ကမ္ဘောဒီးယားအသင်းကိုပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီးမြန်မာယူ-၂၂အသင်း ၂၀၁၉ ဆီးဂိမ်းစ် ကြေးတံဆိပ် ရယူ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ယနေ့( ဒီဇင်ဘာ ၁၀ရက်) မွန်းလွဲပိုင်းက မြန်မာယူ-၂၂အသင်း နှင့် ကမ္ဘောဒီးယား ယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် မြန်မာအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုကို ရရှိသွားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းက စပေးဘောမှတစ်ဆင့် မြန်မာနောက်တန်းများကိုအငိုက်ဖမ်း၍ ပွဲချိန် ၁၈စက္ကန့်တွင်းမှာပင် အဖွင့်ဂိုးကို ရရှိခဲ့သည်။ ထို့နောက် ဦးဆောင်ဂိုးကိုရရှိခဲ့သော ကမ္ဘော့ဒီယားအသင်းကနောက်ထပ် မိနစ်အနည်းငယ်အထိ ဆက်လက်ဖိအားပေး၍ ပိုမိုတိုက်စစ်ဆင်ကစားနေခဲ့သော်လည်း မြန်မာအသင်းက တန်ပြန်တိုက်စစ်မှ တစ်ဆင့် ပွဲချိန် ၉မိနစ်တွင် အောင်ကောင်းမာန်၏ခေါင်းတိုက်သွင်းဂိုးဖြင့် ချေပဂိုး ရရှိခဲ့သည်။

ထို့နောက်မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၅မိနစ်၌ မြတ်ကောင်းခန့်က အလွတ်တည်ကန်ဘောကို တိုက်ရိုက်ကန်သွင်း၍ ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ဒုတိယပိုင်း ပွဲချိန်အစပိုင်းတွင်လည်း မြန်မာအသင်းက ဆက်လက် တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး အခွင့်အရေး တချို့ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် နောက်ထပ် ဦးဆောင်ဂိုးများဆုံးရှုံးခဲ့ရသည်။

ထို့နောက် အောင်ကောင်းမာန်၊ မြတ်ကောင်းခန့်တို့ထုတ်၍ ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေတို့ကို ထည့်သွင်းကစားစေခဲ့ပြီး နောက်ပိုင်း၌ ကမ္ဘော့ဒီယားအသင်းက ပြန်လည် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီးပွဲချိန် မိနစ် ၇၀၌ အလွတ်တည်ကန်ဘောမှ ချေပဂိုး ရရှိခဲ့ပြီး ၂-၂ သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ထို့ကြောင့် ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းခဲ့ရာတွင် မြန်မာအသင်းက ပင်နယ်တီ၅လုံးစလုံးကို ဝင်အောင်ကန်နိုင်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းက နောက်ဆုံး ၅ယောက်မြောက်၌ ကျောနံပါတ်၁၄ အသင်းခေါင်းဆောင် ကန်သွင်းခဲ့ရာတွင် ဘေးတိုင်ထိပြန်ထွက်ခဲ့သောကြောင့် မြန်မာအသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

CRD-Pyi Myanmar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

၂၀၁၉ ဖိလစ္ပိုင္ဆီးဂိမ္းစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ တတိယေနရာလုပြဲအျဖစ္ ယေန႔( ဒီဇင္ဘာ ၁၀ရက္) မြန္းလြဲပိုင္းက ျမန္မာယူ-၂၂အသင္း ႏွင့္ ကေမာၻဒီးယား ယူ-၂၂အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ ျမန္မာအသင္းက ပင္နယ္တီအဆုံးအျဖတ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ေၾကးတံဆိပ္ဆုကို ရရွိသြားခဲ့သည္။

အဆိုပါပြဲစဥ္တြင္ ကေမာၻဒီးယားအသင္းက စေပးေဘာမွတစ္ဆင့္ ျမန္မာေနာက္တန္းမ်ားကိုအငိုက္ဖမ္း၍ ပြဲခ်ိန္ ၁၈စကၠန႔္တြင္းမွာပင္ အဖြင့္ဂိုးကို ရရွိခဲ့သည္။ ထို႔ေနာက္ ဦးေဆာင္ဂိုးကိုရရွိခဲ့ေသာ ကေမာၻ႔ဒီယားအသင္းကေနာက္ထပ္ မိနစ္အနည္းငယ္အထိ ဆက္လက္ဖိအားေပး၍ ပိုမိုတိုက္စစ္ဆင္ကစားေနခဲ့ေသာ္လည္း ျမန္မာအသင္းက တန္ျပန္တိုက္စစ္မွ တစ္ဆင့္ ပြဲခ်ိန္ ၉မိနစ္တြင္ ေအာင္ေကာင္းမာန္၏ေခါင္းတိုက္သြင္းဂိုးျဖင့္ ေခ်ပဂိုး ရရွိခဲ့သည္။

ထို႔ေနာက္ျမန္မာအသင္းက ေဘာလုံးပိုင္ဆိုင္မႈအသာစီးျဖင့္ ျပန္လည္ဖိအားေပး ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၃၅မိနစ္၌ ျမတ္ေကာင္းခန႔္က အလြတ္တည္ကန္ေဘာကို တိုက္႐ိုက္ကန္သြင္း၍ ဒုတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့သည္။ဒုတိယပိုင္း ပြဲခ်ိန္အစပိုင္းတြင္လည္း ျမန္မာအသင္းက ဆက္လက္ တိုက္စစ္ဆင္မႈမ်ား ျပဳလုပ္ႏိုင္ခဲ့ၿပီး အခြင့္အေရး တခ်ိဳ႕ ရရွိခဲ့ေသာ္လည္း အဆုံးသတ္ပိုင္း အားနည္းမႈမ်ားေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုးမ်ားဆုံးရႈံးခဲ့ရသည္။

ထို႔ေနာက္ ေအာင္ေကာင္းမာန္၊ ျမတ္ေကာင္းခန႔္တို႔ထုတ္၍ ဝင္းႏိုင္ထြန္း၊ ထက္ၿဖိဳးေဝတို႔ကို ထည့္သြင္းကစားေစခဲ့ၿပီး ေနာက္ပိုင္း၌ ကေမာၻ႔ဒီယားအသင္းက ျပန္လည္ တိုက္စစ္ဆင္ ကစားႏိုင္ခဲ့ၿပီးပြဲခ်ိန္ မိနစ္ ၇၀၌ အလြတ္တည္ကန္ေဘာမွ ေခ်ပဂိုး ရရွိခဲ့ၿပီး ၂-၂ သေရ ရလဒ္ျဖင့္ ပြဲၿပီးဆုံးခဲ့သည္။ထို႔ေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ကန္သြင္းခဲ့ရာတြင္ ျမန္မာအသင္းက ပင္နယ္တီ၅လုံးစလုံးကို ဝင္ေအာင္ကန္ႏိုင္ခဲ့ၿပီး ကေမာၻဒီးယားအသင္းက ေနာက္ဆုံး ၅ေယာက္ေျမာက္၌ ေက်ာနံပါတ္၁၄ အသင္းေခါင္းေဆာင္ ကန္သြင္းခဲ့ရာတြင္ ေဘးတိုင္ထိျပန္ထြက္ခဲ့ေသာေၾကာင့္ ျမန္မာအသင္း အႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။