အကြောကပ်တတ်သူများ နှင့် အကြောကပ် နေသူများအတွက် ဆေးနည်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အကြောကပ်ခြင်း အတွက် လူးဆေးတစ်လက်

ကုန်သွယ်လယ်ယာဝန်ထမ်း ဘဝက အငြိမ်းစား ယူခဲ့သော ဦးလေးဦးအောင်သိန်းကို အကြောင်းပြု၍ ရေးသားမိ၏ ။

ဦးအောင်သိန်း ညာဘက်လက် တစ်ဖက် အကြောတင် အကြောညှပ် နေရာမှ မြန်မာတိုင်းရင်းလူးဆေးဖြင့် သက်သာ ပျောက်ကင်းခဲ့သည် ။

သို့ဖြင့်် ဦးလေးအား ဆေးနည်း ဘယ်ကရလဲ မေးမိသည် ။ ဦးလေးက နက္ခတ္တရောင်ခြည် မဂ္ဂဇင်းဟောင်း ထဲမှာ ဆေးဆောင်းပါးလေး ဖတ်ရတယ် ။ ဆောင်းပါရှင် မြလေးဖြူရေးတဲ့ အကြောကပ်အတွက် လူးဆေးတစ်ခွက် တဲ့ ။

အဲဒါကို ဖတ်ပြီး မပျောက်နိုင်တဲ့ အကြောကပ်တဲ့ ဝေဒနာကို လက်တွေ့လုပ် ဆောင်ရင်းဖြင့် သက်သာ ပျောက်ကင်းခဲ့တာပဲ ဟုဆိုပါသည် ။

အချို့ မိတ်ဆွေတို့ မြန်မာတိုင်းရင်းဆေးနည်းများဖြင့် ကံစပ် စေရန် စာရေးရင်းအမြဲဆုတောင်းမိပါသည် ။ အကြောင်းမှာ ဝေဒနာဖြစ်သည်ချင်း တူသော်လည်း အချို့ကပျောက်ကင်း၏ ။ အချို့က မပျောက်ကင်းကြောင်း သိထား၍သာ ဖြစ်ပါ၏ ။

တင်ပြပါ ဆေးနည်းမှာ ငွေအသပြာ မတတ်နိုင်သူများနှင့် တိုင်းရင်းဆေးပညာ ဖြင့် ယုံကြည်စွာ ကုသလိုသူတို့ အတွက်သာ ရည်ရွယ်ပါသည် ။

ဆေးနည်း

★★★
★★★★★★★
★★★★★★★★★★

ကျီးအာပင်မှအမြစ်ဥကိုတူးပါ။

ကျီးအာဥတစ်ဆယ်သားကို ဓားဖြင့်ပါးပါးလှီးပါ ပြီးနောက်ဒယ်အိုး သန့်သန့် တွင် နှမ်းဆီစစ်စစ်(၇)ကျပ်သားဖြင့်ကြော်ပါ။ ကျီးအာဥခြောက်ကပ်လာလျှင် မီးဖိုပေါ်ကချပါ။

ယင်းမှရသောအဆီဖြင့် အကြောတင်အကြောကပ်နေသည့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတို့ကို အထက်မှအောက်သပ်ချပြီး လိမ်းလူးပေးပါ။ ရက်သတ္တတစ်ပတ်ကြာလျှင် ရောဂါဝေဒနာအမှန်ပင် သက်သာပျောက်ကင်းလာမည်ကို သိလာပါလိမ့်မည်။

ကျီးအာပင်သည် မြန်မာပြည်အနှံ့ ပေါက်ရောက်သော သဘာဝပေါက်ပင်ဖြစ်ပါသည်။ လူအတော်များများလည်းသိသည်မို့ အထူးပင် မိတ်ဆက်စရာမရှိပါ။

ယခုတိုင် ကျေးလက်ဒေသများ၏ အတွေ့အကြုံများကို ဖေ့ဘုတ်ပေါ်တွင် ဖတ်ရှုရသည်မှာ အချို့ကျေးလက်ဒေသများတွင် မြွေဆိုးကိုက်ခြင်းခံရပါက ဆေးရုံ၊ဆေးခန်းသွားလာပြသရန် အခက်ကြုံသူတို့ ကျီးအာမြစ်ဥကို စားခြင်းဖြင့် သက်သာ ပျောက်ကင်းကြောင်း မှတ်သားဖူးပါသည်။

အချို့က ထိုသို့ိဆိုလျှင် ဒါဆို မြွေကိုက်လျှင် ဆေးရုံ၊ဆေးခန်း တောင်မလိုဘူး ဟုဆိုကြပေမည်။

အမှန်တော့ မြန်မာပြည်တွင်းရှိ အချို့သောအရပ်ဒေသများမှာယနေ့တိုင် ဘာမီတွန်၊ပါရာစီတမော့ တစ်ပြားအတွက် အခက်အခဲရှိနေဆဲဖြစ်ပါသည်။

တင်ပြလိုသည်မှာ သိပ္ပံဆေးဝါးဖြင့် ကုသချင်သော်လည်းရုတ်တရက်အခက်ကြုံသူတို့ အတွက်သာဖြစ်ပါ၏။

လိုသူယူသုံးစေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ…။

ရဲမျိုးသူ(ဗောဓိမြိုင်)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အေၾကာကပ္ျခင္း အတြက္ လူးေဆးတစ္လက္

ကုန္သြယ္လယ္ယာဝန္ထမ္း ဘဝက အၿငိမ္းစား ယူခဲ့ေသာ ဦးေလးဦးေအာင္သိန္းကို အေၾကာင္းျပဳ၍ ေရးသားမိ၏ ။

