‘မြွေ ဆိပ် နိုင်တဲ့ အဆိပ်ပြေပင်’

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အခ်ိဳ႔ကဒႏၱသုခဟုဆိုသလို၊ေတာဓါးျပဟုလည္း ေခၚၾကပါသည္။ထိုအဆိပ္ေျပပင္ကိုအမည္နာမ တိတိက်က်ကြ်န္ေတာ္မသိပါ။

ေသခ်ာသည္က အဆိပ္အလြန္နိုင္ျခင္းပင္ျဖစ္သည္။ကရင္ျပည္နယ္စစ္ဆင္ေရးတာ၀န္ထမ္းေဆာင္ခ်ိန္ ရဲေဘာ္တစ္ဦး၀ါးခုတ္ရင္း ေျမြေပြးကိုက္ခံရေလ သည္။

ေဆးတပ္သားရွိေသာ္လည္း ေျမြဆိပ္ေျဖေဆး မရွိပါ။မ်က္စိထဲ မိုးၾကိဳးပစ္သလိုျဖစ္ျပီး မိုက္ခနဲျဖစ္သြား သည္ဟုဆိုပါသည္။

ထိုအေျခအေနတြင္ သက္ဆိုင္ရာ အထက္ဌာနကို တင္ျပေသာ္လည္း ရုတ္တစ္ရပ္ ခ်က္ခ်င္း ေျမြဆိပ္ေျဖေဆးရရွိေရးက(၁)ရက္ ခရီးျဖစ္၍ အားကိုးစရာေဆးျမီး တိုသာရွိေလသည္။

အသိၾကီးသူ တပ္ၾကပ္ၾကီး က ̏ ဗို္လ္ၾကီး
အဆိပ္ေျဖပင္ရွိတယ္ ˝။ ကြ်န္ေတာ္ေျပာသလို သာလုပ္ၾကည့္ပါဘာမွမျဖစ္ေစရပါဘူးဆိုေလသည္။

ေဆးနည္းမွာ

ေျမြဆိပ္နာအားဘရိတ္ဓါးျဖင့္ခဲြ၍ေသြးကိုညွစ္ထုတ္ ျပီး ဆားလက္ဖက္ ရည္ပန္းကန္တစ္၀က္ ေရႏွင့္ေဖ်ာ္ကာ တိုက္ခ်လိုက္ေလသည္။

ထိုေနာက္ အဆိပ္ေျဖပင္ အရြက္မ်ားကို အရည္ညွစ္ယူျပီး လက္ဖက္ရည္ပန္း ကန္လံုးတစ္လံုးမွ်ထပ္မံျပီး ရေအာင္တိုက္ ေပးလို္က္ျခင္းျဖစ္ ေလသည္။

ထိုျပင္ အဆိပ္ေျပပင္အရြက္မ်ားကို ထုေထာင္း၍ေျမြကိုက္ ဒဏ္ရာတြင္အံုစည္းေပးေလ သည္။

ဆရာၾကီးလုပ္ကိုင္ေပးေနသည္ကို ၾကည့္ျပီး အမွန္၀န္ခံရပါလွ်င္ မယံုၾကည္ခဲ႔ပါ။ စိတ္တြင္ ထင္မိပါသည္ ရဲေဘာ္ေတာ့ေသမည္ထင္တယ္ အေတြးျဖင့္ စိတ္မေအးခဲ႔ပါ။

ထိုအေျခအေနတြင္တပ္ခဲြတစ္ခဲြလံုး စစ္သည္ေသ ေတာ့မည္အသိျဖင့္ စိတ္မေကာင္းျဖစ္ေနသည္မွာ အမွန္ပင္ျဖစ္ေလသည္။

အံ႔ဖြယ္ေကာင္းပါသည္ ထိုရဲေဘာ္မွာေျမြကိုက္ဒဏ္ရာေရာင္ရမ္းျခင္းမွအပ သတိလစ္ျခင္းမရွိ ပကတိသာရွိေနေလသည္။

ထိုေနာက္ စစ္ေၾကာင္းမွပို႔လိုက္ေသာ ေျမြဆိပ္ေျဖ ေဆး ေရာက္ရွိလာကာ ထိုစစ္သည္မွ ယေန႔ထိတိုင္း တိုင္းျပည္တာ၀န္ကို ထမ္းေဆာင္ ေနဆဲရွိပါသည္။

ေျမြဆိပ္ေျဖေဆးေရာက္ရွိလာခ်ိန္မွာ ပိုးထိခ်ိန္ႏွင့္ တစ္ရက္ေက်ာ္ျပီးမွေရာက္ရွိလာျခင္းျဖစ္ေလသည္။

