‘ဘာရောဂါပဲ ဖြစ်ဖြစ် ရောဂါ မျိုးစုံအတွက် ရှေးကရေးသားခဲ့သော ဆေးနည်းများ (၁)’

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေရာဂါ ေပါင္းစံုအတြက္ ေရွးကေရးသား ေဆးနည္းမ်ား ေပါင္းခ်ဳပ္…။

ေရွးကေရးသား ေဆးနည္းမ်ား (၁)

ကေလးခြ်ဲထေပ်ာက္ ေဆးနည္း

* ျမင္းခြာရြက္သတၱဳရည္ကို လက္ဖက္ရည္ဇြန္းငယ္ တစ္ဇြန္းခန္႕ တုိက္ပါ။ ခြ်ဲ သလိပ္မ်ား က်ဆင္းပါသည္။(တစ္နည္း)

* ၾကိတ္မွတ္ရြက္၊ ေခြးေသးပန္းရြက္တုိ႔တြင္ ရွိန္းခိုးအနည္းငယ္ထည့္၍ ၾကိတ္ျပီးအရည္ကို ငယ္ထိမ္မွေန၍ ရင္ဘတ္အထိ လူးေပးပါ။(တစ္နည္း)

ကေလးဆီးေရာဂါေပ်ာက္ ေဆးနည္း

* ၾကက္သြန္နီကို မီးဖုတ္၍ ခြဲျပီး ဆီးအိမ္ေပၚ၌ ပူပူေႏြးေႏြးကပ္ေပးပါ။ ကေလး ဆီးခ်ဳပ္ေပ်ာက္၏။ (တစ္နည္း)

* ကေလးဆီးေအာင့္လွ်င္ ဒန္႕ကြ်ဲပင္အျမစ္ကို ဆန္ေဆးရည္ႏွင့္ ေသြး၍ ရင္ညႊန္႕ကစျပီး ဆီးစပ္အထိ လိမ္းေပးပါ။ (တစ္နည္း)

* လိပ္ေက်ာက္ျမီးကို ေရႏွင့္ေသြး၍ ခ်က္ေအာက္မွ ဆီးစပ္အထိ လိမ္းေပးပါ။ (တစ္နည္း)

ကေလးထိပ္အံု ေဆးနည္း

* ပန္းညိဳရြက္၊ လင္းေလးရြက္၊ ကြမ္းရြက္၊ ကုလားပင္စိမ္းရြက္၊ ပင့္ကူေျမွးထည့္၍ၾကိတ္ျပီး ႏွမ္း္ဆီႏွင့္ေဖ်ာ္၍ ထိပ္မွာအံုေပးပါ။ ႏွာေစး ေခ်ာင္းဆုိ ေပ်ာက္ကင္း၏။

ကေလးႏုိ႕မ်က္ေပ်ာက္ ေဆးနည္း

* ဖီးၾကမ္းငွက္ေပ်ာ္သီးအလံုးကို မီးဖုတ္၍ အခြံခြာျပီး အသားကို ေကြ်းပါ၊ အားလည္းရွိ ေစသည္။

ကေလးသူငယ္နာကင္းရန္ ေဆးနည္း

* ငွက္ေပ်ာသီးကို မီးဖုန္၍ မၾကာခဏ ေကြ်းေပးပါ။

ကေလးသန္က် ေဆးနည္း

* ေဆးရြက္ၾကီးကို ေရဆြတ္၍ ကေလးဗုိက္ေပၚမွာ စည္းထားေပးပါ။

ၾကက္ညွာေခ်ာင္းဆုိးေပ်ာက္ ေဆးနည္း

* ၾကက္သြန္ျဖဴကို ေထာင္းထု၍ ႏွမ္းဆီႏွင့္ သမေအာင္နယ္ျပီး ရင္ဘတ္ႏွင့္ေက်ာကို လိမ္းက်ံေပးပါ။ ေျခဖ၀ါးကို ၾကိတ္နယ္ထားေသာ အဖတ္မ်ားျဖင့္ ကပ္ျပီး ပတ္တီးစည္းထားေပးပါ။

ၾကက္ညွာ ေဆးနည္း
* ဟင္းႏုနယ္ျပာ၊ ထန္းႏို႕ျပာ၊ ၎ႏွစ္မ်ိဳးကို ဆီးကင္းခန္႕ တုိက္ေကြ်းပါ။

ကင္းကိုက္ ကင္းဆိပ္ႏုိင္ ေဆးနည္း

* ကေဆာ့ျမစ္ကိုျဖစ္ေစ၊ ေၾကာင္ပန္းျမစ္ကိုျဖစ္ေစ၊ သမန္းျမက္ကိုျဖစ္ေစ၊ ေပါင္းျမက္ကိုျဖစ္ေစ ရရာကို ညက္စြာ၀ါး၍ နား၌ သုတ္လိမ္းေပးပါက ကင္းဆိပ္မ်ိဳးႏုိင္၏။ ကင္းကိုက္ေပ်ာက္ကင္း၏။ (တစ္နည္း)

* သေျပရြက္ကိုၾကိတ္၍ အရည္ကို ကင္းကိုက္ခံရေသာေနရာတြင္ လူးေပးပါ။ (တစ္နည္း)

* မန္က်ည္းေစ့ကို ေသြး၍ လိမ္းေပးပါက ေပ်ာက္၏။ (တစ္နည္း)

* ျမင္းခြာရြက္သတၱဳရည္ႏွင့္ကင္းကိုက္ေသာ ေနရာအား လိမ္းေပးပါ။ (တစ္နည္း)

* ေခြးေလွးယားသီး အေစ့ကို ၾကီတ္၍ ကင္းကိုက္ခံရေသာ ေနရာအား လိမ္းေပးပါ။ (တစ္နည္း)

* မန္က်ည္းရြက္ကို ၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

* ငျဖဴၾကီးျမစ္ကို ေသြး၍ ကင္းကိုက္ခံရေသာေနရာအား လိမ္းေပးပါ။ (တစ္နည္း)

* တမာရြက္ကို ၾကိတ္၍ အံုေပးပါ။ (တစ္နည္း)

* ကင္းျမီးေကာက္ကိုက္ပါက တမာပြင့္ကို ရူေပးပါ။ (တစ္နည္း)

* ေၾကးဖလားကို ကင္းကိုက္ခံရသူၾကားေအာင္ တီးေပးပါ။ (တစ္နည္း)

က်ပ္တီးနာေပ်ာက္ ေဆးနည္း

* လည္ပင္းတြင္ အဖုအေစ့ ကေလးမ်ားအျဖစ္ ေပါက္ေသာ က်ပ္တီးနာကို ျမန္မာကုကၠိဳေစ့ ၾကိတ္၍ လိမ္းေပးပါ။

ၾကြက္ႏုိ႕ေပ်ာက္ ေဆးနည္း

* ခ်င္းတက္ကို ထိပ္ဘက္မွ ဓားျဖင့္လွီးပါ။ ထိပ္ကို ထံုးအနည္းငယ္ျဖင့္တုိ႔ျပီး ၾကြက္ႏုိ႕ေပၚမွာတျဖည္းျဖည္းခ်င္း ခ်င္းတက္ျဖင့္ ပြတ္ေပးပါ။ ၾကြက္ႏုိ္႕ ပါသြားပါလိမ့္မည္။

ကိုယ္ေရာင္ေရာဂါေပ်ာက္ ေဆးနည္း

* ခံတက္ေခါက္၊ ေဖ်ာက္ဆိတ္ျမစ္၊ နႏြင္းစိမ္း ၎ေဆးသံုးပါးကို အညီအမွ် ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

* နန္းလံုးၾကိဳင္ျမစ္၊ ငရံ႕ပတူျမစ္၊ ဘုမၼရာဇာျမစ္၊ ပဲစင္းငံုျမစ္၊ ၎ေဆးေလးပါးကို ေတာအရက္ျဖင့္ ေသြးလိမ္းေပးပါ။ (တစ္နည္း)

ေက်ာပူေခါင္းပူထ ေဆးနည္း

* ၾကိတ္မွန္ရြက္၊ ေခြးေသးပနး္ရြက္ ရွိန္းခိုအနည္းငယ္ထည့္၍ ၾကိတ္၍ အရည္ကို ငယ္ထိပ္မွေန၍ ေအာက္သို႔ လူးေပးပါ။

ၾကက္မ်က္သင့္ေရာဂါေပ်ာက္ ေဆးနည္း

* ၾကက္သြန္နီအရည္တြင္ ဆားအနည္းငယ္ထည့္၍ မ်က္စဥ္းခတ္ေပးပါ။ (တစ္နည္း)

* တမာရြက္ သတၱဳရည္ ႏွစ္က်ပ္ခြဲသားကို နံနက္ေစာေစာ ေန႕စဥ္ေသာက္ေပးပါ၊ ရက္မၾကာခင္ ေပ်ာက္ကင္းပါလိမ့္မည္။ (တစ္နည္း)

* ေလညွင္းကို ဆိန္က်င္ငယ္ရည္ျဖင့္ ေသြး၍ မ်က္စဥ္းခတ္ေပးပါ။ (တစ္နည္း)

က်င္ငယ္တစ္စက္တစ္စက္က်ေရာဂါေပ်ာက္ ေဆးနည္း

* ဆီးျဖဴသီးျပဳတ္ရည္ကို ပ်ားရည္ႏွင့္ ေသာက္ပါ။

ကြ်ဲအသားမာေပ်ာက္ ေဆးနည္း

* ထမင္းႏွင့္ ဆားကိုၾကိတ္၍ မီးဖုန္ျပီး အံုထားေပးပါ။ (တစ္နည္း)

* ေျပာင္းဖူးေစ့ကို ၾကိတ္ျပီး အမူန္႕လုပ္ပါ။ ၎အမူန္႕ကို ဆားအနညး္ငယ္ထည့္၍ ေဖ်ာ္ျပီး လိမ္းေပးပါ။ အနာေပၚတြင္ ပိန္းရြက္အံုထားေပးပါ။ (တစ္နည္း)

ခရုသင္းေပ်ာက္ ေဆးနည္း

* ငွက္ေပ်ာပင္၏ ပဥၥငါးပါးအား ျပာခ်၍ နႏြင္းႏွင့္ လူးေပးပါ။ (တစ္နည္း)

