အသက်(၁၆)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဝါဝါဝင်းရွှေရဲ့မြေးမလေး ဝင်းဝါပန်းမြတ်သူ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မင်းသမီးကြီးဝါဝါဝင်းရွှေကတော့ အနုပညာလောကမှာစံထားရတဲ့သူတစ်ယောက်ပါ။အကယ်ဒမီ(၃)ဆုကိုပိုင်ဆိုင်ထားသလို ဒါရိုက်တာတစ်ယောက်အနေနဲ့လည်းအောင်မြင်စွာရပ်တည်နေတာဖြစ်ပါတယ်။အခုဆိုရင် ဝါဝါဝင်းရွှေရဲ့အနုပညာမျိုးဆက်သစ်လေးတွေကို ပရိသတ်တွေကစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူတို့ဖြစ်ပါတယ်။ပျိုမျစ်နုနယ်တဲ့အလှပိုင်ရှင်လေးနှစ်ဦးကတော့ လက်ရှိရုံတင်ပြသနေပြီဖြစ်တဲ့ ရှင်ဥပဂုတ္တ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။မြေးမလေးနှစ်ဦးအနက်တစ်ဦးဖြစ်တဲ့ဝင်းဝါပန်းမြတ်သူကတော့ ယနေ့မှာ(၁၆)နှစ်ပြည့်သွားတာဖြစ်ပါတယ်။

ချစ်ရတဲ့မြေးမလေးရဲ့(၁၆)နှစ်ပြည့်မွေးနေ့မှာ ဖွားဖွားဝါဝါဝင်းရွှေကတော့ ” မွေးနေ့မှစဘဝလမ်းခရီးတလျှောက် သမီးရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေလို့ မေတ္တာပို့လိုက်ပါတယ်ချစ်မြေးလေး”ဆိုပြီး ဆုမွန်ကောင်းတွေတောင်းထားတာဖြစ်ပါတယ်။ဝင်းဝါပန်းမြတ်သူကတော့ ဖွားဖွားကိုအားကျပြီး မင်းသမီးလုပ်ဖို့အတွက်လည်းရည်မှန်းထားတဲ့ အနုပညာမျိုးဆက်သစ်လေးလည်းဖြစ်ပါတယ်။အနာဂတ်မှာတောက်ပတဲ့ အနုပညာငွေကြယ်ပွင့်လေးဖြစ်လာပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…

Source : WaWaWinShwe
Moe – CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Leave a Reply

Your email address will not be published.