.ပြင်ဦးလွင်က ပန်းပွဲတော်မှာ ပရိသတ်နဲ့တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ သံသာညီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

သံသာညီကတော့ မကြာသေးခင်ကမှ ထုတ်လွှင့်ပြီးစီးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲမှာ ဖူးဝေနေရာကနေသရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိခဲ့တာပါ။ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဖူးဝေဆိုတဲ့ ကာရိုက်တာလေးကို အကောင်းဆုံးစီးမျောပြီးသရုပ်ဆောင်ခဲ့တာကြောင့် ပထမဆုံးဇာတ်လမ်းတွဲမှာတင် ပရိသတ်တွေက ချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲလေးပြီးသွားချိန်မှာတော့ ပရိသတ်ကြီးမေ့သွားမှာစိုးတဲ့ ဖူးဝေလေးကတော့ “အရင်က တနင်္ဂနွေဆို ဖူးဝေလေးကို လွမ်းနေကြပြီဟုတ်? အခုရော သတိရကြသေးရဲ့လား စိုးရိမ်မိတယ်? ပန်းပွဲတော်မှာ ညနေ(၂)နာရီကစပြီး ဖူးဝေလေးရှိနေပါမယ်..ချစ်တဲ့သူတွေ လာတွေ့ကြပါ” လို့ ရေးသားခဲ့ပြီး ပန်းပွဲတော်မှာပရိသတ်တွေနဲ့ ဆုံတွေ့နိုင်ဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

သံသာညီကတော့ ပြင်ဦးလွင်ပန်းပွဲတော်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့နဲ့မနက်ဖြန် ပြင်ဦးလွင်ပန်းပွဲတော်၊အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ပရိသတ်တွေနဲ့အတူပျော်ပျော်ပါးပါး ဂိမ်းဆော့ကစားပြီး လက်မှတ်ရေးထိုးသွားမှာပါ။ သံသာညီနဲ့အတူ ကျော်ဆု၊ ဘုန်းရှိန်ခန့်၊ နန်းစန္ဒာလှထွန်းတို့လည်း လာရောက်ကြမှာဖြစ်ပါတယ်။ ဒီနေ့ (၁၆) ရက်နေ့လေးမှာ ဖူးဝေလေးကို မတွေ့လိုက်ရရင်လည်း မနက်ဖြန်တစ်ရက်ကျန်သေးတာမို့ ပြင်ဦးလွင်ကဖူးဝေလေးရဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Than Thar Nyi, FG Entertainment
Rainbow – Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ျပင္ဦးလြင္က ပန္းပြဲေတာ္မွာ ပရိသတ္နဲ႔ေတြ႕ဆံုႏိုင္ဖို႔ ဖိတ္ေခၚလိုက္တဲ့ သံသာညီ”

သံသာညီကေတာ့ မၾကာေသးခင္ကမွ ထုတ္လႊင့္ျပီးစီးခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “ေႏြလယ္ညရဲ႕လမင္း” ဇာတ္လမ္းတြဲမွာ ဖူးေဝေနရာကေနသရုပ္ေဆာင္ခဲ့ျပီး ပရိသတ္အားေပးခ်စ္ခင္မွုကို ရရွိခဲ့တာပါ။ မ်က္ႏွာသစ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေပမယ့္ ဖူးေဝဆိုတဲ့ ကာရုိက္တာေလးကို အေကာင္းဆံုးစီးေမ်ာျပီးသရုပ္ေဆာင္ခဲ့တာေၾကာင့္ ပထမဆံုးဇာတ္လမ္းတြဲမွာတင္ ပရိသတ္ေတြက ခ်စ္ခင္ခဲ့ၾကတာျဖစ္ပါတယ္။

ဇာတ္လမ္းတြဲေလးျပီးသြားခ်ိန္မွာေတာ့ ပရိသတ္ၾကီးေမ့သြားမွာစိုးတဲ့ ဖူးေဝေလးကေတာ့ “အရင္က တနဂၤေႏြဆုိ ဖူးေဝေလးကို လြမ္းေနၾကျပီဟုတ္? အခုေရာ သတိရၾကေသးရဲ႕လား စိုးရိမ္မိတယ္? ပန္းပြဲေတာ္မွာ ညေန(၂)နာရီကစျပီး ဖူးေဝေလးရွိေနပါမယ္..ခ်စ္တဲ့သူေတြ လာေတြ႔ၾကပါ” လို႔ ေရးသားခဲ့ျပီး ပန္းပြဲေတာ္မွာပရိသတ္ေတြနဲ႔ ဆံုေတြ႔ႏုိင္ဖို႔ ဖိတ္ေခၚထားတာျဖစ္ပါတယ္။

သံသာညီကေတာ့ ျပင္ဦးလြင္ပန္းပြဲေတာ္ကို ေရာက္ရွိေနျပီျဖစ္ျပီး ဒီေန႔နဲ႔မနက္ျဖန္ ျပင္ဦးလြင္ပန္းပြဲေတာ္၊အမ်ိဳးသားကန္ေတာ္ၾကီးဥယ်ာဥ္မွာ ပရိသတ္ေတြနဲ႔အတူေပ်ာ္ေပ်ာ္ပါးပါး ဂိမ္းေဆာ့ကစားျပီး လက္မွတ္ေရးထိုးသြားမွာပါ။ သံသာညီနဲ႔အတူ ေက်ာ္ဆု၊ ဘုန္းရွိန္ခန္႔၊ နန္းစႏၵာလွထြန္းတို႔လည္း လာေရာက္ၾကမွာျဖစ္ပါတယ္။ ဒီေန႔ (၁၆) ရက္ေန႔ေလးမွာ ဖူးေဝေလးကို မေတြ႔လိုက္ရရင္လည္း မနက္ျဖန္တစ္ရက္က်န္ေသးတာမို႔ ျပင္ဦးလြင္ကဖူးေဝေလးရဲ႕ ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Than Thar Nyi, FG Entertainment
Rainbow – Cele Gabar