ပြိုင်ပွဲဝင် (၂) ဦးမျက်နှာဖုံးချွတ်ရမယ့် week ကိုရောက်ရှိလာပါပြီ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတွေများစွာရှိနေပါတယ် ။အဆိုပါပြိုင်ပွဲတွေထဲမှာတော့ The Mask Singer Myanmar ပြိုင်ပွဲက တစ်ခုအပါအဝင်ပါပဲနော်။ The Mask Singer Myanmar ပြိုင်ပွဲမှာတော့ အနုပညာရှင်များစွာက ပါဝင်သီဆိုထားတာဖြစ်ပြီး ဒီတစ်ပတ် သောကြာနေ့မှာတော့ Group A မှ နဂါး၊ Group B မှ သီးမွှေး၊ Group C မှ ဖိုးဝတို့ရဲ့ သီဆိုဖျော်ဖြေမှုအပြီးမှာ အနုပညာရှင် (၂)ဦးက မျက်နှာဖုံးချွတ်ပြသွားရမှာပါ။

အဲအတွက် ပရိသတ်တွေကလည်း ဘယ်အနုပညာရှင်တွေဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ဖြစ်နေကြပါတယ်။ သီးမွှေးကိုတော့ ဒိုင်တွေက ရေဗက္ကာဝင်း၊ဂျင်းနီ၊အိုင့်ရင်းဇင်မာမြင့်နဲ့ ပိုပိုဟေသာလို့ ထင်ကြေးပေးထားကြပြီး နဂါးကိုတော့ အေသင်ချိုဆွေ၊ ပွင့်၊စိုးမြတ်သူဇာ၊နီနီခင်ဇော်လို့ ဆိုပါတယ်။ ထပ်မံပြီးတော့ ဖိုးဝကိုတော့ ကျော်ကျော်ဗိုလ်၊ရဲလေးလို့ ထင်ကြေးပေးထားကြတာပဲဖြစ်ပါတယ် ။

အဆိုပါပြိုင်ပွဲဝင်(၃)ဦးတည်းမှာတော့(၂)ဦးက မျက်နှာဖုံးချွတ်ပြရပြီး တစ်ဦးကတော့ နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရရှိမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သီးမွှေး၊နဂါး၊ ဖိုးဝက ဘယ်သူတွေဖြစ်မလဲဆိုတာတော့ တကယ့်ကို စိတ်လှုပ်ရှားစရားပါပဲနော်။ ဘယ်အနုပညာရှင်(၂)ဦးက မျက်နှာဖုံးချွတ်ပြပြီး ဘယ်သူကနောက်တစ်ဆင့်ကို တက်လှမ်းနိုင်မလဲဆိုတာကို ပရိတ်သတ်ကြီးရေ ထင်ကြေးလေး ပေးခဲ့ပါဦးနော်

Source:The Mask Singer Myanmar,Chit Thae May

Zawgyi ဖြင့်ဖတ်ပါ
★★★★★


