မကစ်ရဲ့ ဝိညာဉ်ကိုတွေ့မြင်ခဲ့ရတယ်လို့ ဆရာတော်ကြီးရဲ့မိန့်ကြားမှုအပေါ် ဝေဖန်မှုတွေကို ရှင်းပြလာတဲ့ ခင်သဇင် ( ဗီဒီယို )

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။
နိုဝင်ဘာလထဲမှာတော့ ဟာသသရုပ်ဆောင် ကစ်ကစ် နဲ့ လူရွှင်တော် သာဇံတို့ နှစ်ဦးသား သုံးရက်သာ ခြားပြီး ဆုံးပါးသွားခဲ့တာ အားလုံး အသိပါနော်။ ကစ်ကစ်ကတော့ ကျောက်ကပ်ဝေဒနာနဲ့ ၁ နှစ်ကျော်နီးပါး ဆေးရုံတက်ကုသမှု ခံယူနေရသူဖြစ်ပါတယ်။ သူမ ဆေးရုံမှာတက်ရောက်နေစဉ်တလျှောက်လုံး သူမအတွက် သရုပ်ဆောင်ခင်သဇင်ကပဲ ကုသိုလ်ဖြစ် တစ်ယောက်တည်း ကူညီနေခဲ့တာဖြစ်ပါတယ်။ သူမအတွက် လိုအပ်တဲ့ဆေးဝါး ၊ ဓာတ်စာက အစ သူမတစ်ဦးတည်းမနိုင်ရင် အလှူရှင်တွေရှာပြီး ကူညီခဲ့တာဖြစ်ပါတယ်။

ကစ်ကစ်တစ်ယောက်ဆုံးပါးချိန်မှာလည်း သရုပ်ဆောင် ခင်သဇင်ကပဲ ဦးဆောင်ပြီးတော့ နာရေးကို အဆင်ပြေပြေ ဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ သူမက ကစ်ကစ်အတွက် ဆေးဖိုးလှူဒါန်းထားသူတွေ အပြင် ကူညီပေးတဲ့သူတွေကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပြောပါတယ်။ အဲ့ဒီအလှူငွေတွေ အကြောင်းကိုလည်းမကြာသေးခင်က သရုပ်ဆောင် ခင်သဇင်က အသေးစိတ်သုံးစွဲမှု ၊ နာရေးကူငွေများစာရင်းကို ပရိသတ်ကြီးသိအောင် အသေးစိတ်ထုတ်ပြန်ပေးခဲ့တာကြောင့် ပရိသတ်ကလည်း အထင်ကြီးလေးစားမိတဲ့ သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။
ကစ်ကစ်တစ်ယောက်ဆုံးပါးပြီးတဲ့နောက်မှာတော့ ဆရာတော် တစ်ပါးက ကစ်ကစ် ဝိဉာဉ်ကို မြင်ခဲ့ရတယ်လို့ ပြောဆိုမှုနဲ့ ပတ်သတ်ပြီးတော့ ဝေဖန်မှုလေးတွေ ဖြစ်ခဲ့ပါတယ်။ဒီအပေါ်မှာတော့ ခင်သဇင်က သူ့ရဲ့ အမြင်လေးတွေကိုပြောပြခဲ့ပါတယ်။ သူမ အနေနဲ့ယုံကြည်ပေမယ့် သူများတွေ မယုံကြည်မှုကိုလည်း ရှုတ်ချမှု မလုပ်တဲ့ပုံစံပါပဲ။