ဦးေအာင္သိန္း ညာဘက္လက္ တစ္ဖက္ အေၾကာတင္ အေၾကာညႇပ္ ေနရာမွ ျမန္မာတိုင္းရင္းလူးေဆးျဖင့္ သက္သာ ေပ်ာက္ကင္းခဲ့သည္ ။

သို႔ျဖင့္္ ဦးေလးအား ေဆးနည္း ဘယ္ကရလဲ ေမးမိသည္ ။ ဦးေလးက နကၡတၱေရာင္ျခည္ မဂၢဇင္းေဟာင္း ထဲမွာ ေဆးေဆာင္းပါးေလး ဖတ္ရတယ္ ။ ေဆာင္းပါရွင္ ျမေလးျဖဴေရးတဲ့ အေၾကာကပ္အတြက္ လူးေဆးတစ္ခြက္ တဲ့ ။

အဲဒါကို ဖတ္ၿပီး မေပ်ာက္ႏိုင္တဲ့ အေၾကာကပ္တဲ့ ေဝဒနာကို လက္ေတြ႕လုပ္ ေဆာင္ရင္းျဖင့္ သက္သာ ေပ်ာက္ကင္းခဲ့တာပဲ ဟုဆိုပါသည္ ။

အခ်ိဳ႕ မိတ္ေဆြတို႔ ျမန္မာတိုင္းရင္းေဆးနည္းမ်ားျဖင့္ ကံစပ္ ေစရန္ စာေရးရင္းအၿမဲဆုေတာင္းမိပါသည္ ။ အေၾကာင္းမွာ ေဝဒနာျဖစ္သည္ခ်င္း တူေသာ္လည္း အခ်ိဳ႕ကေပ်ာက္ကင္း၏ ။ အခ်ိဳ႕က မေပ်ာက္ကင္းေၾကာင္း သိထား၍သာ ျဖစ္ပါ၏ ။

တင္ျပပါ ေဆးနည္းမွာ ေငြအသျပာ မတတ္ႏိုင္သူမ်ားႏွင့္ တိုင္းရင္းေဆးပညာ ျဖင့္ ယုံၾကည္စြာ ကုသလိုသူတို႔ အတြက္သာ ရည္႐ြယ္ပါသည္ ။

ေဆးနည္း

★★★
★★★★★★★
★★★★★★★★★★

က်ီးအာပင္မွအျမစ္ဥကိုတူးပါ။

က်ီးအာဥတစ္ဆယ္သားကို ဓားျဖင့္ပါးပါးလွီးပါ ၿပီးေနာက္ဒယ္အိုး သန႔္သန႔္ တြင္ ႏွမ္းဆီစစ္စစ္(၇)က်ပ္သားျဖင့္ေၾကာ္ပါ။ က်ီးအာဥေျခာက္ကပ္လာလွ်င္ မီးဖိုေပၚကခ်ပါ။

ယင္းမွရေသာအဆီျဖင့္ အေၾကာတင္အေၾကာကပ္ေနသည့္ ကိုယ္လက္အဂၤါအစိတ္အပိုင္းတို႔ကို အထက္မွေအာက္သပ္ခ်ၿပီး လိမ္းလူးေပးပါ။ ရက္သတၱတစ္ပတ္ၾကာလွ်င္ ေရာဂါေဝဒနာအမွန္ပင္ သက္သာေပ်ာက္ကင္းလာမည္ကို သိလာပါလိမ့္မည္။

က်ီးအာပင္သည္ ျမန္မာျပည္အႏွံ႔ ေပါက္ေရာက္ေသာ သဘာဝေပါက္ပင္ျဖစ္ပါသည္။ လူအေတာ္မ်ားမ်ားလည္းသိသည္မို႔ အထူးပင္ မိတ္ဆက္စရာမရွိပါ။

ယခုတိုင္ ေက်းလက္ေဒသမ်ား၏ အေတြ႕အႀကဳံမ်ားကို ေဖ့ဘုတ္ေပၚတြင္ ဖတ္ရႈရသည္မွာ အခ်ိဳ႕ေက်းလက္ေဒသမ်ားတြင္ ေႁမြဆိုးကိုက္ျခင္းခံရပါက ေဆး႐ုံ၊ေဆးခန္းသြားလာျပသရန္ အခက္ႀကဳံသူတို႔ က်ီးအာျမစ္ဥကို စားျခင္းျဖင့္ သက္သာ ေပ်ာက္ကင္းေၾကာင္း မွတ္သားဖူးပါသည္။

အခ်ိဳ႕က ထိုသို႔ိဆိုလွ်င္ ဒါဆို ေႁမြကိုက္လွ်င္ ေဆး႐ုံ၊ေဆးခန္း ေတာင္မလိုဘူး ဟုဆိုၾကေပမည္။

အမွန္ေတာ့ ျမန္မာျပည္တြင္းရွိ အခ်ိဳ႕ေသာအရပ္ေဒသမ်ားမွာယေန႔တိုင္ ဘာမီတြန္၊ပါရာစီတေမာ့ တစ္ျပားအတြက္ အခက္အခဲရွိေနဆဲျဖစ္ပါသည္။

တင္ျပလိုသည္မွာ သိပၸံေဆးဝါးျဖင့္ ကုသခ်င္ေသာ္လည္း႐ုတ္တရက္အခက္ႀကဳံသူတို႔ အတြက္သာျဖစ္ပါ၏။

လိုသူယူသုံးေစတနာအၿပဳံးျဖင့္ စိတ္႐ႊင္လန္းၾကပါေစ…။

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)