ထိုအခ်ိန္မွစ၍ အဆိပ္ေျပပင္ကိုေရာက္ေလရာတြင္ ပန္းအိုးေလးျဖင့္ စုိက္ပ်ိဳးခဲ႔ျပီး အဆိပ္ရွိတိရစာၦန္ တို႔ကိုက္ခဲျခင္းၾကံဳပါက ယံုယံုၾကည္ၾကည္ အရြက္ ခူးယူ ကာ အရြက္အရည္ညွစ္ျပီး သတၱဳရည္တိုက္ ေပးျခင္း၊ဒဏ္ရာတြင္ပြတ္တိုက္ အံုစည္းေပးျခင္းျပဳ လုပ္ေပးျဖင့္ သက္သာေပ်ာက္ျခင္းျခင္း သာၾကံဳရပါ သည္။

ထို အဆိပ္ေျပေဆး ပင္ႏွင့္ပတ္သက္ျပီး ဇမၺဴဒိပ္ဂ်ာနယ္ႏွင့္ ေနလဂ်ာနယ္မ်ားတြင္ ေရး သားခဲ႔ျပီးျဖစ္ပါသည္။

ထိုေၾကာင့္ ေဆးရံု၊ေဆးခန္းမ်ားႏွင့္ေ၀းကြာျပီးရုတ္တစ္ရပ္ အဆိပ္ရွိတိရစာၦန္မ်ားကိုက္ထိုးျခင္းခံရပါက ထိုအဆိပ္ေျပပင္မွာ အလြန္အားကိုးရပါေၾကာင္း တင္ျပလိုပါသည္။

အပင္အရြက္အားခူးျပီးအရိပ္တြင္ခ်ပါကအျခား အရြက္မ်ားႏွင့္မတူေျခာက္ေသြ႔မွဳျမန္ျခင္း။
ခရမ္းေရာင္ အပြင့္ေသးေလးမ်ား ပြင့္ျပီး ညအခ်ိန္တြင္အပြင့္ေလးမ်ားေၾကြက်တတ္ပါသည္။

လိုသူတို႔ စိုက္ပ်ိဳးထားျခင္းျဖင့္ အဆိပ္ရွိတိရစာၦန္တို႔ ရုတ္တစ္ရပ္ကိုက္ထိုးျခင္းၾကံဳပါလွ်င္ အေရးေပၚ အသံုးျပဳနိုင္ပါေၾကာင္း တင္ျပလိုက္ပါသည္။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicode ဖြင့်ဖတ်ပါ
★★★★★

မြွေဆိပ်ကိုပင်နိုင်တဲ့ အဆိပ်ပြေပင်

အချို့ကဒန္တသုခဟုဆိုသလို၊တောဓါးပြဟုလည်း ခေါ်ကြပါသည်။ထိုအဆိပ်ပြေပင်ကိုအမည်နာမ တိတိကျကျကျွန်တော်မသိပါ။

သေချာသည်က အဆိပ်အလွန်နိုင်ခြင်းပင်ဖြစ်သည်။ကရင်ပြည်နယ်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန် ရဲဘော်တစ်ဦးဝါးခုတ်ရင်း မြွေပွေးကိုက်ခံရလေ သည်။

ဆေးတပ်သားရှိသော်လည်း မြွေဆိပ်ဖြေဆေး မရှိပါ။မျက်စိထဲ မိုးကြိုးပစ်သလိုဖြစ်ပြီး မိုက်ခနဲဖြစ်သွား သည်ဟုဆိုပါသည်။

ထိုအခြေအနေတွင် သက်ဆိုင်ရာ အထက်ဌာနကို တင်ပြသော်လည်း ရုတ်တစ်ရပ် ချက်ချင်း မြွေဆိပ်ဖြေဆေးရရှိရေးက(၁)ရက် ခရီးဖြစ်၍ အားကိုးစရာဆေးမြီး တိုသာရှိလေသည်။

အသိကြီးသူ တပ်ကြပ်ကြီး က ̏ ဗိုလ်ကြီး
အဆိပ်ဖြေပင်ရှိတယ် ˝။ ကျွန်တော်ပြောသလို သာလုပ်ကြည့်ပါဘာမှမဖြစ်စေရပါဘူးဆိုလေသည်။