* ၾကိတ္မွန္ရြက္အရည္ကို မၾကာခဏ လိမ္းေပးပါ။ (တစ္နည္း)

ခါးကိုက္ေပ်ာက္ ေဆးနည္း

* ၀ါးရြက္ကို ဟင္းခ်က္၍ ေသာက္ပါ။ (တစ္နည္း)

* ခါးကို ဆပ္ျပာရည္ႏွင့္ ႏွိပ္နယ္ေပးပါ။ (တစ္နည္း)

ခူနာေပ်ာက္ ေဆးနည္း

* ဘူးရြက္ႏွင့္ ထံုးျဖဴကို အညီအမွ်ၾကိတ္၍ ခူနာေပၚမွာ အံုေပးပါ။ (တစ္နည္း)

* ျမင္းေခ်း၊ ငရုတ္ေကာင္း၊ ၎ေဆးႏွစ္ပါးအား ညက္ေအာင္ၾကိတ္ျပီး အုန္းဆီစစ္စစ္ျဖင့္ ေဖ်ာ္၍ လိမ္းေပးပါ။ (တစ္နည္း)

* အုတ္ခဲအမူန္႕ကို ဆီႏွင့္နယ္ျပီး လံုး၍ ခူနာေပၚမွာ လိမ္းေပးပါ။ (တစ္နည္း)

* သရက္ေခါက္ လတ္လတ္ဆတ္ဆတ္ကို ထုေထာင္းျပီး က်င္ငယ္ရည္ထည့္၍ အနာကို လိမ္းထားေပးပါ၊ တစ္ေန႕လွ်င္ အသစ္ ႏွစ္ခါေလာက္ ေျပာင္း၍ စိမ္ေပးပါ။ အေပ်ာက္ျမန္၏။ (တစ္နည္း)

* ေညာင္ေခါက္ကို ေရႏွင့္ညက္ေအာင္ၾကိတ္ျပီး အနာကို အံုေပးပါ။ မွည့္ေစလုိလွ်င္ ငါးပိထည့္၍ အံုေပးပါ။ မွည့္လြယ္ျပီး ခူနာ အေပ်ာက္ျမန္၏။ (တစ္နည္း)

ေခါင္းကိုက္ခဲေပ်ာက္ ေဆးနည္း

* မန္က်ည္းမွည့္ကို ဆားႏွင့္နယ္၍ ရူေပးပါ။ (တစ္နည္း)

* အညာကုကၠိဳပြင့္ကို ေရႏွင့္ၾကိတ္ျပီး ဦးေခါင္းႏွင့္ နားထင္ကို လိမ္းေပးပါ။

ေခ်ာင္းဆုိး ရင္ၾကပ္ေပ်ာက္ ေဆးနည္း

* ေက်ာက္ဖရုံျမစ္ကို အမူန္႕ျပဳလုပ္၍ ေရေႏြးႏွင့္ေသာက္ပါ။

ခံတြင္းပ်က္ေပ်ာက္ ေဆးနည္း
* ငွက္ေပ်ာသီးမွည့္ကို ထန္းလ်က္ႏွင့္ စားပါ။

ေခြးရူးကိုက္နာေပ်ာက္ ေဆးနည္း

* ၾကာစြယ္ကို လက္ဖက္ရည္ႏွင့္ ေသြး၍ ေသာက္ပါ။ (တစ္နည္း)

* ပဒုိင္းရြက္ ငါးက်ပ္သး၊ ဒုတၳာ တစ္က်ပ္သား၊ ၎ေဆးႏွစ္ပါးကို ညက္စြာၾကိတ္ျပီး ပဲၾကီးေစ့့ခန္႕ လံုးထားပါ။ လူၾကီးကိုက္ခံရေသာ္ တစ္လံုး၊ ကေလးကိုက္ခံရေသာ္ တစ္၀က္တုိက္ပါ။ အန္လွ်င္ ထန္းလ်က္ေကြ်းပါ။ (တစ္နည္း)

* ငရုတ္ေကာင္း၊ မုရုိးျမစ္၊ ဘူးျမစ္၊ ေခြးေတာက္ျမစ္၊ ထင္းရူးသား ၎တုိ႔ကို ဆတူၾကိတ္-ၾကိတ္၍ တုိက္ပါ။

ေခြ်းငုပ္ေပ်ာက္ ေဆးနည္း

* ဧကရာဇ္ျမစ္ကို ငါးေပါင္းေၾကာ္လုပ္၍ စားပါ။ (တစ္နည္း)

* ကသစ္ပြင့္ႏွင့္ တရုတ္စံကားပြင့္ကို လက္သုပ္လုပ္၍ စားပါ။ (တစ္နည္း)

ငါးခူငါးက်ည္းစူးေပ်ာက္ ေဆးနည္း
* ငါးခူငါးက်ည္းစူးပါက ဆီးျဖဴသီးကို စားေပးပါ။

စိန္အဆိပ္ေပ်ာက္ေျဖ ေဆးနည္း

* ကန္စြန္းရြက္ကို ၾကက္ျပဳတ္ရည္ျဖင့္ ခ်က္၍စားပါ။ (တစ္နည္း)

* ရွားရြက္ႏွင့္ ကန္စြန္းရြက္ ခ်က္စားပါ။ (တစ္နည္း)

* ရွားေစးတစ္က်ပ္သားကို ေရႏွင့္ေသြး၍ ေသာက္ပါ။ (တစ္နည္း)

ဆီးပူ၊ ဆီးေအာင့္ ဆီးေရာဂါေပ်ာက္ ေဆးနည္း

* ထန္းလ်က္ႏွင့္ ဇ၀က္သားဆတူၾကိတ္၍ ဆီးျဖဴသီးခန္႕ ေရေအးျဖင့္ ေသာက္ပါ။

* ခရုကို ဆားသြပ္ျပီး မီးဖုတ္၍ ေထာင္းစားပါ။ ဆီးပူနာေပ်ာက္၏။ (တစ္နည္း)

* ဆီးျဖဴသီးကို တင္လဲႏွင့္စားပါက ဆီးေအာင့္ေပ်ာက္ကင္း၏။ (တစ္နည္း)

* ၾကက္သြန္ျဖဴျပဳတ္ရည္ကို ေသာက္ပါက ဆီးတစ္စက္စက္ကေရာဂါ ေပ်ာက္၏။ (တစ္နည္း)

* ၾကက္သားႏွင့္ မုန္လာဥၾကီး အခ်ိဳခ်က္၍စားပါက ဆီးေအာင့္ႏွင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ေက်ာက္ဖရုံသီးကို သၾကားႏွင့္စားပါ။ ဆီးပူေပ်ာက္ကင္း၏။ (တစ္နည္း)

* သခြားသီးကို သၾကားႏွင့္စားပါ။ ဆီးပူေပ်ာက္ကင္း၏။ (တစ္နည္း)

* ထိကရုံးျမစ္ကိုၾကိတ္၍ ဆီးခံုတြင္ အံုေပးပါ။ (တစ္နည္း)

* ဆီးျဖဴသီးျပဳတ္ရည္ကို ပ်ားရည္ႏွင့္ တုိက္ပါက ဆီးေအာင့္ေရာဂါ ေပ်ာက္၏။ (တစ္နည္း)

* ဖီးၾကမ္းငွက္ေပ်ာသီးကို ထန္းလ်က္ႏွင့္ ၀ေအာင္စားပါ။ ဆီးခ်ဳပ္၊ ၀မ္းခ်ဳပ္ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ျမင္းခြာရြက္ကို လက္သုပ္လုပ္စားပါ။ (တစ္နည္း)

* ငုပင္၏ အႏွစ္ကိုေသြး၍ ခ်က္ေအာက္တြင္ မၾကာခဏလိမ္းေပးပါ။ (တစ္နည္း)

* ကုလားမ်က္စိရြက္ကို ၾကိတ္၍ အရည္ညွစ္ပါ။ ၎အရည္ကို ေသာက္ပါက ဆီးခ်ဳပ္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ၾကက္သြန္နီကို မ်ားမ်ားစားေပးပါ။ (တစ္နည္း)

* ထိကရုံးျမစ္ကို ေသြး၍ ေသြး၍ေသာက္ပါက ဆီးေအာင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ဆီးျဖဴသီးအေစ့ကို စားေပးပါ။ (တစ္နည္း)

* တမာေခါက္ကိုျပဳတ္၍ နံနက္ေစာေစာပုိင္းတြင္ ေသာက္ေပးပါ။ ဆီေးအာင့္ ေက်ာက္တည္ ေပ်ာက္၏။

* ခံတက္ေခါက္ကို ေလးခြက္တစ္ခြက္တင္ ၾကိဳ၍ေသာက္ပါ။ ဆီးေအာင့္ ေက်ာက္တည္ ေပ်ာက္၏။ (တစ္နည္း)

* ဘူးသီးျပဳတ္ကို မ်ားမ်ားစားေပးပါ။ (တစ္နည္း)

* ယမေနရြက္ သတၱဳရည္ကို ေၾကြဇြန္းၾကီး တစ္ဇြန္းသာသာ တစ္ေန႕ ႏွစ္ၾကိမ္ ေသာက္ေပးပါ။ (တစ္နည္း)

ဆံပင္ကြ်တ္ေပ်ာက္ ေဆးနည္း

* သလဲရြက္ကို ေရႏွင့္ၾကိတ္၍ သတၱဳရည္ကို တစ္ေန႕ႏွစ္ၾကိမ္လိမ္းေပးပါမူ ဆံပင္ကြ်တ္ျခင္း ေပ်ာက္ကင္း၏။

ဆံပင္ေပါက္ ေဆးနည္း

* သံပရာေစ့ကို ေရႏွင့္ၾကိတ္ျပီး ေန႕စဥ္လိမ္ေပးပါ။

ဆံပင္နက္ ေဆးနည္း

* တမာဆီကို ေန႕စဥ္ လိမ္းေပးျခင္းအားျဖင့္ ဆံပင္မ်ားျပန္၍ နက္ျပီးေခ်ာမြတ္ေစသည္။ (တစ္နည္း)