ကစ်ကစ်တစ်ယောက်ကတော့တော့ အမျှဝေဖို့ သာဓုခေါ်ဖို့ ခေါ်ဆိုတဲ့ အခါမှာလည်း လာရောက်ယူတယ်လို့ သိရပြီးတော့ သူ့အတွက် အကျီအဖြူတစ်ထည် လှူပေးဖို့လည်း သူမကတောင်းဆိုတယ်လို့ ခင်သဇင်က ပြောပြခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)Video – CeleGabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေအာက္တြင္ ဗြီဒီယို တင္ထားေပးပါသည္။
ႏိုဝင္ဘာလထဲမွာေတာ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ နဲ႔ လူ႐ႊင္ေတာ္ သာဇံတို႔ ႏွစ္ဦးသား သုံးရက္သာ ျခားၿပီး ဆုံးပါးသြားခဲ့တာ အားလုံး အသိပါေနာ္။ ကစ္ကစ္ကေတာ့ ေက်ာက္ကပ္ေဝဒနာနဲ႔ ၁ ႏွစ္ေက်ာ္နီးပါး ေဆး႐ုံတက္ကုသမႈ ခံယူေနရသူျဖစ္ပါတယ္။ သူမ ေဆး႐ုံမွာတက္ေရာက္ေနစဥ္တေလွ်ာက္လုံး သူမအတြက္ သ႐ုပ္ေဆာင္ခင္သဇင္ကပဲ ကုသိုလ္ျဖစ္ တစ္ေယာက္တည္း ကူညီေနခဲ့တာျဖစ္ပါတယ္။ သူမအတြက္ လိုအပ္တဲ့ေဆးဝါး ၊ ဓာတ္စာက အစ သူမတစ္ဦးတည္းမႏိုင္ရင္ အလႉရွင္ေတြရွာၿပီး ကူညီခဲ့တာျဖစ္ပါတယ္။

ကစ္ကစ္တစ္ေယာက္ဆုံးပါးခ်ိန္မွာလည္း သ႐ုပ္ေဆာင္ ခင္သဇင္ကပဲ ဦးေဆာင္ၿပီးေတာ့ နာေရးကို အဆင္ေျပေျပ ျဖစ္ေအာင္ ေဆာင္႐ြက္ေပးခဲ့တာျဖစ္ပါတယ္။ သူမက ကစ္ကစ္အတြက္ ေဆးဖိုးလႉဒါန္းထားသူေတြ အျပင္ ကူညီေပးတဲ့သူေတြကိုလည္းေက်းဇူးအထူးတင္ရွိေၾကာင္းေျပာပါတယ္။ အဲ့ဒီအလႉေငြေတြ အေၾကာင္းကိုလည္းမၾကာေသးခင္က သ႐ုပ္ေဆာင္ ခင္သဇင္က အေသးစိတ္သုံးစြဲမႈ ၊ နာေရးကူေငြမ်ားစာရင္းကို ပရိသတ္ႀကီးသိေအာင္ အေသးစိတ္ထုတ္ျပန္ေပးခဲ့တာေၾကာင့္ ပရိသတ္ကလည္း အထင္ႀကီးေလးစားမိတဲ့ သ႐ုပ္ေဆာင္ တစ္ဦးပဲျဖစ္ပါတယ္။
ကစ္ကစ္တစ္ေယာက္ဆုံးပါးၿပီးတဲ့ေနာက္မွာေတာ့ ဆရာေတာ္ တစ္ပါးက ကစ္ကစ္ ဝိဉာဥ္ကို ျမင္ခဲ့ရတယ္လို႔ ေျပာဆိုမႈနဲ႔ ပတ္သတ္ၿပီးေတာ့ ေဝဖန္မႈေလးေတြ ျဖစ္ခဲ့ပါတယ္။ဒီအေပၚမွာေတာ့ ခင္သဇင္က သူ႔ရဲ႕ အျမင္ေလးေတြကိုေျပာျပခဲ့ပါတယ္။ သူမ အေနနဲ႔ယုံၾကည္ေပမယ့္ သူမ်ားေတြ မယုံၾကည္မႈကိုလည္း ရႈတ္ခ်မႈ မလုပ္တဲ့ပုံစံပါပဲ။

ကစ္ကစ္တစ္ေယာက္ကေတာ့ေတာ့ အမွ်ေဝဖို႔ သာဓုေခၚဖို႔ ေခၚဆိုတဲ့ အခါမွာလည္း လာေရာက္ယူတယ္လို႔ သိရၿပီးေတာ့ သူ႔အတြက္ အက်ီအျဖဴတစ္ထည္ လႉေပးဖို႔လည္း သူမကေတာင္းဆိုတယ္လို႔ ခင္သဇင္က ေျပာျပခဲ့ပါတယ္။

ဗီဒီယိုဖိုင္ၾကည့္ရန္ ႏွိပ္ပါ

Writer – SMT( Shwe Yaung Lan)Video – CeleGabar