ဆေးနည်းမှာ

မြွေဆိပ်နာအားဘရိတ်ဓါးဖြင့်ခွဲ၍သွေးကိုညှစ်ထုတ် ပြီး ဆားလက်ဖက် ရည်ပန်းကန်တစ်ဝက် ရေနှင့်ဖျော်ကာ တိုက်ချလိုက်လေသည်။

ထိုနောက် အဆိပ်ဖြေပင် အရွက်များကို အရည်ညှစ်ယူပြီး လက်ဖက်ရည်ပန်း ကန်လုံးတစ်လုံးမျှထပ်မံပြီး ရအောင်တိုက် ပေးလိုက်ခြင်းဖြစ် လေသည်။

ထိုပြင် အဆိပ်ပြေပင်အရွက်များကို ထုထောင်း၍မြွေကိုက် ဒဏ်ရာတွင်အုံစည်းပေးလေ သည်။

ဆရာကြီးလုပ်ကိုင်ပေးနေသည်ကို ကြည့်ပြီး အမှန်ဝန်ခံရပါလျှင် မယုံကြည်ခဲ့ပါ။ စိတ်တွင် ထင်မိပါသည် ရဲဘော်တော့သေမည်ထင်တယ် အတွေးဖြင့် စိတ်မအေးခဲ့ပါ။

ထိုအခြေအနေတွင်တပ်ခွဲတစ်ခွဲလုံး စစ်သည်သေ တော့မည်အသိဖြင့် စိတ်မကောင်းဖြစ်နေသည်မှာ အမှန်ပင်ဖြစ်လေသည်။

အံ့ဖွယ်ကောင်းပါသည် ထိုရဲဘော်မှာမြွေကိုက်ဒဏ်ရာရောင်ရမ်းခြင်းမှအပ သတိလစ်ခြင်းမရှိ ပကတိသာရှိနေလေသည်။

ထိုနောက် စစ်ကြောင်းမှပို့လိုက်သော မြွေဆိပ်ဖြေ ဆေး ရောက်ရှိလာကာ ထိုစစ်သည်မှ ယနေ့ထိတိုင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင် နေဆဲရှိပါသည်။

မြွေဆိပ်ဖြေဆေးရောက်ရှိလာချိန်မှာ ပိုးထိချိန်နှင့် တစ်ရက်ကျော်ပြီးမှရောက်ရှိလာခြင်းဖြစ်လေသည်။

ထိုအချိန်မှစ၍ အဆိပ်ပြေပင်ကိုရောက်လေရာတွင် ပန်းအိုးလေးဖြင့် စိုက်ပျိုးခဲ့ပြီး အဆိပ်ရှိတိရစ္ဆာန် တို့ကိုက်ခဲခြင်းကြုံပါက ယုံယုံကြည်ကြည် အရွက် ခူးယူ ကာ အရွက်အရည်ညှစ်ပြီး သတ္တုရည်တိုက် ပေးခြင်း၊ဒဏ်ရာတွင်ပွတ်တိုက် အုံစည်းပေးခြင်းပြု လုပ်ပေးဖြင့် သက်သာပျောက်ခြင်းခြင်း သာကြုံရပါ သည်။

ထို အဆိပ်ပြေဆေး ပင်နှင့်ပတ်သက်ပြီး ဇမ္ဗူဒိပ်ဂျာနယ်နှင့် နေလဂျာနယ်များတွင် ရေး သားခဲ့ပြီးဖြစ်ပါသည်။

ထိုကြောင့် ဆေးရုံ၊ဆေးခန်းများနှင့်ဝေးကွာပြီးရုတ်တစ်ရပ် အဆိပ်ရှိတိရစ္ဆာန်များကိုက်ထိုးခြင်းခံရပါက ထိုအဆိပ်ပြေပင်မှာ အလွန်အားကိုးရပါကြောင်း တင်ပြလိုပါသည်။

အပင်အရွက်အားခူးပြီးအရိပ်တွင်ချပါကအခြား အရွက်များနှင့်မတူခြောက်သွေ့မှုမြန်ခြင်း။
ခရမ်းရောင် အပွင့်သေးလေးများ ပွင့်ပြီး ညအချိန်တွင်အပွင့်လေးများကြွေကျတတ်ပါသည်။

လိုသူတို့ စိုက်ပျိုးထားခြင်းဖြင့် အဆိပ်ရှိတိရစ္ဆာန်တို့ ရုတ်တစ်ရပ်ကိုက်ထိုးခြင်းကြုံပါလျှင် အရေးပေါ် အသုံးပြုနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။

ရဲမျိုးသူ(ဗောဓိမြိုင်)