* မယားၾကီးရြက္၊ ပဲရြက္၊ ေပါက္ပန္းျဖဴရြက္ ၎သံုးမ်ိဳးကိုၾကိတ္၍ ႏွမ္းဆီႏွင့္ ေဖ်ာ္လိမ္ေပးပါ။ (တစ္နည္း)

* သူငယ္စာ ငွက္ေပ်ာကို ပ်ားရည္ႏွင့္ တစ္ႏွစ္စိမ္ျပီးစားပါ။ (တစ္နည္း)

* မန္က်ည္းသီး ငါးက်ပ္သား၊ ဆားငါးက်ပ္သား၊ ေပြးကိုင္းရြက္ ငါးက်ပ္သား၊ သၾကားတစ္ဆယ္က်ပ္သား၊ ပ်ားရည္ တစ္ဆယ္က်ပ္သား ၎ေဆးငါးပါးေရာ၍ စားပါ။ (တစ္နည္း)

* သံေခ်း၊ မုေယာပြင့္၊ ဆီးျဖဴသီး ၎တုိ႔ကို အညီအမွ်စု၍ ၾကိတ္ျပီး သံုးရက္ခန္႕ လိမ္းေပးပါ။ (တစ္နည္း)

* မန္က်ည္းသီးအဆံကိုေသြး၍ ဦးေခါင္းရွိ ဆံပင္အားလံုးကို လိမ္းပါ။ (တစ္နည္း)

* ေပြးကိုင္းရြက္၊ ၾကိတ္မွန္ရြက္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ အရည္ကို ေသာက္ေပးပါ။ (တစ္နည္း)

* ယမေနသီး အဆီကို ႏွာရူေပးလွ်င္ ဆံပင္ျဖဴေပ်ာက္၏။ (တစ္နည္း)

* တမာသီးအဆံကို ၾကိတ္မွန္ရြက္ႏွင့္ၾကိတ္၍ ႏွာရူေပးပါက ဆံပင္ျဖဴေပ်ာက္၏။ (တစ္နည္း)

* ဒါန္းၾကီးရြက္ႏွင့္ မဲနယ္ပင္ကို ၾကိတ္၍ သတၱဳရည္ကို ျဖဴေသာဆံပင္အား လိမ္းေပးပါ။ (တစ္နည္း)

* ဒႏၱသုခ ပင္လံုးျပဳရည္ျဖင့္ မၾကာခဏ ေခါင္းေလွ်ာ္ေပးပါ။ ဆံပင္ျဖဴေပ်ာက္၍ ေဘာက္ပါေသသည္။ (တစ္နည္း)

ဆံပင္ေကာင္းရန္ ေဆးနည္း

* တမာရြက္ႏွင့္ ဆီးရြက္ကို ဆတူၾကိတ္ျပီး အမူန္႕ကို ေခါင္းမွာလိမ္းေပးပါ။ ဆယ့္ႏွစ္နာရီၾကာလွ်င္ ေဆးေၾကာေပးပါ။ ဤနည္းအတုိင္း ရက္အနည္းငယ္ ျပဳလုပ္ေပးပါက ဆံပင္ေကာင္း၍လာ၏။

ဆင္ေျခေထာက္ေရာဂါေပ်ာက္ ေဆးနည္း

* ငျဖဴၾကီးျမစ္ကို ဆန္ပုန္းရည္ျဖင့္ ေသြး၍ လူးေပးပါ။

ဆံုဆုိ႔နာေပ်ာက္ ေဆးနည္း

* သေဘၤာသီး အစိမ္ကို စားေပးပါ။ (တစ္နည္း)

* ငါးရန္႕ပတူျမစ္ကို ေသြး၍ လူးေပးပါ။ (တစ္နည္း)

* ကြမ္းသီးကိုၾကိတ္၍ သုတ္လိမ္းေပးပါ။ (တစ္နည္း)

ဇက္ေလးနာေပ်ာက္ ေဆးနည္း

* တမာေခါက္ကို သံုးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ပါ။

ညေသးပါေရာဂါေပ်ာက္ ေဆးနည္း

* က်ီးအာသီး သတၱဳရည္ကို လက္ဖက္ရည္ဖြန္း တစ္၀က္ခန္႕ ရက္အနည္းငယ္ ေန႕စဥ္ဆက္၍ ေသာက္ပါ။

ေညာင္းက်ေရာဂါ ေပ်ာက္ေဆးနည္း

* ေၾကာင္ပန္းရြက္ကိုျပဳတ္၍ ေႏြးေႏြးထားျပီး မၾကာခဏေသာက္ပါ။

ညွင္းေပ်ာက္ေဆးနည္း

* ပဒုမၼာၾကာရုိးကို မီးဖုတ္၍ ျပာကိုလိမ္းက်ံေသာ ညွင္း၊ တင္းတိတ္ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ကန္႕ကိုေရနံဆီျဖင့္ေသြး၍ ညအိပ္ရာ၀င္တြင္ လိမ္းေပးပါ။ သံုးရက္ဆက္၍ လိမ္းေပးပါ။ ညွင္းမ်ားကြာက်၍ ေပ်ာက္ကင္း၏။ (တစ္နည္း)

* ၾကိတ္မွန္ရြက္ သတၱဳရည္ကို လိမ္းေပးပါ။ (တစ္နည္း)

* လက္ပံပင္၏ဆူးကို ႏုိ႕ရည္ႏွင့္ေသြး၍ လိမ္းေပးပါက ညွင္း၊ တင္းတိတ္ေပ်ာက္ကင္း၍ မ်က္ႏွာေခ်ာမြတ္ေစသည္။

တင္းတိတ္ေပ်ာက္ ေဆးနည္း

* ငရုတ္ေကာင္း၊ ေဂၚရာဇင္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ လိမ္းေပးပါ၊ ေန႕စဥ္ဆက္၍ လိမ္းေပးပါက ရက္အနည္းငယ္ၾကာလွ်င္ ေပ်ာက္ကင္း၏။ (တစ္နည္း)

* လက္ပံပင္၏ဆူကို ႏုိ႕ရည္ႏွင့္ေသြး၍ တင္းတိတ္ရွိေသာ ေနရာကို ေန႕စဥ္ရက္ဆက္ လိမ္းေပးပါက ရက္အနည္းငယ္အတြင္း ေပ်ာက္ကင္း၏။ (တစ္နည္း)

* ေညာင္ၾကတ္ညြန္႕ ပဲပိစပ္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

* ညအခါတြင္ တင္းတိတ္ရွိေသာေနရာကို မုန္ညင္းဆီသုတ္လိမ္းေပးပါ။ (တစ္နည္း)

* နႏြင္းႏွင့္ ငျဖဴၾကီးျမစ္ကို ေသြး၍လိမ္းေပးပါ။ (တစ္နည္း)

* ၾကက္ဆူရြက္အရည္၊ ဘူးေစ့ ၎ေဆးႏွစ္ပါးၾကိတ္၍ တင္းတိတ္ရွိေသာေနရာတြင္ လိမ္းေပးပါ။ (တစ္နည္း)

* သိေႏၶာဆားခဲကို ေရျဖင့္ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)

* ဒႏၱသုခ အရြက္စိမ္းရည္ႏွင့္ သနပ္ခါးစပ္၍ လိမ္းေပးပါ။

ထိရွပြန္းပဲ့ျခင္းအနာေပ်ာက္ ေဆးနည္း

* ကိုယ္လက္အဂၤါ ထိရွိပြန္းပဲ့ခဲ့ေသာ္ တမာဆီကို လိမ္းေပးပါ။ (တစ္နည္း)

* နႏြင္းႏွင့္ ကြမ္းစားထံုးကိုနယ္၍ အနာကိုထည့္ေပးပါ။ (တစ္နည္း)

* ေခြးေသးပန္းရြက္အရည္ကို ညွစ္၍ အနာကိုထည့္ေပးျပီး ပတ္တီးစည္းထားပါ။ (တစ္နည္း)

* ၾကိတ္မွန္ရြက္အရည္ကိုညွစ္၍ ထည့္ေပးပါ။ (တစ္နည္း)

* ကုကၠိဳရြက္ကိုၾကိတ္ညွစ္ျပီး သတၱဳရည္ကိုထည့္ေပး၍ ပတ္တီး စည္းထားေပးပါ။ (တစ္နည္း)

ဒူလာေသြး၀မ္းေပ်ာက္ ေဆးနည္း

* ငါးရွဥ္႕ကို ဆီးျဖဴသီးအေျခာက္ႏွင့္ ခ်က္၍စားပါ။

ဒူလာ၀မး္ပိတ္တား ေဆးနည္း

* သံပရာရည္၊ ဆီ၊ ဆား ၎ေဆးသံုးပါးအား အညီအမွ် ေရာစပ္၍ ေသာက္ပါ။

ဒူလာေညာင္းညာကိုက္ခဲေပ်ာက္ ေဆးနည္း

* ျမင္းခြာရြက္ တစ္ဆယ္က်ပ္သား၊ သေဘၤာဆီးျဖဴျမစ္ ငါးက်ပ္သား၊ ၎ေဆးႏွစ္ပါးအား သံုးခြက္တစ္ခြက္တင္က်ိဳ၊ လက္ဖက္ရည္ ဇြန္းျဖင့္ တစ္ေန႕သံုးၾကိမ္ေသာက္ပါ။ (တစ္နည္း)

* ကုကၠိဳရြက္ကို အရည္ညွစ္၍ မီးေႏြးေႏြးျပျပီး နားထဲသို႔ ထည့္ေပးပါ။ (တစ္နည္း)

* ရွားေစာင္း ျမင္းနားရြက္အရည္ကို မီးေႏြးေႏြးျပျပီး နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)

* ရွားေစာင္းလက္ပပ္ သတၱဳရည္ကို မီးေႏြးေႏြးျပျပီး ညာဘက္နားကိုက္မူ ဘယ္ဘက္နားကိုထည့္၊ ဘယ္ဘက္နားကိုက္မူ ညာဘက္နားထဲသို႔ ထည့္ေပးပါ။ လ်င္ျမန္စြာ ေပ်ာက္ကင္းေစသည္။ (တစ္နည္း)

