ယောက်ကျားချင်း ကြိုက်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ထူးအောင်နဲ့ ပိုင်တံခွန်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မၾကာေသးမီက လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ထူးေအာင္နဲ႔ ပိုင္တံခြန္တို႔ ေယာက္က်ားခ်င္း ႀကိဳက္ေနၾကၿပီဆိုၿပီး ေဝဖန္မႈေတြ ထြက္ေပၚလာပါတယ္….ထူးေအာင္ေရာ ပိုင္တံခြန္ကပါ အမ်ိဳးသမီးပရိသတ္ေတြ သဲသဲလႈပ္အားေပးၾကတဲ့ သ႐ုပ္ေဆာင္ေတြျဖစ္တာေၾကာင့္ ဒီသတင္းက အမ်ိဳးသမီးထုေတြအၾကားပိုမိုလူေျပာမ်ားေနတာပါ…

ဘာေၾကာင့္ ခုလို ေယာက္က်ားခ်င္းႀကိဳက္ေနၾကတယ္ဆိုၿပီး ေဝဖန္မႈေတြထြက္လာရသလဲဆိုေတာ့ POSH Magazine – Myanmar နဲ႔ OPPO Myanmar တို႔ ပထမဦးဆုံး လက္တြဲပူးေပါင္းၿပီး ဆန္းသစ္တဲ့ ဖက္ရွင္အသားေပး Campaign တစ္ခုအျဖစ္ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြေၾကာင့္ပဲ ျဖစ္ပါတယ္…. အဆိုပါ ဓာတ္ပုံေတြထဲမွာ ထူးေအာင္နဲ႔ ပိုင္တံခြန္တို႔ဟာ အထင္လြဲခ်င္စရာေကာင္းေအာင္ တစ္ဦးနဲ႔ တစ္ဦး စုံတြဲေတြလို နီးနီးကပ္ကပ္ ႐ိုက္ကူးထားတာေၾကာင့္ပဲ ျဖစ္ပါတယ္….

အဆိုပါ ဓာတ္ပုံေလးေတြကိုၾကည့္ၿပီး ပရိသတ္ေတြက ထူးေအာင္နဲ႔ ပိုင္တံခြန္တို႔ ႀကိဳက္ေနၾကၿပီလားဆိုၿပီး ေဝဖန္သံေတြ ထြက္လာခဲ့တာပါ….
အဲဒီလို ေဝဖန္သံေတြ ထြက္လာတဲ့ေနာက္ပိုင္းမွာေတာ့ ထူးေအာင္က သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ “ကြၽန္ေတာ္ ခင္ဗ်ားတို႔ထင္သလို မဟုတ္ဘူး ေနာ္”လို႔ဆိုၿပီး ပရိသတ္ေတြ ထင္ေယာင္ထင္မွား ျဖစ္ေနတာကို ျပန္လည္ ေျဖရွင္းေရးသားခဲ့ပါတယ္…

ထူးေအာင္ေရာ ပိုင္တံခြန္ဟာ ေယာက္က်ားပီသတဲ့ အရပ္အေမာင္းနဲ႔ ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ထားၾကတာျဖစ္ၿပီး ႏႈတ္ခမ္းနီမေလးေတြ အ႐ူးအမူးအားေပးျခင္းခံရသူေတြပဲ ျဖစ္ပါတယ္…
ပိုင္တံခြန္ဆိုရင္လည္း ျမန္မာျပည္မွာသာမက ထိုင္းႏိုင္ငံမွာပါ လူႀကိဳက္မ်ားတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္…

ခုလို ထင္ေယာင္ထင္မွားျဖစ္စရာေတြ ျဖစ္ေပၚလာတာကို ထူးေအာင္က ခုလိုပဲ ျပန္လည္ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္…ထူးေအာင္နဲ႔ ပိုင္တံခြန္ကိုခ်စ္တဲ့ပရိသတ္ႀကီးေတြ ရွိရင္လည္း သူတို႔ႏွစ္ေယာက္ကို အားေပးစကားေတြ ေျပာေပးခဲ့ၾကပါအုံးေနာ္..

Source : OPPO and Htoo Aung

Unicode ဖြင့်ဖတ်ပါ
★★★★★

မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာတွေမှာ ထူးအောင်နဲ့ ပိုင်တံခွန်တို့ ယောက်ကျားချင်း ကြိုက်နေကြပြီဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်….ထူးအောင်ရော ပိုင်တံခွန်ကပါ အမျိုးသမီးပရိသတ်တွေ သဲသဲလှုပ်အားပေးကြတဲ့ သရုပ်ဆောင်တွေဖြစ်တာကြောင့် ဒီသတင်းက အမျိုးသမီးထုတွေအကြားပိုမိုလူပြောများနေတာပါ…

ဘာကြောင့် ခုလို ယောက်ကျားချင်းကြိုက်နေကြတယ်ဆိုပြီး ဝေဖန်မှုတွေထွက်လာရသလဲဆိုတော့ POSH Magazine – Myanmar နဲ့ OPPO Myanmar တို့ ပထမဦးဆုံး လက်တွဲပူးပေါင်းပြီး ဆန်းသစ်တဲ့ ဖက်ရှင်အသားပေး Campaign တစ်ခုအဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကြောင့်ပဲ ဖြစ်ပါတယ်…. အဆိုပါ ဓာတ်ပုံတွေထဲမှာ ထူးအောင်နဲ့ ပိုင်တံခွန်တို့ဟာ အထင်လွဲချင်စရာကောင်းအောင် တစ်ဦးနဲ့ တစ်ဦး စုံတွဲတွေလို နီးနီးကပ်ကပ် ရိုက်ကူးထားတာကြောင့်ပဲ ဖြစ်ပါတယ်….

အဆိုပါ ဓာတ်ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေက ထူးအောင်နဲ့ ပိုင်တံခွန်တို့ ကြိုက်နေကြပြီလားဆိုပြီး ဝေဖန်သံတွေ ထွက်လာခဲ့တာပါ….
အဲဒီလို ဝေဖန်သံတွေ ထွက်လာတဲ့နောက်ပိုင်းမှာတော့ ထူးအောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျွန်တော် ခင်ဗျားတို့ထင်သလို မဟုတ်ဘူး နော်”လို့ဆိုပြီး ပရိသတ်တွေ ထင်ယောင်ထင်မှား ဖြစ်နေတာကို ပြန်လည် ဖြေရှင်းရေးသားခဲ့ပါတယ်…

ထူးအောင်ရော ပိုင်တံခွန်ဟာ ယောက်ကျားပီသတဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကြတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေ အရူးအမူးအားပေးခြင်းခံရသူတွေပဲ ဖြစ်ပါတယ်…
ပိုင်တံခွန်ဆိုရင်လည်း မြန်မာပြည်မှာသာမက ထိုင်းနိုင်ငံမှာပါ လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်…

ခုလို ထင်ယောင်ထင်မှားဖြစ်စရာတွေ ဖြစ်ပေါ်လာတာကို ထူးအောင်က ခုလိုပဲ ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်…ထူးအောင်နဲ့ ပိုင်တံခွန်ကိုချစ်တဲ့ပရိသတ်ကြီးတွေ ရှိရင်လည်း သူတို့နှစ်ယောက်ကို အားပေးစကားတွေ ပြောပေးခဲ့ကြပါအုံးနော်..

Source : OPPO and Htoo Aung