နှစ်ဖက်မိဘတွေက နားလည်ပေးထားတယ်ဆိုတဲ့ အဆိုတော် ဂေးဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ရဲ့ အချစ်ရေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

သူတို့ရဲ့ အချစ်ရေးအကြောင်းပြောပြလာပါတယ်။
အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ဟာ ချစ်သူတွေ ဖြစ်နေကြတာ ၃ နှစ်တာကာလကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိသလို စိတ်ချင်းကလည်း ထပ်တူကျတယ်လို့ဆိုပါတယ်။

အဆိုတော်ဂေဂေးနဲ့ Miss Universe Myanmar 2019 အလှမယ်လေး ဆွေဇင်ထက် တို့ရဲ့ အချစ်ရေးကတော့ အခုဆိုရင် ၃ နှစ်ကြာခဲ့ပြီလို့ သိရပါတယ်။ နှစ်ဖက်မိဘနဲ့ ဆွေမျိုးတွေကလည်း နားလည်ပေးထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ချစ်သူသက်တမ်းကတော့ ၃ နှစ်နီးပါးရှိပြီ။ တစ်ခုကံကောင်းတာက ဂေဂေးအိမ်က မိဘတွေရော၊ သူ့အိမ်က မိဘတွေရော သိသွားတဲ့အချိန်မှာလည်း အားလုံးက နားလည်ပေးကြပါတယ်။ ဘာမှလည်းမပြောပါဘူး။ လူကြီးတွေကလည်း ဖေ့စ်ဘွတ်တွေသုံးတယ် လူငယ်ဆန်တဲ့အခါကျတော့ အော်.. အင်းအင်းပေါ့။ လက်ခံတယ်လို့လည်းမဟုတ်ဘူး၊ လက်မခံဘူးဆိုတာလည်း မဟုတ်ဘူး ဆူတာတွေလည်း မရှိပါဘူး” လို့ သူကဆိုပါတယ်။

ဂေဂေးဟာ Lesbian တစ်ယောက်လို့ ဖွင့်ပြောဖို့အတွက် သတ္တိအများကြီးမွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မိန်းကလေး နှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေဟာ ထပ်တူကျတာကြောင့်တွဲဖြစ်ပါတယ်တဲ့။ ဝေဖန်မှုရှိနေပေမယ့်လည်း စိတ်ဓာတ်ကျတာထက် နှစ်ယောက်စလုံးအဆင်ပြေဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ လူတစ်ယောက်နဲ့တစ်ယောက်က နားလည်မှုတွေရယ်၊ စိတ်ချင်းထပ်တူကျတယ်ဆိုရင် အတူတူရှိနေရတယ်လေ။ ပြီးတော့ နှစ်ယောက်စလုံးက အဆင်ပြေတယ်ဆိုရင် ရတယ်။ တစ်ခါတလေကျရင် မေးတာရှိတယ် ဘယ်သူက ယောကျ်ားလဲ၊ ဘယ်သူက မိန်းမလဲပေါ့။ အဲဒီစကားတွေ မေးလာရင် ဂေဂေးတို့ တွေးမိတယ် ဒါမျိုးကြီးတွေ သူတို့ဘာလို့တွေးနေတာလဲ။ သူတို့ရဲ့ စိတ်ထဲမှာက ဒီယောကျ်ား၊ မိန်းမ ကိစ္စပဲရှိနေတာလား ဒီအတွေးတွေကို သူတို့ခေါင်းထဲကနေ ဘယ်လိုထုတ်ရမလဲဆိုတာတော့ အမြဲတွေးဖြစ်တယ်။ ဒါပေမယ့်လည်း ဒါကို တွေးတဲ့သူက ဒီအကြောင်းပဲတွေးနေမှာပဲလေ” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

ဂေဂေးကတော့ Miss Universe 2019 ပြိုင်ပွဲကြီးမှာ ဆွေဇင်ထက်က သူမနဲ့ ချစ်သူတွေဖြစ်ကြောင်း ဖွင့်ပြောပြခဲ့တာလို့ဆိုပါတယ်။ ဒါကလည်း လုပ်သင့်လုပ်ထိုက်တဲ့အရာတစ်ခုကို လုပ်သွားတာဖြစ်တယ်လို့ ဆွေဇင်ထက်အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

