၂၄ နှစ်ကြာ သက်သတ်လွတ်စားပြီးနောက် ထူးခြားစွာ ပြောင်းလဲသွားတဲ့ အချက်တွေကို ပြောပြလာတဲ့ စိုးသူ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )မြန်မာနိုင်ငံရဲ့ ခေတ်ဟောင်းမင်းသားကြီးတွေထဲမှာ ယနေ့အချိန်ထိ ခေတ်မီနုပျိုနေဆဲ မင်းသားကြီးတစ်ယောက်ရှိပါတယ်။ သူကတော့ ယနေ့ခေတ်လူငယ်တွေနဲ့ရင်ဘောင်တန်းပြီး နုပျိုနေဆဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ သူရဲ့အသက်က ၅၅ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူရဲ့ ရုပ်သွင်ပြင်ဟာ လူငယ်တစ်ဦးလို ဖြစ်နေတုန်းပါပဲ။ ဒါဆိုရင် ပရိတ်သတ်ကြီး ဘယ်သူ့ကို ပြေးမြင်မိပါသလဲ…….? အနုပညာလောကမှာ ယနေ့ထက်တိုင် အောင်မြင်နေတဲ့ ကိုစိုးသူပဲဖြစ်ပါတယ်။

ကိုစိုးသူဟာ ၁၀ စု နှစ်စာလောက် အနုပညာလောက ကနေ အနားယူခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှာ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ အခုလိုနုပျိုရတဲ့အကြောင်းကတော့ ၂၄ နှစ်တိုင် သက်သက်လွတ်စားခဲ့ခြင်းကြောင့်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ တောင်းတန်းသာသနာပြု ဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာ ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရင်း ယခုလို သက်သက်လွတ်စားဖြစ်ခဲ့တယ်ဆိုတာကို အင်တာဗျူး တစ်ခုမှာ ဖြေခဲ့ပါတယ်။

” ပြောင်းလဲတယ်ဆို တာက အသားငါး မစားတော့တဲ့အတွက် နည်းနည်းနေရတာ ပေါ့ပါးသလို စစားခဲ့တုန်းက။
အခုနောက်ပိုင်းကျတော့ ထူးထူးခြားခြားပြောင်းလဲတာကတော့.. အသားတွေဆိုရင် တကယ်လို့ မတော်တဆပါလာရင် ကျွန်တော်သိတယ် အနံ့လည်းသိတယ် အရသာလည်းသိတယ် မစားဖြစ်ဘူး။
စားချင်စိတ်လည်း မရှိဘူး အာသိသလည်း မရှိဘူး အဲ့လိုမျိုးပေါ့။” ဆိုပြီး အင်တာဗျုးမှာ စိုးသူက ပြောခဲ့ပါတယ်။
ယခုလို သက်သက်လွတ်စားတာဟာလည်း ရာသက်ပန်စားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ဝတ်ချနေရတဲ့ အကြောင်းကတော့ အရင်ကတည်းက အမြဲတမ်း လေ့ကျင့်ခန်းတွေ ပြုလုပ်လာခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၃/၄ နှစ်က မလုပ်ဖြစ်တာကြောင့် ပြန်လည် ဝိတ်တက်လာလို့ ဝတ်ချနေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ယနေ့ထက်တိုင် နုပျိုပြီး လန်းဆန်းတက်ကြွနေတဲ့ အများခေါ် ဘကြီးစိုးရဲ့ လျှို့ဝှ့က်ချက်က ဘာဖြစ်မယ်ထင်သလဲ …………? ဘာ့ကြောင့်ပဲဖြစ်ဖြစ် အခုလို အသက်အရွယ်နဲ့လိုက်ပြီး ကျန်းမာသန်စွမ်းနေတာကို ကြည့်ခြင်းအားဖြင့် လေးစားရတဲ့သူ တစ်ယောက်ဖြစ်မှာပါနော်။ သူ့လို အသက်အရွယ်မှာ ကိုယ်လည်း ကျန်းမာနေအောင်လို့ သူ့ရဲ့ နည်းလမ်းတွေကို နားထောင်သင့်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဘကြီးစိုးလို အမြဲတမ်းနုပျိုလန်းဆန်းနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Writer- ME(Shwe Yaung Lan)Video Source : Popular Journal

Zawgyi ဖြင့်ဖတ်ပါ
★★★★★