* ေၾကာင္ပန္းရြက္အရည္၊ ႏွမ္းဆီ၊ ပ်ားရည္ ၎ေဆးသံုးပါးကို ဆတူေရာ၍ နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)

နားျပည္ယိုေပ်ာက္ ေဆးနည္း

* ငုရြက္၊ ေၾကာင္ပန္းရြက္ ၎ေဆးႏွစ္ပါးကို အရည္ညွစ္၍ နားကို က်ပ္ေပးပါ။ (တစ္နည္း)

* ေၾကာင္လွ်ာျမစ္ကို အမူန္႕ျပဳလုပ္၍ ႏွမ္းဆီႏွင့္ေဖ်ာ္ျပီး မီးေႏြးေႏြးႏွင့္ ခ်က္ပါ။ ၎ကို နားထဲတြင္ က်ပ္ေပးပါ။ (တစ္နည္း)

* တမာရြက္ကို ေရႏွင့္ျပဳတ္၍ နားကိုသန္႕ရွင္းေအာင္ ေဆးေၾကာေပးပါ။ (တစ္နည္း)

* တမာဆီႏွင့္ ပ်ားရည္ေရာျပီး နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)

* ရွားေစးမူန္႕ကို နားတြင္းသို႔ အနည္းငယ္ ျဖဴးျဖဴးထည့္ေပးပါ။ (တစ္နည္း)

နားေလထြက္ ေဆးနည္း

* ေၾကာင္လွ်ာသီးႏုႏုကို သံပရာရည္လက္သုပ္ လုပ္စားပါ။ (တစ္နည္း)

* ေထာပတ္ကို မီးေႏြးေႏြးျပျပီး နားက်ပ္ေပးပါ။ (တစ္နည္း)

* သစ္ၾကံပိုးအဆီကို နားအတြင္းသို႔ က်ပ္ေပးပါက နားအူ နားေလထြက္ ေပ်ာက္ကင္း၏။ (တစ္နည္း)

ႏုိ႕နာေပ်ာက္ ေဆးနည္း

* နႏြင္းႏွင့္ ခရုကို ေသြးလိမ္းပါ။ (တစ္နည္း)

* လင္းေလႏွင့္ စပါးျမစ္ကို ၾကိတ္၍အံုေပးပါ။ (တစ္နည္း)

* ၾကိတ္မွန္ရြက္ကို ငါးၾကင္းသားႏွင့္ ခ်က္၍စားပါ။ (တစ္နည္း)

* ဇရစ္ရုိးအရြက္မ်ားကို ဟင္းခါးခ်က္၍ စားပါ။ (တစ္နည္း)

* တမာရြက္ၾကိတ္၍ ႏုိ႕အံုကို လိမ္းက်ံ အံုေပးပါ။ (တစ္နည္း)

မိခင္မ်ားနုိ႕ထြက္ ေဆးနည္း

* သေဘၤာသီးအစိမ္းကို ဟင္းခ်က္၍စားပါ။ ရင္သားမ်ားတင္းမာလာျပီး ႏုိ႕မ်ားထြက္ ေစသည္။

ႏွင္းခူေပ်ာက္ ေဆးနည္း

* ငါးခူေခါင္းကို ျပာက်ေအာင္မီးဖုတ္ျပီး ၎ျပာကို ေရနံေခ်းျဖင့္ နယ္၍ လိမ္းေပးပါ။ (တစ္နည္း)

* ကနစို၊ ဆားခါး၊ မိတ္သလင္ ၎ေဆးသံုးပါးအား အညီအမွ် စု၍ မီးဖုတ္ျပာခ်ပါ၊ ၎ျပာကိုေရနံေခ်းျဖင့္ နယ္၍ လိမ္းေပးပါ။ (တစ္နည္း)

* မေဖာက္ထံုး သံုးက်ပ္သား၊ တေရာ္ ငါးက်ပ္သာ၊ ေရနံေခ်း တစ္ဆယ္က်ပ္သား ၎ေဆးသံုးပါးအား ၾကိတ္နယ္၍ လိမး္ေပးပါ။ (တစ္နည္း)

* ေဘာင္မဘာရြက္၊ ေလာက္ေသရြက္၊ ပဒိုင္းသီးရင့္ရင့္ ၎ေဆး သံုးပါးကို ကြ်မ္းေအာင္ေလွာ္ျပီး အမူန္႕ျပဳလုပ္၍ အုန္းဆီႏွင့္ေဖ်ာ္ျပီး မီးေႏြးေႏြးျပကာ လိမ္းေပးပါ။ (တစ္နည္း)

* ထိကရုံး ပဥၥငါးပါးကို ကြ်မ္းေအာင္ေလွာ္ျပီး အမူန္႕ျပဳလုပ္၍ အုန္းဆီႏွင့္ ေဖ်ာ္ျပီး လိမ္းေပးပါ။ (တစ္နည္း)

* သေဘာၤမယ္ဇလီရြက္ကို သံပရာရည္ျဖင့္ ၾကိတ္၍ လိမ္းပါး။ အနာကို ဖန္ရည္ေဆးျပီး နံနက္တစ္ၾကိမ္ ညတစ္ၾကိမ္ မွန္မွန္ျပဳလုပ္ေပးပါ။ (တစ္နည္း)

* ျမင္းေခ်းေလးက်ပ္သား၊ ငရုတ္ေကာင္း တစ္က်ပ္သား ၎ေဆးႏွစ္ပါးအား မူန္႕ျပဳလုပ္၍ အုန္းဆီႏွင့္ လိမ္းေပးပါ။ (တစ္နည္း)

* ေဂၚဖီထုပ္အျမစ္ကို ပါးပါးလွီး၍ ေျခာက္ေအာင္ ေနလွမ္းပါ။ အုိးတစ္လံုးတြင္ထည့္၍ ျပာခ်ပါ။ ၎ျပာကို နံ႕သာျဖဴရည္ႏွင့္ေဖ်ာ္၍ တစ္ေန႕ ႏွစ္ၾကိမ္သံုးၾကိမ္ လိမ္းေပးပါ။ (တစ္နည္း)

ႏွာပိတ္ေပ်ာက္ ေဆးနည္း

* ၾကိတ္မွန္ရြက္ကို အရည္ညွစ္၍ မၾကာခဏ ရူေပးပါ။ (တစ္နည္း)

* လက္ခ်ားကိုၾကိတ္၍ ရူေပးပါ။ (တစ္နည္း)

* ကုကၠိဳေစ့ကိုၾကိတ္၍ ရူေပးပါ။ (တစ္နည္း)

* ေရနံကို ရူေပးပါ။ (တစ္နည္း)

ႏွာေခါင္းေရာဂါေပ်ာက္ ေဆးနည္း

* တမာဆီကိုရူေသာ္ ႏွာေခါင္း၌ျဖစ္ေသာ ေရာဂါေပ်ာက္ကင္း၏။

ႏွာရည္ယိုေပ်ာက္ ေဆးနည္း

* တမာရြက္ႏွင့္ စမုန္ျဖဴကို ၾကိတ္၍ ႏွာခါင္းႏွင့္ နားထင္တြင္ လိမ္းေပးပါ။ (တစ္နည္း)

* ၾကက္သန္နီကို ရူေပးပါ။ (တစ္နည္း)

ႏွာေခါင္းေသြးလွ်ံေပ်ာက္ ေဆးနည္း

* ဟင္းႏုနယ္ရြက္ကို ညက္စြာၾကိတ္ျပီး ႏွာေခါင္းမွစ၍ မ်က္ႏွာ အထက္ပိုင္းကို လိမ္းက်ံေပးပါ။ (တစ္နည္း)

* ႏြားေခ်းေျခာက္ကို ရူေပးပါ။ (တစ္နည္း)

နားထုိင္း၊ နားပင္းေပ်ာက္ ေဆးနည္း

* စပါးၾကီးသည္းေျခ၊ ဖားဆီ ၎ေဆးႏွစ္ပါးကို ေရာစပ္၍ ငွက္ခါးေတာင္ႏွင့္ က်ပ္ေပးပါ။ (တစ္နည္း)

* သေဘၤာေစ့တစ္ေစ့၊ ဆားတစ္ေရြးသား၊ ေလးညွင္းတစ္ပြင့္ ၎တို႔ကို အမူန္႕ျပဳလုပ္၍ ႏွမ္းဆီႏွင့္ေရာစပ္ျပီး က်ပ္ေပးပါ။ (တစ္နည္း)

နားအူေပ်ာက္ ေဆးနည္း

* စပါးလင္ဆီ၊ ေထာပတ္ဆီ တစ္ခုခုကို နားမွာ က်ပ္ေပးပါ။

နားကိုက္ေပ်ာက္ေဆးနည္း

* ရွားေစာင္းလက္ပပ္ကို မီးကင္၍ အရည္ကိုယူျပီး နားထဲသို႔ ထည့္ေပးပါ။ မၾကာခဏ ျပဳလုပ္ေပးပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

* ၾကက္သြန္နီကို ထုေထာင္း၍ အရည္ညွစ္ယူပါ၊ ၎အရည္ကို မီးေႏြးေႏြးျပျပီး နားထဲသို႔ ထည့္ေပးပါ။ (တစ္နည္း)

နူနာေရဂါေပ်ာက္ ေဆးနည္း

* ရွားပင္၏အျမစ္၊ အေခါက္၊ အရြက္၊ အသီး၊ အပြင့္ ပဥၥငါးပါးကိုက်ိဳ၍ လိမ္းျခင္း၊ ေသာက္ျခင္း၊ ရူျခင္းမ်ားျပဳလုပ္ေပးပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

* ပိေတာက္သား အႏွစ္ကို ထုေထာင္း၍ ေရစိမ္ထားပါ။ ၎အရည္ကို စိပ္၍ေသာက္ျခင္းျဖင့္ နူနာေရာဂါကို ေပ်ာက္ကင္းေစႏုိင္သည္။ (တစ္နည္း)

ႏုိ႕ပ်ဥ္းက်ေရာဂါေပ်ာက္ ေဆးနည္း

* ၀က္ေခ်းမႏွဲပင္(တံျမက္စညး္ပင္) အျမစ္ကို ေရႏွင့္ေသြး၍ တစ္ေန႕ သံုးၾကိမ္လိမ္းေပးပါ။

