လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အမေရိကန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ သူမဟာ လိင်တူချစ်သူတဦး ဖြစ်တဲ့အကြောင်းကို ဝန်ခံခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Miss Universe စင်မြင့်ရဲ့ သက်တမ်းတလျှောက်မှာ ပထမဆုံး လိင်တူချစ်သူဆိုတာကို ဝန်ခံခဲ့တဲ့ အလှမယ်တယောက် ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနတခုမှာ ဆွေဇင်ထက်က အခုလို ဖြေကြားခဲ့ပါတယ်။

“ကျမဟာ Lesbian (အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သူ) တယောက်ဆိုတာ ထုတ်ပြောလိုက်ရင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ ဒါဟာ LGBTQ အသိုင်းအဝိုင်းကို အများကြီးအကျိုးသက်ရောက်မှုဖြစ်စေလိမ့်မယ်။ မြန်မာနိုင်ငံမှာက LGBTQ တွေကို လက်ခံမပေးကြဘူး။ အထင်အမြင်သေးပြီး ခွဲခြားဆက်ဆံတယ်”လို့ အလှမယ် ဆွေဇင်ထက်က ပြောခဲ့ပါတယ်။

သူမရဲ့ Fan များက “Superman” လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဆွေဇင်ထက်ကတော့ သူမဟာ Anti-LGBTQ သဘောထားများကို ပြောင်းလဲနိုင်ဖို့အတွက် မျှော်လင့်ကြောင်း ၊ သူမကိုယ်သူမ လိင်တူစိတ်ဝင်စားသူ တယောက်ဆိုတာကိုလည်း အသက် ၁၅နှစ် ၊ ၁၆ နှစ်လောက်မှာစကာ သိခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမကိုယ်သူမ Lesbian ဆိုတာကို လက်ခံလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က မိဘများကို ဒီအကြောင်းကို ဖွင့်ပြောတဲ့အခါမှာတော့ မိဘများက လက်ခံမပေးခဲ့ဘဲ နောက်ပိုင်းမှာတော့ LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) အသိုင်းအဝိုင်းအကြောင်း ပိုသိလာချိန်မှာတော့ လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီးတော့လည်း ဆွေဇင်ထက်က သူမရဲ့ချစ်သူမှာ အဆိုတော် ဂေဂေး ဖြစ်ကြောင်းကိုလည်း ဖွင့်ဟပြောဆိုခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ ၃ နှစ်ခန့်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေဇင်ထက်ကတော့ အခုလို ဖွင့်ဟ ပြောဆိုခဲ့မှုကြောင့် LGBT အသိုင်းအဝိုင်းမှ အားပေးထောက်ခံမှုကိုရရှိခဲ့ပါတယ်။

ဆွေဇင်ထက်အနေနဲ့လည်း ပြိုင်ပွဲတလျှောက်မှာ အကောင်းဆုံးပြုလုပ်နိုင်ခဲ့ပြီး အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်မှုမှာတော့ “လယ်သူမလေး ကောက်ရိတ်ချိန်”ဆိုတဲ့ ဝတ်စုံနဲ့ယှဉ်ပြိုင်ခဲ့တဲ့အပေါ်မှာ သဘောကျနှစ်ခြိုက်ခဲ့သော်လည်း ဆုနဲ့ လွဲချော်ခဲ့ပါတယ်။

Miss Universe 2019 ဆုကိုတော့ တောင်အာဖရိက လူမည်း အလှမယ်မှ ရရှိခဲ့ပြီး အမျိုးသားဝတ်စုံဆုကိုတော့ မလေးရှားနိုင်ငံမှ အသီးသီးရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ Miss Universe ပြိုင်ပွဲကြီးမှာ အမြင့်ဆုံးဆုအနေနဲ့ ၂၀၁၆ ခုနှစ်က အလှမယ်ထက်ထက်ထွန်းရဲ့ ရုပ်သေးဝတ်စုံဖြင့် ရရှိခဲ့ပါတယ်။

Miss Universe Myanmar ပြိုင်ပွဲကြီးကိုတော့ ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် မိုးစက်ဝိုင်၊ ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ နှင်းသွေးယုအောင်နဲ့ ယခုနှစ်မှာတော့ ဆွေဇင်ထက်တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္က်င္းပခဲ့တဲ့ ၆၉ ႀကိမ္ေျမာက္ မယ္စၾကာဝဠာ ၿပိဳင္ပြဲႀကီးမွာေတာ့ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ ေဆြဇင္ထက္ကေတာ့ သူမဟာ လိင္တူခ်စ္သူတဦး ျဖစ္တဲ့အေၾကာင္းကို ဝန္ခံခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အလွမယ္ ေဆြဇင္ထက္ကေတာ့ Miss Universe စင္ျမင့္ရဲ႕ သက္တမ္းတေလွ်ာက္မွာ ပထမဆုံး လိင္တူခ်စ္သူဆိုတာကို ဝန္ခံခဲ့တဲ့ အလွမယ္တေယာက္ ျဖစ္ခဲ့ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားသတင္းဌာနတခုမွာ ေဆြဇင္ထက္က အခုလို ေျဖၾကားခဲ့ပါတယ္။

