ရွှေတိဂုံဘုရားတွင် နေ့စဉ်မနက်တိုင်းအဓိဌာန်ဝင်ကာ ကောင်းမှုကုသိုလ်တွေပြုလုပ်လေ့ရှိတဲ့ သဇင်ထူးမြင့်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ကြည်လင်ဝင်းပတဲ့အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့အချစ်တွေကို တစ်ခဲနက်ရရှိထားသူကတော့ သရုပ်ဆောင် သဇင်ထူးမြင့်ပါ။ သူမဟာ အနုပညာလောကကို ဝင်ရောက်တာ မကြာသေးပင်မယ့်လည်း ပရိသတ်တွေကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ချစ်မဝဖြစ်နေရတာပါ။ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အားလပ်ချိန်မရှိရလောက်အောင် ကြိုးစားပမ်းစားလုပ်ကိုင်နေတာပါ။

သဲဟာ အသက်ငယ်သေးပင်မယ့် မိဘကျေးဇူးကို သိတတ်ကာ လိမ္မာရေးခြားရှိတာကြောင့်လည်း အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။ မကြာသေးခင်ကလည်း ချစ်မေမေရဲ့ မွေးနေ့လေးကို ကြိုးစားပမ်းစားရှာဖွေထားတဲ့ အနုပညာကြေး ၁၇ သိန်းကို SURPRISE လုပ်ကာ လက်ဆောင်ပေးခဲ့တာပါ။ သဲရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိသူတစ်ယောက်ပါ။

အခုမှာလည်း နေ့စဉ်ပြုလုပ်နေကြ အရာလေးကို ဝေမျှလိုက်တာပါ။ ဒါကတော့ နေ့စဉ်မနက်တိုင်း ရွှေတိဂုံမှာ ပဌာန်းရွတ်ဖတ်ပူဇော်နေတဲ့ ပုံရိပ်လေးပါ။ သူမရဲ့ Facebook Myday တွင်လည်း” မနက် ၃း၃၀ ဆိုတာနဲ့ထ ၄း၃၀ ဆိုတာနဲ့ဘုရားပေါ်ရောက် အဓိဌာန်ဝင် နေ့တိုင်းဒီလိုလေးဖြတ်သန်းလာတာ ကိုယ့်ဘာကိုယ် ကျေနပ်မိတယ် ” ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် သဇင်ထူးမြင့်ရဲ့ပုံရိပ်လေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Thazin Htoo Myint’s Facebook Myday
“Myanmarload’

Zawgyi ဖြင့်ဖတ်ပါ
★★★★★




“Myanmarload’