ပြိုင်ပွဲတွေနဲ့ အဆိုတော်တွေလည်းများလာလို့ ပရိသတ်တွေက ဘာကိုနားထောင်ရမှန်းမသိဘူးလို့ ပြောလာတဲ့ ဟေမာနေဝင်း

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင် ဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ဂီတအနုပညာရှင်ကတော့ အဆိုတော်ဟေမာနေဝင်းပါပဲ..။ဆယ်စုနှစ်တွေကတည်းက တေးသီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် အခိုင်အမာ ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

အဆိုတော်ဟေမာနေဝင်းကတော့ လက်ရှိမှာ အဆိုပြိုင်ပွဲတွေများလာပြီး အဆိုတော်အသစ်တွေများစွာ ထွက်ရှိလာတဲ့ အပေါ်မှာလည်း သူမရဲ့ အမြင်လေးတွေပြောပြထားပါတယ်နော်..။အရင်တုန်းက ပြိုင်ပွဲတွေ မရှိတော့ လမ်းကြောင်းတွေ သိပ်မပွင့်လို့ အဆိုောတ်တွေထွက်တာနည်းပြီး ဒီခေတ်မှာတော့ ပြိုင်ပွဲတွေများကာ တော်တဲ့အနုပညာရှင်တွေကို ထုတ်သလိုဖြစ်တာမို့ အဆိုတော်တွေက အရမ်းများလာတယ်ဆိုပြီး ပြောပြထားတာပါ..။

ပြိုင်ပွဲတွေကနေ ထွက်လာကြတဲ့ အဆိုတော်အသစ်တွေတွေများလာပေမယ့်လည်း အားလုံးက တော်ကြပြီး ပြိုင်ပွဲတွေနဲ့ အဆိုတော်တွေ အရမ်းများလာတဲ့အခါ ပရိသတ်တွေကလည်း ဘာကိုနားထောင်ရမှန်းမသိသလို ဖြစ်ကြတဲ့ အကြောင်းလေးကို ဟေမာက ပြောပြထားတာ ဖြစ်ပါတယ်..။ဒီခေတ်မှာ မျိုးဆက်သစ်အဆိုတော်တွေအနေနဲ့ သီချင်းဆိုတတ်ရုံနဲ့ မပြီးသေးဘဲ အနောက်ကနေ ပံ့ပိုးမှုတွေလိုအပ်ပြီး ကိုယ်တိုင်လည်း ကြိုးစားပြီး ဇွဲရှိဖို့လိုတဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

credit-myanmarload

Zawgyi ဖြင့်ဖတ်ပါ
★★★★★