ပင့္ကူကိုက္ေပ်ာက္ ေဆးနည္း

* ဆန္ေလွာ္ကို ၀ေအာင္စားပါ။ (တစ္နည္း)

* ၾကခတ္ခါးေစာင္းကို ေသြး၍လူးေပးပါ။ (တစ္နည္း)

ပန္းနာေပ်ာက္ ေဆးနည္း

* ေလးညွင္း ႏွစ္က်ပ္ရွစ္ပဲ၊ ကရေ၀း ႏွစ္က်ပ္ရွစ္ပဲ၊ ၎ေဆးႏွစ္ပါးကို အမူန္႕ျပဳလုပ္၍ ပ်ားရည္ႏွင့္ေရာျပီး နံနက္တစ္ၾကိမ္ ညတစ္ၾကိမ္ ဆီးကင္းခန္႕စားပါ။ (တစ္နည္း)

* ဆီးျဖဴသီးကို စားေပးပါ။ (တစ္နည္း)

* ၾကိတ္မွန္ရြက္၊ ေခြးေသးပန္းရြက္ ၎ေဆးႏွစ္ပါးအားဆတူ ေရာ၍ၾကိတ္ျပီး အရည္ညွစ္ယူပါ၊ ၎အရည္ကို ဆားအနည္းငယ္ ထည့္၍ လက္ဖက္ရည္ အၾကမ္းပန္ကန္တစ္၀က္ခန္႕ ေသာက္ပါ။(တစ္နည္း)

* ခ်င္းသတၱဳရည္ တစ္ဆယ္က်ပ္သား၊ ေရွာက္ရည္ တစ္ဆယ္က်ပ္သား၊ ဆားမီးဖုတ္ ငါးက်ပ္သား ၎ေဆးသံုးပါးအား သမေအာင္ေရာစပ္၍ နံနက္တစ္ၾကိမ္ ညတစ္ၾကိမ္ ေၾကြးဇြန္းတစ္ဇြန္းခန္႕ ေသာက္ေပးပါ။ (တစ္နည္း)

ေပြးေပ်ာက္ ေဆးနည္း

* ငု၊ ေရႊ၀ါ အရြက္ကိုၾကိတ္၍ အရည္ကို သံပရာရည္ႏွင့္ ေဖ်ာ္၍လိမ္းပါ။ (တစ္နည္း)

* ကေလာသီးတ္လံုးကို ထံုးျဖဴတစ္က်ပ္သားႏွင့္ေရာၾကိတ္၍ ေရနံေခ်းႏွင့္ခ်က္ျပီး အနာကို လိမ္းေပးပါ။ (တစ္နည္း)

* ၾကက္သြန္ျဖဴ၊ ဥတစ္လံု ခုနစ္တတ္၊ သေဘၤာမယ္ဇလီ ခုႏွစ္ရြက္ ၎ေဆးႏွစ္ပါးအား ၾကိတ္၍ ခုႏွစ္လံုး လံုးပါ။ တစ္ေန႕ တစ္လံုးက် စားသြားပါ။ (တစ္နည္း)

* ၾကက္သြန္ျဖဴ ဥတစ္လံုးကို ဖင္လွီး၍ ထြက္လာေသာအေစးႏွင့္ အနာကို မၾကာခဏ ပြတ္ေပးပါ။ (တစ္နည္း)

* သနပ္သီးအတြင္းမွ အဆံကိုၾကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

* သေဘၤာသီးအစိမ္းမွ ထြက္လာေသာအေစးကို လိမ္းေပးပါ။ (တစ္နည္း)

ဖ်ားျပီး အားနည္းေရာဂါေပ်ာက္ ေဆးနည္း

* တမာေခါက္ကိုျပဳတ္၍ ေသာက္ေပးပါ။ ဖ်ားျပီး အားနည္းေရာဂါေပ်ာက္၏။

ေဖာေရာင္ေပ်ာက္ေဆးနည္း

* ကနေဖာ့ကို ျပဳတ္၍စားပါ။ ၎ျပဳတ္ရည္ျဖင့္ ေခြ်းေအာင္းေပးပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

* စိႏၷေဘာ္ အရြက္ကိုျပဳတ္၍ ေရခ်ိဳးပါ။ ၎ျပဳတ္ရည္ျဖင့္ ေခြ်းေအာင္းပါ။ (တစ္နည္း)

မီးယပ္ငုပ္ေပ်ာက္ ေဆးနည္း

* ၾကိတ္မွန္ရြက္ကို လက္သုပ္လုပ္စားပါ။ (တစ္နည္း)

* ၾကိတ္မွန္ရြက္ႏွင့္ ထန္းလ်က္က်ိဳ၍ ဆားအနည္းငယ္ထည့္ျပီး ေသာက္ပါ။ (တစ္နည္း)

* ဒန္႕သလြန္ျမစ္ကို ဆားႏွင့္ေသြး၍ ေသာက္ပါ။ (တစ္နည္း)

မီးယပ္ ေခါင္းကိုက္ေပ်ာက္ ေဆးနည္း

* ဒန္႕သလြန္ျမစ္၊ ငရုတ္ေကာင္း၊ ပန္းႏု၊ လင္းေလ၊ ကုကၠိဳေခါက္ ၎ေဆးငါးပါးအား အမွ်စီစုျပီး ၾကိတ္၍ အမူန္႕လုပ္ရူပါ။

မီးယပ္ ေဆးနည္း

* နႏြင္းကို ေရႏွင့္ေဖ်ာ္ျပီး သမေအာင္နယ္၍ ကိုယ္ကို လိမ္းက်ံပါ။

မီးဖြားလြယ္ကူေသာ ေဆးနည္း

* ေပါက္ပန္းျဖဴကိုင္ကို လက္၀ဲလက္ယာကိုင္ပါေစ။ (တစ္နည္း)

* လက္ပံမူိ႕သီးကို ေသြး၍ လိမ္းေပးပါက အပူသက္သာေစသည္။ (တစ္နည္း)

* ငွက္ေပ်ာသီးအမွည့္ကို အံုေပးပါ။ (တစ္နည္း)

* ၀ါေစ့အဆံကိုၾကိတ္၍ အံုေပးပါ။ အပူသက္သာေစ၍ အျမန္ေပ်ာက္ကင္း၏။ (တစ္နည္း)

မီးေလာင္နာေပ်ာက္ ေဆးနည္း

* လူတစ္ကိုယ္လံုး မီးေလာင္ခဲ့ေသာ္ ငွက္ေပ်ာရြက္ကိုခင္း၍ အုပ္ထားပါ။

မိတ္ေပ်ာက္ ေဆးနည္း

* ခေရပြင့္ေျခာက္ကို သနပ္ခါးႏွင့္ ေသြး၍ လိမ္းေပးပါ။

မက္ကေလာင္နာ ေဆးနည္း

* အပူျပင္း၍ မ်က္စိ၀ါျခင္း၊ မ်က္လံုးမဖြင့္ျခင္းရွိသော္ စအုိ၀တြင္ အပူကန္၍ အဖုကေလးမ်ား ရွိလိမ့္မည္။ ၎အဖုေလးမ်ားအား ေဖာက္ေပးျပီး ၾကက္ဟင္းခါးအရည္ျဖင့္ သုတ္လိမ္းေပးပါ။

မ်က္စိနာ ေဆးနည္း

* ႏွမ္းေလွာ္ကို ရွဴေပးပါ။ (တစ္နည္း)

* မန္က်ည္းပင္၏ အေခါက္အား ဆားအနည္းငယ္ထည့္၍ ေသြးျပီး မ်က္စိအား ကြင္းလိမ္းေပးပါ။ (တစ္နည္း)

* တမာရြက္ကို အရည္ညွစ္၍ မ်က္စဥ္းခတ္ေပးပါ။ (တစ္နည္း)

* ကင္းမုန္ရြက္ကို ၾကိတ္နယ္၍ (နင္ကေရယုန္၊ ငါကကင္းမုန္ဟုဆုိကာ) ေရယုန္ေပါက္ေသာ ေနရာအား မၾကာခဏပြတ္ေပးပါက ေပ်ာက္၏။ (တစ္နည္း)

* မန္က်ည္းပနီျမစ္ကို ဆားႏွင့္ေသြး၍ လိမ္းေပးပါက ေပ်ာက္၏။ (တစ္နည္း)

* အုန္းဆီကို ေရႏွင့္ေဖ်ာ္ျပီး မၾကာခဏ သုတ္လိမ္းေပးျခင္းျဖင့္လည္း ေပ်ာက္ကင္း၏။ (တစ္နည္း)

* စစ္သိမ္ျမစ္ကို ဆားႏွင့္ေသြး၍ မ်က္စိကိုကြင္းလိမ္းေပးပါ။ (တစ္နည္း)

ရင္ဘတ္နာေပ်ာက္ ေဆးနည္း

* ငရုတ္ေကာင္းကို ျပာခ်၍ ပ်ားရည္ႏွင့္ စားပါက ေပ်ာက္ကင္း၏။ (တစ္နည္း)

* သံပရာသီးအစိမ္း အခြံကို စားေပးပါက ေလနာ၊ ရင္ဘတ္နာ ေပ်ာက္ကင္း၏။ (တစ္နည္း)

ေရငတ္၀မ္းက်ေပ်ာက္ ေဆးနည္း

* မန္က်ည္းေဖ်ာ္ရည္ကို ေသာက္ေပးပါ။ (တစ္နည္း)

* ဧကရာဇ္ျမစ္ကို ေသြး၍ ဆန္ေဆးရည္ႏွင့္ ေရာစပ္ျပီး ေၾကြဇြန္း တစ္ဇြန္းခန္႕ တစ္ေန႕သံုးၾကိမ္ တုိက္ပါ။ (တစ္နည္း)

ေမတၱာရိပ္

Unicode ဖြင့်ဖတ်ပါ
★★★★★

ရောဂါ ပေါင်းစုံအတွက် ရှေးကရေးသား ဆေးနည်းများ ပေါင်းချုပ်…။

ရှေးကရေးသား ဆေးနည်းများ (၁)

