ခရီးသွားရင်း ကော့ဂရိတ် မြို့မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အေသင်ချိုဆွေဟာ အချစ်အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာယူထားတဲ့ အဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်…သူမရဲ့ သီချင်းတွေဟာ ဆိုရင် ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ လိုက်ပါသီဆိုခဲ့ကြတဲ့အထိ အောင်မြင်ခဲ့တာပါ….အသံချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အေသင်ချိုဆွေဟာ လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ ဘဝခရီးလမ်းကို ပျော်ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်…

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ အနုပညာအလုပ်တွေအတွက် နယ်ဘက်သွားရင်း မမျှော်လင့်ဘဲ ကားအက်ဆီးဒင့်တစ်ခုနဲ့ ကြုံခဲ့ရပါတယ်… အဲတာကတော့ မြဝတီအဆင်း ကော့ကရိတ်အကျော်မှာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်ခဲ့တာပါ….

လူကဘာမှမဖြစ်ပေမဲ့ ကားအရှေ့တခြမ်းလုံး စုတ်သွားတယ်လို့ သိရပါတယ်….ဒါ့အပြင် နောက်ထပ်အခက်အခဲတစ်ခုဖြစ်တဲ့ မြဝတီကနေ ကားရှိတဲ့နေရာကို ပြန်အဆင်းမှာ ကားငှားရာမှာလည်း ကားခဈေးတွေမတန်တဆတောင်းတာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်…….ကားအက်ဆီးဒင့်ကြုံရာမှာလည်း အရှေ့က ဆိုင်ကယ်နဲ့ ကားတစ်စီးက ကိုးရို့ကားယားဖြစ်ပြီး နောက်ဆုံးသူမကားက အသားလွတ်ခံရတယ်လို့ ဆိုပြီး ရင်ဖွင့်ခဲ့တာပါ…

ဒီအကြောင်းလေးတွေကိုတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်…ပရိသတ်ကြီး တို့လည်း အခက်အခဲတွေကြုံနေရတဲ့ အေသင်ချိုဆွေတစ်ယောက် အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer – HW (Shwe Yaung Lan)
Source : Athen Cho Swe

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source : Athen Cho Swe