“အကုန်လုံး သိသွားပြီဆိုတော့လည်း ပြန်ပြောပြရတာပေါ့နော်။ သူဟိုသွားပြိုင်တဲ့အခါမှာ လိုအပ်တဲ့အရာလေးတွေရှိတယ်။ အဲဒီအထဲမှာမှ LGBT ဆိုတာကလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ရှိရင် ရပ်တည်ဖို့ လိုအပ်တယ်။ သူက နိုင်ငံအတွက် ကိုယ်စားပြုသွားမယ့် လူတစ်ယောက်ဆိုတော့ ဒီအခွင့်အရေးဆိုင်ရာတွေလည်း လုပ်သင့်တယ်ပေါ့နော်။ အဲဒီမှာ သူက နိုင်ငံခြားတစ်ခုကလာတဲ့ အင်တာဗျူး ဆောင်းပါးတစ်ခုကို ဖြေလိုက်ရင်းက အကုန်သိသွားတဲ့ သဘောပါပဲ” လို့လည်း သူကပြောပါတယ်။

အဆိုတော် ဂေဂေးကိုတော့ နိုင်းဝမ်းနဲ့အတူသီဆိုထားတဲ့ ‘နင်သာရှိရင်’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တေးသီချင်းပေါင်း များစွာမှာလည်း စုံတွဲသီဆိုထားတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးများစွာမှာလည်း သီဆိုနေရသူတစ်ဦးပါ။ အလှမယ်ဆွေဇင်ကတော့ အခုဆိုရင် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင်(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံက ထွက်ခွာခဲ့တာပါ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

Credit : Cele Yatkwat

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သူတို႔ရဲ႕ အခ်စ္ေရးအေၾကာင္းေျပာျပလာပါတယ္။
အဆိုေတာ္ ေဂေဂးနဲ႔ အလွမယ္ ေဆြဇင္ထက္တို႔ဟာ ခ်စ္သူေတြ ျဖစ္ေနၾကတာ ၃ ႏွစ္တာကာလကို ေရာက္ရွိေနၿပီလို႔ သိရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြရွိသလို စိတ္ခ်င္းကလည္း ထပ္တူက်တယ္လို႔ဆိုပါတယ္။

အဆိုေတာ္ေဂေဂးနဲ႔ Miss Universe Myanmar 2019 အလွမယ္ေလး ေဆြဇင္ထက္ တို႔ရဲ႕ အခ်စ္ေရးကေတာ့ အခုဆိုရင္ ၃ ႏွစ္ၾကာခဲ့ၿပီလို႔ သိရပါတယ္။ ႏွစ္ဖက္မိဘနဲ႔ ေဆြမ်ိဳးေတြကလည္း နားလည္ေပးထားတယ္လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ ခ်စ္သူသက္တမ္းကေတာ့ ၃ ႏွစ္နီးပါးရွိၿပီ။ တစ္ခုကံေကာင္းတာက ေဂေဂးအိမ္က မိဘေတြေရာ၊ သူ႔အိမ္က မိဘေတြေရာ သိသြားတဲ့အခ်ိန္မွာလည္း အားလုံးက နားလည္ေပးၾကပါတယ္။ ဘာမွလည္းမေျပာပါဘူး။ လူႀကီးေတြကလည္း ေဖ့စ္ဘြတ္ေတြသုံးတယ္ လူငယ္ဆန္တဲ့အခါက်ေတာ့ ေအာ္.. အင္းအင္းေပါ့။ လက္ခံတယ္လို႔လည္းမဟုတ္ဘူး၊ လက္မခံဘူးဆိုတာလည္း မဟုတ္ဘူး ဆူတာေတြလည္း မရွိပါဘူး” လို႔ သူကဆိုပါတယ္။

ေဂေဂးဟာ Lesbian တစ္ေယာက္လို႔ ဖြင့္ေျပာဖို႔အတြက္ သတၱိအမ်ားႀကီးေမြးခဲ့ရတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ မိန္းကေလး ႏွစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ေတြဟာ ထပ္တူက်တာေၾကာင့္တြဲျဖစ္ပါတယ္တဲ့။ ေဝဖန္မႈရွိေနေပမယ့္လည္း စိတ္ဓာတ္က်တာထက္ ႏွစ္ေယာက္စလုံးအဆင္ေျပဖို႔က အေရးႀကီးတယ္လို႔ ဆိုပါတယ္။