ကလေးချွဲထပျောက် ဆေးနည်း

* မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။(တစ်နည်း)

* ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။(တစ်နည်း)

ကလေးဆီးရောဂါပျောက် ဆေးနည်း

* ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။ (တစ်နည်း)

* ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)

* လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ (တစ်နည်း)

ကလေးထိပ်အုံ ဆေးနည်း

* ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။

ကလေးနို့မျက်ပျောက် ဆေးနည်း

* ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။

ကလေးသူငယ်နာကင်းရန် ဆေးနည်း

* ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။

ကလေးသန်ကျ ဆေးနည်း

* ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။

ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း

* ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။ ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။

ကြက်ညှာ ဆေးနည်း
* ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။

ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း

* ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါက ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။ (တစ်နည်း)

* သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။ (တစ်နည်း)

* မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)

* မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။ (တစ်နည်း)

* ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။ (တစ်နည်း)

* မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

* ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။ (တစ်နည်း)

* တမာရွက်ကို ကြိတ်၍ အုံပေးပါ။ (တစ်နည်း)

* ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။ (တစ်နည်း)

* ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)

ကျပ်တီးနာပျောက် ဆေးနည်း

* လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။

ကြွက်နို့ပျောက် ဆေးနည်း

* ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။ ကြွက်နို့် ပါသွားပါလိမ့်မည်။

ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း

* ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

* နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။ (တစ်နည်း)

ကျောပူခေါင်းပူထ ဆေးနည်း

* ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။

ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း

* ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)

* တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။ (တစ်နည်း)

* လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)

ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း

* ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။

ကျွဲအသားမာပျောက် ဆေးနည်း

* ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။ (တစ်နည်း)

* ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံထားပေးပါ။ (တစ်နည်း)

ခရုသင်းပျောက် ဆေးနည်း

* ငှက်ပျောပင်၏ ပဉ္စငါးပါးအား ပြာချ၍ နနွင်းနှင့် လူးပေးပါ။ (တစ်နည်း)

* ကြိတ်မှန်ရွက်အရည်ကို မကြာခဏ လိမ်းပေးပါ။ (တစ်နည်း)

ခါးကိုက်ပျောက် ဆေးနည်း

* ဝါးရွက်ကို ဟင်းချက်၍ သောက်ပါ။ (တစ်နည်း)

* ခါးကို ဆပ်ပြာရည်နှင့် နှိပ်နယ်ပေးပါ။ (တစ်နည်း)

ခူနာပျောက် ဆေးနည်း

* ဘူးရွက်နှင့် ထုံးဖြူကို အညီအမျှကြိတ်၍ ခူနာပေါ်မှာ အုံပေးပါ။ (တစ်နည်း)

* မြင်းချေး၊ ငရုတ်ကောင်း၊ ၎င်းဆေးနှစ်ပါးအား ညက်အောင်ကြိတ်ပြီး အုန်းဆီစစ်စစ်ဖြင့် ဖျော်၍ လိမ်းပေးပါ။ (တစ်နည်း)

* အုတ်ခဲအမူန့်ကို ဆီနှင့်နယ်ပြီး လုံး၍ ခူနာပေါ်မှာ လိမ်းပေးပါ။ (တစ်နည်း)

* သရက်ခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကျင်ငယ်ရည်ထည့်၍ အနာကို လိမ်းထားပေးပါ၊ တစ်နေ့လျှင် အသစ် နှစ်ခါလောက် ပြောင်း၍ စိမ်ပေးပါ။ အပျောက်မြန်၏။ (တစ်နည်း)

* ညောင်ခေါက်ကို ရေနှင့်ညက်အောင်ကြိတ်ပြီး အနာကို အုံပေးပါ။ မှည့်စေလိုလျှင် ငါးပိထည့်၍ အုံပေးပါ။ မှည့်လွယ်ပြီး ခူနာ အပျောက်မြန်၏။ (တစ်နည်း)

ခေါင်းကိုက်ခဲပျောက် ဆေးနည်း

* မန်ကျည်းမှည့်ကို ဆားနှင့်နယ်၍ ရူပေးပါ။ (တစ်နည်း)

* အညာကုက္ကိုပွင့်ကို ရေနှင့်ကြိတ်ပြီး ဦးခေါင်းနှင့် နားထင်ကို လိမ်းပေးပါ။

ချောင်းဆိုး ရင်ကြပ်ပျောက် ဆေးနည်း

* ကျောက်ဖရုံမြစ်ကို အမူန့်ပြုလုပ်၍ ရေနွေးနှင့်သောက်ပါ။

ခံတွင်းပျက်ပျောက် ဆေးနည်း
* ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။

ခွေးရူးကိုက်နာပျောက် ဆေးနည်း

* ကြာစွယ်ကို လက်ဖက်ရည်နှင့် သွေး၍ သောက်ပါ။ (တစ်နည်း)

* ပဒိုင်းရွက် ငါးကျပ်သး၊ ဒုတ္ထာ တစ်ကျပ်သား၊ ၎င်းဆေးနှစ်ပါးကို ညက်စွာကြိတ်ပြီး ပဲကြီးစေ့ခန့် လုံးထားပါ။ လူကြီးကိုက်ခံရသော် တစ်လုံး၊ ကလေးကိုက်ခံရသော် တစ်ဝက်တိုက်ပါ။ အန်လျှင် ထန်းလျက်ကျွေးပါ။ (တစ်နည်း)

* ငရုတ်ကောင်း၊ မုရိုးမြစ်၊ ဘူးမြစ်၊ ခွေးတောက်မြစ်၊ ထင်းရူးသား ၎င်းတို့ကို ဆတူကြိတ်-ကြိတ်၍ တိုက်ပါ။

ချွေးငုပ်ပျောက် ဆေးနည်း

* ဧကရာဇ်မြစ်ကို ငါးပေါင်းကြော်လုပ်၍ စားပါ။ (တစ်နည်း)

* ကသစ်ပွင့်နှင့် တရုတ်စံကားပွင့်ကို လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)

ငါးခူငါးကျည်းစူးပျောက် ဆေးနည်း
* ငါးခူငါးကျည်းစူးပါက ဆီးဖြူသီးကို စားပေးပါ။

စိန်အဆိပ်ပျောက်ဖြေ ဆေးနည်း

* ကန်စွန်းရွက်ကို ကြက်ပြုတ်ရည်ဖြင့် ချက်၍စားပါ။ (တစ်နည်း)

* ရှားရွက်နှင့် ကန်စွန်းရွက် ချက်စားပါ။ (တစ်နည်း)

* ရှားစေးတစ်ကျပ်သားကို ရေနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်း

* ထန်းလျက်နှင့် ဇဝက်သားဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။

* ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။ (တစ်နည်း)

* ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။ (တစ်နည်း)

* ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။ (တစ်နည်း)

* ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

* ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)

* သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)

* ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ (တစ်နည်း)

* ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။ (တစ်နည်း)

* ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ဝအောင်စားပါ။ ဆီးချုပ်၊ ဝမ်းချုပ် ပျောက်ကင်း၏။ (တစ်နည်း)

* မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)

* ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ (တစ်နည်း)

* ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

* ကြက်သွန်နီကို များများစားပေးပါ။ (တစ်နည်း)

* ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

* ဆီးဖြူသီးအစေ့ကို စားပေးပါ။ (တစ်နည်း)

* တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်၏။

* ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။ (တစ်နည်း)

* ဘူးသီးပြုတ်ကို များများစားပေးပါ။ (တစ်နည်း)

* ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)

ဆံပင်ကျွတ်ပျောက် ဆေးနည်း

* သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း၏။

ဆံပင်ပေါက် ဆေးနည်း

* သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ်လိမ်ပေးပါ။

ဆံပင်နက် ဆေးနည်း

* တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီးချောမွတ်စေသည်။ (တစ်နည်း)

* မယားကြီးရွက်၊ ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကိုကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်ပေးပါ။ (တစ်နည်း)

* သူငယ်စာ ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (တစ်နည်း)

* မန်ကျည်းသီး ငါးကျပ်သား၊ ဆားငါးကျပ်သား၊ ပွေးကိုင်းရွက် ငါးကျပ်သား၊ သကြားတစ်ဆယ်ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ (တစ်နည်း)

* သံချေး၊ မုယောပွင့်၊ ဆီးဖြူသီး ၎င်းတို့ကို အညီအမျှစု၍ ကြိတ်ပြီး သုံးရက်ခန့် လိမ်းပေးပါ။ (တစ်နည်း)

* မန်ကျည်းသီးအဆံကိုသွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (တစ်နည်း)

* ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (တစ်နည်း)

* ယမနေသီး အဆီကို နှာရူပေးလျှင် ဆံပင်ဖြူပျောက်၏။ (တစ်နည်း)

* တမာသီးအဆံကို ကြိတ်မှန်ရွက်နှင့်ကြိတ်၍ နှာရူပေးပါက ဆံပင်ဖြူပျောက်၏။ (တစ်နည်း)

* ဒါန်းကြီးရွက်နှင့် မဲနယ်ပင်ကို ကြိတ်၍ သတ္တုရည်ကို ဖြူသောဆံပင်အား လိမ်းပေးပါ။ (တစ်နည်း)

* ဒန္တသုခ ပင်လုံးပြုရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။ ဆံပင်ဖြူပျောက်၍ ဘောက်ပါသေသည်။ (တစ်နည်း)

ဆံပင်ကောင်းရန် ဆေးနည်း

* တမာရွက်နှင့် ဆီးရွက်ကို ဆတူကြိတ်ပြီး အမူန့်ကို ခေါင်းမှာလိမ်းပေးပါ။ ဆယ့်နှစ်နာရီကြာလျှင် ဆေးကြောပေးပါ။ ဤနည်းအတိုင်း ရက်အနည်းငယ် ပြုလုပ်ပေးပါက ဆံပင်ကောင်း၍လာ၏။

ဆင်ခြေထောက်ရောဂါပျောက် ဆေးနည်း

* ငဖြူကြီးမြစ်ကို ဆန်ပုန်းရည်ဖြင့် သွေး၍ လူးပေးပါ။

ဆုံဆို့နာပျောက် ဆေးနည်း

* သင်္ဘောသီး အစိမ်ကို စားပေးပါ။ (တစ်နည်း)

