ချစ်သူသက်တမ်း (၄) နှစ်ပြည့်မှာ တောင်တန်းတွေကိုသက်သေထားပြီး ကတိပေးခဲ့တဲ့ ဖြိုးလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Rowena
Source: Warso Moe Oo’s fb
Photo: Kyaw Ko Ko Zin

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက ပရိသတ်တွေရဲ့ အားပေးမှုကို ကိုယ်စီရရှိထားသူတွေ ဖြစ်ပါတယ်။ ဖြိုးလေးက Snare အဖွဲ့နဲ့ ဂီတလောကဘက်မှာ အောင်မြင်သလို ဝါဆိုမိုးဦးကလည်း သရုပ်ဆောင်၊ မော်ဒယ်လောကမှာ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနုပညာစုံတွဲလေးတစ်တွဲဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကို ချစ်ခင်စွာ အားပေးကြတာကို တွေ့ရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ကတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးရဲ့ ချစ်သူသက်တမ်း (၄) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးက ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်ကတည်းက ချစ်သူတွေအဖြစ် လက်တွဲခဲ့ရာ အခုဆိုရင် (၄) နှစ်တိုင်တိုင်ရှိသွားပြီပဲ ဖြစ်ပါတယ်။

ဖြိုးလေးက ချစ်သူသက်တမ်း (၄) နှစ်ပြည့်နေ့လေးမှာ ဝါဆိုမိုးဦးကို “Happy 4th Anniversary ငါ့သဲလေး အရင်ထက်ပိုပြီး ဂရုစိုက်မယ်။ အရင်ထက်ပိုပြီး ချစ်မယ်လို့ တောင်တန်းတွေကို သက်သေထားပြီး ကတိ ပေးပါတယ် ” ဆိုပြီး ကတိပေးထားပါသေးတယ်။

ဝါဆိုမိုးဦးကလည်း “ဒီနေ့ ဟာ ဝါဆိုတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်း ၄နှစ်ပြည့်ခဲ့ပြီ အလုပ်တွေကြိုးစားနေရင်း ၄နှစ်ဆိုတဲ့အချိန်ပြည့်ခဲ့ပြီပေါ့ ” ဆိုပြီး အမှတ်တရစကားလေး ပြောထားပါသေးတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ ချစ်သူသက်တမ်းတွေကြာလာသည့်တိုင် တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေနဲ့ ချစ်လာကြတာပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း (၄) နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ဒီထက်မက်ချစ်သွားနိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena
Source: Warso Moe Oo’s fb
Photo: Kyaw Ko Ko Zin