ICJ တရားရုံးရှေ့ကတစ်ဖဝါးမှမခွာဘဲ သူများလာဝေတဲ့ထမင်းဗူးလေးတွေကို လမ်းဘေးမှာပဲစားခဲ့တဲ့ စမိုင်းလ်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်ကတော့ စိတ်ထားလေးဖြူစင်ပြီး သဘောမနောကောင်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။စမိုင်းလ် ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ ခရီးတွေပျော်ပျော်ပါးပါးထွက်ပြီး အလှူအတန်းတွေဆိုလည်းမကြာခဏလုပ်ဆောင်ပါတယ်နော်။

ဘာသာတရားကိုလည်းသက်ဝင်ယုံကြည်တဲ့ စမိုင်းလ်က သူကိုယ်တိုင်လည်း အဓိဌာန်တွေဝင်သလို ချစ်ရတဲ့ပရိသတ်တွေနဲ့မိတ်ဆွေတွေကိုလည်း ကုသိုလ်ရေးလုပ်ဖို့ တိုက်တွန်းတတ်သူဖြစ်ပါတယ်။အခုလက်တလောမှာဆိုရင်တော့ စမိုင်းလ်တို့ဇနီးမောင်နှံက အမေစုကိုတစ်ထောင့်တစ်နေရာကနေ အားပေးဝန်းရံဖို့အတွက် နယ်သာလန်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။

စမိုင်းလ်တို့က ချမ်းအေးလှတဲ့ရာသီဉတုကိုအံတုပြီး ICJ တရားရုံးရှေ့မှာ အမေစုပုံပါတဲ့ အလံ၊ပိုစတာ၊ ဓာတ်ပုံလေးတွေနဲ့ ဝန်းရံနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်က”သူများလာဝေတဲ့ထမင်းဗူးလေးတွေနဲ့လမ်းဘေးစားရတာလည်းဖီလင်တစ်မျိုး နိုင်ငံ့အရေးအတွက်အားလုံးစည်းလုံးကြပါစို့”ဆိုပြီး တရားရုံးရှေ့က တစ်ဖဝါးမှမခွာဘဲ နေခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile’s Page

“Myanmarload

Zawgyi ဖြင့်ဖတ်ပါ
★★★★★





“Myanmarload