* ငါးရန့်ပတူမြစ်ကို သွေး၍ လူးပေးပါ။ (တစ်နည်း)

* ကွမ်းသီးကိုကြိတ်၍ သုတ်လိမ်းပေးပါ။ (တစ်နည်း)

ဇက်လေးနာပျောက် ဆေးနည်း

* တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ။

ညသေးပါရောဂါပျောက် ဆေးနည်း

* ကျီးအာသီး သတ္တုရည်ကို လက်ဖက်ရည်ဖွန်း တစ်ဝက်ခန့် ရက်အနည်းငယ် နေ့စဉ်ဆက်၍ သောက်ပါ။

ညောင်းကျရောဂါ ပျောက်ဆေးနည်း

* ကြောင်ပန်းရွက်ကိုပြုတ်၍ နွေးနွေးထားပြီး မကြာခဏသောက်ပါ။

ညှင်းပျောက်ဆေးနည်း

* ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)

* ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာဝင်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။ (တစ်နည်း)

* ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ (တစ်နည်း)

* လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။

တင်းတိတ်ပျောက် ဆေးနည်း

* ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ (တစ်နည်း)

* လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ (တစ်နည်း)

* ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

* ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ (တစ်နည်း)

* နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)

* ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ (တစ်နည်း)

* သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

* ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။

ထိရှပွန်းပဲ့ခြင်းအနာပျောက် ဆေးနည်း

* ကိုယ်လက်အင်္ဂါ ထိရှိပွန်းပဲ့ခဲ့သော် တမာဆီကို လိမ်းပေးပါ။ (တစ်နည်း)

* နနွင်းနှင့် ကွမ်းစားထုံးကိုနယ်၍ အနာကိုထည့်ပေးပါ။ (တစ်နည်း)

* ခွေးသေးပန်းရွက်အရည်ကို ညှစ်၍ အနာကိုထည့်ပေးပြီး ပတ်တီးစည်းထားပါ။ (တစ်နည်း)

* ကြိတ်မှန်ရွက်အရည်ကိုညှစ်၍ ထည့်ပေးပါ။ (တစ်နည်း)

* ကုက္ကိုရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်ကိုထည့်ပေး၍ ပတ်တီး စည်းထားပေးပါ။ (တစ်နည်း)

ဒူလာသွေးဝမ်းပျောက် ဆေးနည်း

* ငါးရှဉ့်ကို ဆီးဖြူသီးအခြောက်နှင့် ချက်၍စားပါ။

ဒူလာဝမ်းပိတ်တား ဆေးနည်း

* သံပရာရည်၊ ဆီ၊ ဆား ၎င်းဆေးသုံးပါးအား အညီအမျှ ရောစပ်၍ သောက်ပါ။

ဒူလာညောင်းညာကိုက်ခဲပျောက် ဆေးနည်း

* မြင်းခွာရွက် တစ်ဆယ်ကျပ်သား၊ သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား၊ ၎င်းဆေးနှစ်ပါးအား သုံးခွက်တစ်ခွက်တင်ကျို၊ လက်ဖက်ရည် ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပါ။ (တစ်နည်း)

* ကုက္ကိုရွက်ကို အရည်ညှစ်၍ မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)

* ရှားစောင်း မြင်းနားရွက်အရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

* ရှားစောင်းလက်ပပ် သတ္တုရည်ကို မီးနွေးနွေးပြပြီး ညာဘက်နားကိုက်မူ ဘယ်ဘက်နားကိုထည့်၊ ဘယ်ဘက်နားကိုက်မူ ညာဘက်နားထဲသို့ ထည့်ပေးပါ။ လျင်မြန်စွာ ပျောက်ကင်းစေသည်။ (တစ်နည်း)

* ကြောင်ပန်းရွက်အရည်၊ နှမ်းဆီ၊ ပျားရည် ၎င်းဆေးသုံးပါးကို ဆတူရော၍ နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

နားပြည်ယိုပျောက် ဆေးနည်း

* ငုရွက်၊ ကြောင်ပန်းရွက် ၎င်းဆေးနှစ်ပါးကို အရည်ညှစ်၍ နားကို ကျပ်ပေးပါ။ (တစ်နည်း)

* ကြောင်လျှာမြစ်ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးနှင့် ချက်ပါ။ ၎င်းကို နားထဲတွင် ကျပ်ပေးပါ။ (တစ်နည်း)

* တမာရွက်ကို ရေနှင့်ပြုတ်၍ နားကိုသန့်ရှင်းအောင် ဆေးကြောပေးပါ။ (တစ်နည်း)

* တမာဆီနှင့် ပျားရည်ရောပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

* ရှားစေးမူန့်ကို နားတွင်းသို့ အနည်းငယ် ဖြူးဖြူးထည့်ပေးပါ။ (တစ်နည်း)

နားလေထွက် ဆေးနည်း

* ကြောင်လျှာသီးနုနုကို သံပရာရည်လက်သုပ် လုပ်စားပါ။ (တစ်နည်း)

* ထောပတ်ကို မီးနွေးနွေးပြပြီး နားကျပ်ပေးပါ။ (တစ်နည်း)

* သစ်ကြံပိုးအဆီကို နားအတွင်းသို့ ကျပ်ပေးပါက နားအူ နားလေထွက် ပျောက်ကင်း၏။ (တစ်နည်း)

နို့နာပျောက် ဆေးနည်း

* နနွင်းနှင့် ခရုကို သွေးလိမ်းပါ။ (တစ်နည်း)

* လင်းလေနှင့် စပါးမြစ်ကို ကြိတ်၍အုံပေးပါ။ (တစ်နည်း)

* ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ချက်၍စားပါ။ (တစ်နည်း)

* ဇရစ်ရိုးအရွက်များကို ဟင်းခါးချက်၍ စားပါ။ (တစ်နည်း)

* တမာရွက်ကြိတ်၍ နို့အုံကို လိမ်းကျံ အုံပေးပါ။ (တစ်နည်း)

မိခင်များနို့ထွက် ဆေးနည်း

* သင်္ဘောသီးအစိမ်းကို ဟင်းချက်၍စားပါ။ ရင်သားများတင်းမာလာပြီး နို့များထွက် စေသည်။

နှင်းခူပျောက် ဆေးနည်း

* ငါးခူခေါင်းကို ပြာကျအောင်မီးဖုတ်ပြီး ၎င်းပြာကို ရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)

* ကနစို၊ ဆားခါး၊ မိတ်သလင် ၎င်းဆေးသုံးပါးအား အညီအမျှ စု၍ မီးဖုတ်ပြာချပါ၊ ၎င်းပြာကိုရေနံချေးဖြင့် နယ်၍ လိမ်းပေးပါ။ (တစ်နည်း)

* မဖောက်ထုံး သုံးကျပ်သား၊ တရော် ငါးကျပ်သာ၊ ရေနံချေး တစ်ဆယ်ကျပ်သား ၎င်းဆေးသုံးပါးအား ကြိတ်နယ်၍ လိမ်းပေးပါ။ (တစ်နည်း)

* ဘောင်မဘာရွက်၊ လောက်သေရွက်၊ ပဒိုင်းသီးရင့်ရင့် ၎င်းဆေး သုံးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးပြကာ လိမ်းပေးပါ။ (တစ်နည်း)

* ထိကရုံး ပဉ္စငါးပါးကို ကျွမ်းအောင်လှော်ပြီး အမူန့်ပြုလုပ်၍ အုန်းဆီနှင့် ဖျော်ပြီး လိမ်းပေးပါ။ (တစ်နည်း)

* သဘောၤမယ်ဇလီရွက်ကို သံပရာရည်ဖြင့် ကြိတ်၍ လိမ်းပါး။ အနာကို ဖန်ရည်ဆေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပါ။ (တစ်နည်း)

* မြင်းချေးလေးကျပ်သား၊ ငရုတ်ကောင်း တစ်ကျပ်သား ၎င်းဆေးနှစ်ပါးအား မူန့်ပြုလုပ်၍ အုန်းဆီနှင့် လိမ်းပေးပါ။ (တစ်နည်း)

* ဂေါ်ဖီထုပ်အမြစ်ကို ပါးပါးလှီး၍ ခြောက်အောင် နေလှမ်းပါ။ အိုးတစ်လုံးတွင်ထည့်၍ ပြာချပါ။ ၎င်းပြာကို နံ့သာဖြူရည်နှင့်ဖျော်၍ တစ်နေ့ နှစ်ကြိမ်သုံးကြိမ် လိမ်းပေးပါ။ (တစ်နည်း)

နှာပိတ်ပျောက် ဆေးနည်း

* ကြိတ်မှန်ရွက်ကို အရည်ညှစ်၍ မကြာခဏ ရူပေးပါ။ (တစ်နည်း)

* လက်ချားကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)

* ကုက္ကိုစေ့ကိုကြိတ်၍ ရူပေးပါ။ (တစ်နည်း)

* ရေနံကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းရောဂါပျောက် ဆေးနည်း

* တမာဆီကိုရူသော် နှာခေါင်း၌ဖြစ်သော ရောဂါပျောက်ကင်း၏။

နှာရည်ယိုပျောက် ဆေးနည်း

* တမာရွက်နှင့် စမုန်ဖြူကို ကြိတ်၍ နှာခါင်းနှင့် နားထင်တွင် လိမ်းပေးပါ။ (တစ်နည်း)

* ကြက်သန်နီကို ရူပေးပါ။ (တစ်နည်း)

နှာခေါင်းသွေးလျှံပျောက် ဆေးနည်း

* ဟင်းနုနယ်ရွက်ကို ညက်စွာကြိတ်ပြီး နှာခေါင်းမှစ၍ မျက်နှာ အထက်ပိုင်းကို လိမ်းကျံပေးပါ။ (တစ်နည်း)

* နွားချေးခြောက်ကို ရူပေးပါ။ (တစ်နည်း)

နားထိုင်း၊ နားပင်းပျောက် ဆေးနည်း

* စပါးကြီးသည်းခြေ၊ ဖားဆီ ၎င်းဆေးနှစ်ပါးကို ရောစပ်၍ ငှက်ခါးတောင်နှင့် ကျပ်ပေးပါ။ (တစ်နည်း)

