မိဘမဲ့ကလေးတွေအတွက် အလှူသွားလုပ်ရင်း ဝမ်းနည်းခဲ့ရတယ်ဆိုတဲ့ မြတ်ကေသီအောင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အသက်အရွယ်ထက်ကို အများကြီး နုပျိုလွန်းလို့ ပရိသတ်တွေ အချစ်ပိုနေရတဲ့ မင်းသမီးကြီး မြတ်ကေသီအောင်ကတော့ အနုပညာအလုပ်တွေလုပ်ရင်း ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို အလှူအတန်းတွေလည်း လုပ်လေ့ရှိတဲ့ မြတ်ကေသီအောင်ကတော့ လတ်တလောမှာ မိဘမဲ့ကလေးတွေအတွက် အလှူသွားလုပ်ရင်း ဝမ်းနည်းခဲ့ရတယ်ဆိုတဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်အလှူလုပ်ခဲ့ရလို့ မြတ်ကေသီအောင်တစ်ယောက် ပီတိတွေလည်း ဖြာခဲ့ရတယ်လို့ ဆိုထားပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် ပရဟိတ မိဘမဲ့ကလေးကျောင်းမှာ အလှူငွေ သွားရောက်လှူဒါန်းခဲ့တဲ့ မင်းသမီးကြီး မြတ်ကေသီအောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။မြတ်ကေသီအောင်ကတော့ “ဟိုး အရင်ထဲကအဲ့နေရာလေးမှာလှူချင်တာ စိတ်ထဲရှိပြီး အကောင်အထည်မဖော်နိင်ခဲ့ဘူး ခုတော့ ခရီးသွားရင်း မရည်ရွယ်ပဲနဲ့ ခလေးတွေအတွက် အမေကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့ရက်မှာ တိုက်တိုက်ဆိုင်ဆိုင်လှူလိုက်ရတာ ပီတိဖြစ်မိတယ်.ကေကိုချစ်တဲ့စိတ်နဲ့ အလှူငွေဝိုင်းထည့်ကြပေမဲ့ သူတို့နံမည်မတပ်ပဲ အမေ့နံမည်လေးပဲတပ်ပြီး ကုသိုလ်ယူကြတဲ့သူတွေအားလုံး နဲ့ တကွ လှူဖြစ်အောင်စုံစမ်းပေးတဲ့ အမ သန်ဒါ အလှူ လှူဖြစ်အောက် ဉီးဆောင်ပေးတဲ့ အကိုကြီးကိုသန့်ကိုလည်း အထူးကျေးဇူးတင်ပါတယ်.ခလေးလေးတွေ ကြည့်ရင်းဝမ်းနည်းလာသလို ခုလို အနေအထားမျိုးနဲ့မြင်ရတာဟာ အတိတ်ဘဝကဝဠ်ကြွေးတွေကြောင့်ဆိုရင် ဒီဘဝ ဒီမျှနဲ့ပဲ ကြေပါစေတော့ ခလေးတို့ရယ်.” ဆိုပြီး မိဘမဲ့ ဖြစ်နေကြတဲ့ ကလေးတွေကိုလည်း ဝဋ်ကြွေးရှိရင် ကြေပါစေလို့ ဆုတောင်းပေးထားတာပါနော်။

မင်းသမီးကြီး မြတ်ကေသီအောင်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ အလှအပနဲ့ ကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်ဖြစ်နေတာ တွေ့ရပါတယ်။ မိဘကျေးဇူးကို သိတတ်လွန်းတဲ့ မြတ်ကေသီအောင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးကို ရည်စူးပြီးတော့လည်း အလှူတွေ အမြဲလုပ်လေ့ရှိပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်ထားကောင်းလွန်းတဲ့ မြတ်ကေသီအောင်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

CRD-Momolay

Zawgyi ဖြင့်ဖတ်ပါ
★★★★★