“ လူတစ္ေယာက္နဲ႔တစ္ေယာက္က နားလည္မႈေတြရယ္၊ စိတ္ခ်င္းထပ္တူက်တယ္ဆိုရင္ အတူတူရွိေနရတယ္ေလ။ ၿပီးေတာ့ ႏွစ္ေယာက္စလုံးက အဆင္ေျပတယ္ဆိုရင္ ရတယ္။ တစ္ခါတေလက်ရင္ ေမးတာရွိတယ္ ဘယ္သူက ေယာက်္ားလဲ၊ ဘယ္သူက မိန္းမလဲေပါ့။ အဲဒီစကားေတြ ေမးလာရင္ ေဂေဂးတို႔ ေတြးမိတယ္ ဒါမ်ိဳးႀကီးေတြ သူတို႔ဘာလို႔ေတြးေနတာလဲ။ သူတို႔ရဲ႕ စိတ္ထဲမွာက ဒီေယာက်္ား၊ မိန္းမ ကိစၥပဲရွိေနတာလား ဒီအေတြးေတြကို သူတို႔ေခါင္းထဲကေန ဘယ္လိုထုတ္ရမလဲဆိုတာေတာ့ အၿမဲေတြးျဖစ္တယ္။ ဒါေပမယ့္လည္း ဒါကို ေတြးတဲ့သူက ဒီအေၾကာင္းပဲေတြးေနမွာပဲေလ” လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။

ေဂေဂးကေတာ့ Miss Universe 2019 ၿပိဳင္ပြဲႀကီးမွာ ေဆြဇင္ထက္က သူမနဲ႔ ခ်စ္သူေတြျဖစ္ေၾကာင္း ဖြင့္ေျပာျပခဲ့တာလို႔ဆိုပါတယ္။ ဒါကလည္း လုပ္သင့္လုပ္ထိုက္တဲ့အရာတစ္ခုကို လုပ္သြားတာျဖစ္တယ္လို႔ ေဆြဇင္ထက္အေပၚ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

“အကုန္လုံး သိသြားၿပီဆိုေတာ့လည္း ျပန္ေျပာျပရတာေပါ့ေနာ္။ သူဟိုသြားၿပိဳင္တဲ့အခါမွာ လိုအပ္တဲ့အရာေလးေတြရွိတယ္။ အဲဒီအထဲမွာမွ LGBT ဆိုတာကလည္း လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ရွိရင္ ရပ္တည္ဖို႔ လိုအပ္တယ္။ သူက ႏိုင္ငံအတြက္ ကိုယ္စားျပဳသြားမယ့္ လူတစ္ေယာက္ဆိုေတာ့ ဒီအခြင့္အေရးဆိုင္ရာေတြလည္း လုပ္သင့္တယ္ေပါ့ေနာ္။ အဲဒီမွာ သူက ႏိုင္ငံျခားတစ္ခုကလာတဲ့ အင္တာဗ်ဴး ေဆာင္းပါးတစ္ခုကို ေျဖလိုက္ရင္းက အကုန္သိသြားတဲ့ သေဘာပါပဲ” လို႔လည္း သူကေျပာပါတယ္။

အဆိုေတာ္ ေဂေဂးကိုေတာ့ ႏိုင္းဝမ္းနဲ႔အတူသီဆိုထားတဲ့ ‘နင္သာရွိရင္’ ဆိုတဲ့ သီခ်င္းနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ေတးသီခ်င္းေပါင္း မ်ားစြာမွာလည္း စုံတြဲသီဆိုထားတာ ေတြ႕ရပါတယ္။ ေဖ်ာ္ေျဖေရးမ်ားစြာမွာလည္း သီဆိုေနရသူတစ္ဦးပါ။ အလွမယ္ေဆြဇင္ကေတာ့ အခုဆိုရင္ အေမရိကန္ႏိုင္ငံ၊ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၲာၿမိဳ႕တြင္(၆၉)ႀကိမ္ေျမာက္အျဖစ္က်င္းပျပဳလုပ္တဲ့ Miss Universe 2019 အလွမယ္ ၿပိဳင္ပြဲႀကီးကို ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ကစၿပီး ျမန္မာႏိုင္ငံက ထြက္ခြာခဲ့တာပါ။ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ညေနမွာေတာ့ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။

Credit : Cele Yatkwat