလည်း အားကျမယ်လို့ ထင်ပါတယ်နော်။ ဘဝဆိုတာ လွယ်လွယ်ကျော်ဖြတ်လို့မရဘူးဆိုတာကိုလည်း ပန်ပန်က ပြောပြထားတာကြောင့် မိသားစုအားလုံး ပန်ပန်တို့မိသားစုတွေလို ကြိုးစားကြရအောင်နော်။

We Love Cele