“က်မဟာ Lesbian (အမ်ိဳးသမီးခ်င္း ခ်စ္ခင္ႏွစ္သက္သူ) တေယာက္ဆိုတာ ထုတ္ေျပာလိုက္ရင္ ျမန္မာႏိုင္ငံကို ျပန္ေရာက္တဲ့အခါမွာ ဒါဟာ LGBTQ အသိုင္းအဝိုင္းကို အမ်ားႀကီးအက်ိဳးသက္ေရာက္မႈျဖစ္ေစလိမ့္မယ္။ ျမန္မာႏိုင္ငံမွာက LGBTQ ေတြကို လက္ခံမေပးၾကဘူး။ အထင္အျမင္ေသးၿပီး ခြဲျခားဆက္ဆံတယ္”လို႔ အလွမယ္ ေဆြဇင္ထက္က ေျပာခဲ့ပါတယ္။

သူမရဲ႕ Fan မ်ားက “Superman” လို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ေဆြဇင္ထက္ကေတာ့ သူမဟာ Anti-LGBTQ သေဘာထားမ်ားကို ေျပာင္းလဲႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေၾကာင္း ၊ သူမကိုယ္သူမ လိင္တူစိတ္ဝင္စားသူ တေယာက္ဆိုတာကိုလည္း အသက္ ၁၅ႏွစ္ ၊ ၁၆ ႏွစ္ေလာက္မွာစကာ သိခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ သူမကိုယ္သူမ Lesbian ဆိုတာကို လက္ခံလာႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႔က မိဘမ်ားကို ဒီအေၾကာင္းကို ဖြင့္ေျပာတဲ့အခါမွာေတာ့ မိဘမ်ားက လက္ခံမေပးခဲ့ဘဲ ေနာက္ပိုင္းမွာေတာ့ LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) အသိုင္းအဝိုင္းအေၾကာင္း ပိုသိလာခ်ိန္မွာေတာ့ လက္ခံေပးခဲ့တယ္လို႔ သိရပါတယ္။

ထပ္မံၿပီးေတာ့လည္း ေဆြဇင္ထက္က သူမရဲ႕ခ်စ္သူမွာ အဆိုေတာ္ ေဂေဂး ျဖစ္ေၾကာင္းကိုလည္း ဖြင့္ဟေျပာဆိုခဲ့ၿပီး သူတို႔ ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈဟာ ၃ ႏွစ္ခန္႔ရွိၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ ေဆြဇင္ထက္ကေတာ့ အခုလို ဖြင့္ဟ ေျပာဆိုခဲ့မႈေၾကာင့္ LGBT အသိုင္းအဝိုင္းမွ အားေပးေထာက္ခံမႈကိုရရွိခဲ့ပါတယ္။

ေဆြဇင္ထက္အေနနဲ႔လည္း ၿပိဳင္ပြဲတေလွ်ာက္မွာ အေကာင္းဆုံးျပဳလုပ္ႏိုင္ခဲ့ၿပီး အမ်ိဳးသားဝတ္စုံနဲ႔ ယွဥ္ၿပိဳင္မႈမွာေတာ့ “လယ္သူမေလး ေကာက္ရိတ္ခ်ိန္”ဆိုတဲ့ ဝတ္စုံနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့အေပၚမွာ သေဘာက်ႏွစ္ၿခိဳက္ခဲ့ေသာ္လည္း ဆုနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

Miss Universe 2019 ဆုကိုေတာ့ ေတာင္အာဖရိက လူမည္း အလွမယ္မွ ရရွိခဲ့ၿပီး အမ်ိဳးသားဝတ္စုံဆုကိုေတာ့ မေလးရွားႏိုင္ငံမွ အသီးသီးရရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ေတာ့ Miss Universe ၿပိဳင္ပြဲႀကီးမွာ အျမင့္ဆုံးဆုအေနနဲ႔ ၂၀၁၆ ခုႏွစ္က အလွမယ္ထက္ထက္ထြန္းရဲ႕ ႐ုပ္ေသးဝတ္စုံျဖင့္ ရရွိခဲ့ပါတယ္။

Miss Universe Myanmar ၿပိဳင္ပြဲႀကီးကိုေတာ့ ၂၀၁၃ ခုႏွစ္မွ စတင္ကာ က်င္းပခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ အလွမယ္ မိုးစက္ဝိုင္၊ ၂၀၁၄ ခုႏွစ္မွာ သွ်ားထြဋ္အိျႏၵာ၊ ၂၀၁၅ ခုႏွစ္မွာ ေမဘရဏီေသာ္၊ ၂၀၁၆ ခုႏွစ္မွာ ထက္ထက္ထြန္း၊ ၂၀၁၇ ခုႏွစ္မွာ ႏွင္းေသြးယုေအာင္နဲ႔ ယခုႏွစ္မွာေတာ့ ေဆြဇင္ထက္တို႔က အသီးသီး ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။

ဧရာဝတီ