* သင်္ဘောစေ့တစ်စေ့၊ ဆားတစ်ရွေးသား၊ လေးညှင်းတစ်ပွင့် ၎င်းတို့ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ရောစပ်ပြီး ကျပ်ပေးပါ။ (တစ်နည်း)

နားအူပျောက် ဆေးနည်း

* စပါးလင်ဆီ၊ ထောပတ်ဆီ တစ်ခုခုကို နားမှာ ကျပ်ပေးပါ။

နားကိုက်ပျောက်ဆေးနည်း

* ရှားစောင်းလက်ပပ်ကို မီးကင်၍ အရည်ကိုယူပြီး နားထဲသို့ ထည့်ပေးပါ။ မကြာခဏ ပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)

* ကြက်သွန်နီကို ထုထောင်း၍ အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)

နူနာရေဂါပျောက် ဆေးနည်း

* ရှားပင်၏အမြစ်၊ အခေါက်၊ အရွက်၊ အသီး၊ အပွင့် ပဉ္စငါးပါးကိုကျို၍ လိမ်းခြင်း၊ သောက်ခြင်း၊ ရူခြင်းများပြုလုပ်ပေးပါက ပျောက်ကင်း၏။ (တစ်နည်း)

* ပိတောက်သား အနှစ်ကို ထုထောင်း၍ ရေစိမ်ထားပါ။ ၎င်းအရည်ကို စိပ်၍သောက်ခြင်းဖြင့် နူနာရောဂါကို ပျောက်ကင်းစေနိုင်သည်။ (တစ်နည်း)

နို့ပျဉ်းကျရောဂါပျောက် ဆေးနည်း

* ဝက်ချေးမနှဲပင်(တံမြက်စည်းပင်) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့ သုံးကြိမ်လိမ်းပေးပါ။

ပင့်ကူကိုက်ပျောက် ဆေးနည်း

* ဆန်လှော်ကို ဝအောင်စားပါ။ (တစ်နည်း)

* ကြခတ်ခါးစောင်းကို သွေး၍လူးပေးပါ။ (တစ်နည်း)

ပန်းနာပျောက် ဆေးနည်း

* လေးညှင်း နှစ်ကျပ်ရှစ်ပဲ၊ ကရဝေး နှစ်ကျပ်ရှစ်ပဲ၊ ၎င်းဆေးနှစ်ပါးကို အမူန့်ပြုလုပ်၍ ပျားရည်နှင့်ရောပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ဆီးကင်းခန့်စားပါ။ (တစ်နည်း)

* ဆီးဖြူသီးကို စားပေးပါ။ (တစ်နည်း)

* ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ၎င်းဆေးနှစ်ပါးအားဆတူ ရော၍ကြိတ်ပြီး အရည်ညှစ်ယူပါ၊ ၎င်းအရည်ကို ဆားအနည်းငယ် ထည့်၍ လက်ဖက်ရည် အကြမ်းပန်ကန်တစ်ဝက်ခန့် သောက်ပါ။(တစ်နည်း)

* ချင်းသတ္တုရည် တစ်ဆယ်ကျပ်သား၊ ရှောက်ရည် တစ်ဆယ်ကျပ်သား၊ ဆားမီးဖုတ် ငါးကျပ်သား ၎င်းဆေးသုံးပါးအား သမအောင်ရောစပ်၍ နံနက်တစ်ကြိမ် ညတစ်ကြိမ် ကြွေးဇွန်းတစ်ဇွန်းခန့် သောက်ပေးပါ။ (တစ်နည်း)

ပွေးပျောက် ဆေးနည်း

* ငု၊ ရွှေဝါ အရွက်ကိုကြိတ်၍ အရည်ကို သံပရာရည်နှင့် ဖျော်၍လိမ်းပါ။ (တစ်နည်း)

* ကလောသီးတ်လုံးကို ထုံးဖြူတစ်ကျပ်သားနှင့်ရောကြိတ်၍ ရေနံချေးနှင့်ချက်ပြီး အနာကို လိမ်းပေးပါ။ (တစ်နည်း)

* ကြက်သွန်ဖြူ၊ ဥတစ်လုံ ခုနစ်တတ်၊ သင်္ဘောမယ်ဇလီ ခုနှစ်ရွက် ၎င်းဆေးနှစ်ပါးအား ကြိတ်၍ ခုနှစ်လုံး လုံးပါ။ တစ်နေ့ တစ်လုံးကျ စားသွားပါ။ (တစ်နည်း)

* ကြက်သွန်ဖြူ ဥတစ်လုံးကို ဖင်လှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏ ပွတ်ပေးပါ။ (တစ်နည်း)

* သနပ်သီးအတွင်းမှ အဆံကိုကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

* သင်္ဘောသီးအစိမ်းမှ ထွက်လာသောအစေးကို လိမ်းပေးပါ။ (တစ်နည်း)

ဖျားပြီး အားနည်းရောဂါပျောက် ဆေးနည်း

* တမာခေါက်ကိုပြုတ်၍ သောက်ပေးပါ။ ဖျားပြီး အားနည်းရောဂါပျောက်၏။

ဖောရောင်ပျောက်ဆေးနည်း

* ကနဖော့ကို ပြုတ်၍စားပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါက ပျောက်ကင်း၏။ (တစ်နည်း)

* စိန္နဘော် အရွက်ကိုပြုတ်၍ ရေချိုးပါ။ ၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းပါ။ (တစ်နည်း)

မီးယပ်ငုပ်ပျောက် ဆေးနည်း

* ကြိတ်မှန်ရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)

* ကြိတ်မှန်ရွက်နှင့် ထန်းလျက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး သောက်ပါ။ (တစ်နည်း)

* ဒန့်သလွန်မြစ်ကို ဆားနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

မီးယပ် ခေါင်းကိုက်ပျောက် ဆေးနည်း

* ဒန့်သလွန်မြစ်၊ ငရုတ်ကောင်း၊ ပန်းနု၊ လင်းလေ၊ ကုက္ကိုခေါက် ၎င်းဆေးငါးပါးအား အမျှစီစုပြီး ကြိတ်၍ အမူန့်လုပ်ရူပါ။

မီးယပ် ဆေးနည်း

* နနွင်းကို ရေနှင့်ဖျော်ပြီး သမအောင်နယ်၍ ကိုယ်ကို လိမ်းကျံပါ။

မီးဖွားလွယ်ကူသော ဆေးနည်း

* ပေါက်ပန်းဖြူကိုင်ကို လက်ဝဲလက်ယာကိုင်ပါစေ။ (တစ်နည်း)

* လက်ပံမိူ့သီးကို သွေး၍ လိမ်းပေးပါက အပူသက်သာစေသည်။ (တစ်နည်း)

* ငှက်ပျောသီးအမှည့်ကို အုံပေးပါ။ (တစ်နည်း)

* ဝါစေ့အဆံကိုကြိတ်၍ အုံပေးပါ။ အပူသက်သာစေ၍ အမြန်ပျောက်ကင်း၏။ (တစ်နည်း)

မီးလောင်နာပျောက် ဆေးနည်း

* လူတစ်ကိုယ်လုံး မီးလောင်ခဲ့သော် ငှက်ပျောရွက်ကိုခင်း၍ အုပ်ထားပါ။

မိတ်ပျောက် ဆေးနည်း

* ခရေပွင့်ခြောက်ကို သနပ်ခါးနှင့် သွေး၍ လိမ်းပေးပါ။

မက်ကလောင်နာ ဆေးနည်း

* အပူပြင်း၍ မျက်စိဝါခြင်း၊ မျက်လုံးမဖွင့်ခြင်းရှိသော် စအိုဝတွင် အပူကန်၍ အဖုကလေးများ ရှိလိမ့်မည်။ ၎င်းအဖုလေးများအား ဖောက်ပေးပြီး ကြက်ဟင်းခါးအရည်ဖြင့် သုတ်လိမ်းပေးပါ။

မျက်စိနာ ဆေးနည်း

* နှမ်းလှော်ကို ရှူပေးပါ။ (တစ်နည်း)

* မန်ကျည်းပင်၏ အခေါက်အား ဆားအနည်းငယ်ထည့်၍ သွေးပြီး မျက်စိအား ကွင်းလိမ်းပေးပါ။ (တစ်နည်း)

* တမာရွက်ကို အရည်ညှစ်၍ မျက်စဉ်းခတ်ပေးပါ။ (တစ်နည်း)

* ကင်းမုန်ရွက်ကို ကြိတ်နယ်၍ (နင်ကရေယုန်၊ ငါကကင်းမုန်ဟုဆိုကာ) ရေယုန်ပေါက်သော နေရာအား မကြာခဏပွတ်ပေးပါက ပျောက်၏။ (တစ်နည်း)

* မန်ကျည်းပနီမြစ်ကို ဆားနှင့်သွေး၍ လိမ်းပေးပါက ပျောက်၏။ (တစ်နည်း)

* အုန်းဆီကို ရေနှင့်ဖျော်ပြီး မကြာခဏ သုတ်လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်း၏။ (တစ်နည်း)

* စစ်သိမ်မြစ်ကို ဆားနှင့်သွေး၍ မျက်စိကိုကွင်းလိမ်းပေးပါ။ (တစ်နည်း)

ရင်ဘတ်နာပျောက် ဆေးနည်း

* ငရုတ်ကောင်းကို ပြာချ၍ ပျားရည်နှင့် စားပါက ပျောက်ကင်း၏။ (တစ်နည်း)

* သံပရာသီးအစိမ်း အခွံကို စားပေးပါက လေနာ၊ ရင်ဘတ်နာ ပျောက်ကင်း၏။ (တစ်နည်း)

ရေငတ်ဝမ်းကျပျောက် ဆေးနည်း

* မန်ကျည်းဖျော်ရည်ကို သောက်ပေးပါ။ (တစ်နည်း)

* ဧကရာဇ်မြစ်ကို သွေး၍ ဆန်ဆေးရည်နှင့် ရောစပ်ပြီး ကြွေဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် တိုက်ပါ။ (တစ်နည်း)

မေတ္တာရိပ်