ဇင်သူဌေးက သူမနဲ့ပြန်အဆင်ပြေဖို့ကြိုးစားနေတုန်းပဲလို့ဆိုလာတဲ့ မြတ်သူသူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူတို့စုံတွဲ လမ်းခွဲလိုက်ပြီ ဆိုတဲ့သတင်းကို ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါနော် ။ ချစ်သူသက်တမ်း (၆) နှစ်အတွင်းမှာ အဆင်မပြေမှုတွေကြောင့် လမ်းခွဲလိုက်ကြပြီလို့ မြတ်သူက ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ် ။ မြတ်သူအပေါ်မှာ ချစ်သူဖြစ်တဲ့ ဇင်သူဌေးက ချစ်ပေးခဲ့တာတွေရော ကောင်းပေးခဲ့တာတွေရော အများကြီးရှိပေမယ့် မြတ်သူတို့ကြားမှာ မတူညီသေးတဲ့အချက်လေးတွေ ရှိနေသေးလို့ လမ်းခွဲလိုက်ရတာပါလို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

သာမန်သမီးရည်းစားတွေလိုပဲ အများကြီးညှိနှိုင်းခဲ့ကြ ပေမယ့် (၆)နှစ်ပြည့်ဖို့ (၃) ၊ (၄) ရက်အလိုမှာ လမ်းခွဲဖြစ်ခဲ့ကြတယ်လို့လည်းသိရပါတယ် ။ ကံကိုကြိုမပြောနိုင်သေးတဲ့အတွက် ဘာတွေဆက်ဖြစ်လာမှန်းမသိသေးပေမယ့် ဇင်သူဌေးက သူမကို မမုန်းသလို ၊ သူမကလည်း ဇင်သူဌေးကို မမုန်းပါဘူးလို့ပရိသတ်တွေကိုပြောပြခဲ့တာဖြစ်ပါတယ် ။ လမ်းခွဲလိုက်ကြတယ်ဆိုပေမယ့် အဆက်သွယ်လုံးဝမရှိတာမျိုးမဟုတ်ဘဲ တွဲလာတာကြာပြီဖြစ်တဲ့အတွက် မြတ်သူတို့ကြားမှာ ပြောစရာဆိုစရာကိစ္စတွေနဲ့ အလုပ်ကိစ္စတွေ ရှိနေသေးသလို မြတ်သူကိုမပြတ်နိုင်သေးတဲ့အတွက် ဇင်သူဌေးဘက်က ပြန်လည်ကြိုးပမ်းနေမှုတွေလည်း ရှိတယ်လို့ မြတ်သူက ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါတယ် ။

ခုလို ပြန်လည်ကြိုးပမ်းနေပေမယ့် လက်ခံခြင်း လက်မခံခြင်းဆိုတာကတော့ သူမရဲ့စိတ်အပေါ်ပဲမူတည်တယ်လို့ မြတ်သူက ပြောပြလာခဲ့ပါတယ် ။ပရိသတ်ကြီးကရော မြတ်သူတို့ စုံတွဲကို ပြန်အဆင်ပြေစေချင်ရဲ့လား မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Exclusive on Cele Connections
Crd;Molly ( Cele Connections )