ဝေဖန်ခံနေရတဲ့ ဘန်ဂျမင် ဘက်ကနေ ကာကွယ်ပြောကြားပေးလိုက်တဲ့ ဝါရင့်အဆိုတော်ကြီး ချောစုခင်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
Myanmar Idol Season 4 မှာပွဲအဆူဆုံးအဆိုတော်ကိုပြပါဆိုရင်တော့ လက်ရှိ Top 4 ပြိုင်ပွဲဝင် Benjamin Sum ကိုပဲပြရမယ်လို့ထင်ပါတယ်နော်။သဲသဲလှုပ်အားပေးသူအများအပြားရှိနေသလို ဝေဖန်တိုက်ခိုက်ခံရမှုအများအပြားကိုလည်းရရှိနေခဲ့တာပါ။
အဆိုတော် ချောစုခင်ကတော့ တချိန်က နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်သလို အခုချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းကို ဆက်လက်ရရှိနေသူတစ်ဦးပါ
။ယခုအခါမှာတော့ ချောစုခင်က Myanmar Idol Season 4 ကို ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အဆိုတော်လေးတွေကိုအားပေးစကားပြောကြားလာခဲ့တာပါ။ချောစုခင်က သူ့အနေနဲ့ လက်ရှိ Myanmar Idol မှာ အက်စတာနဲ့ ဘင်ဂျမင်ဆုမ်း ကို သဘောကျတဲ့ အကြောင်းပြောလာခဲ့ပြီး ဘင်ဂျမင်အနေနဲ့ ချင်းသံလေးဝဲနေတာဖြစ်တဲ့အတွက် ကြောက်စိတ်ဝင်ကာ သီချင်းတွေကို ခပ်တင်းတင်းလေးဆိုမိနေတာဖြစ်တဲ့အကြောင်း သူ့အနေနဲ့ ဘင်ဂျမင်ရဲ့ သီချင်းသီဆိုပုံတွေကို ကြိုက်နှစ်သက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ဒါ့အပြင်သူမက ဒီပြိုင်ပွဲမှာ Bottom ထိုင်ရသည်ဖြစ်စေWinner ဆုမရသည်ဖြစ် အားငယ်စရာမလိုကြောင်းနဲ့ Final List ထဲဝင်ပြီဆိုကတည်းက မိမိမှာ အခွင့်အရေးကောင်းတွေရှိနေပြီဖြစ်တာမို့ အကောင်းဆုံးအသုံးချနိုင်ဖို့သာလိုကြောင်း ပြိုင်ပွဲဝင်တွေကို လမ်းညွှန်သွားခဲ့ပါသေးတယ်။
ချောစုခင်ကတော့ Myanmar Idol ပြိုင်ပွဲဝင်လေးတွေကို အားပေးစကားပြောကြားခဲ့သလို သူနှစ်သက်တဲ့ ဘင်ဂျမင်ဆုမ်းကိုလည်း ကာကွယ်ပြောကြားသွားခဲ့တာပါနော်။ပရိသတ်ကြီးရော ဒီအပေါ် ဘယ်လိုမြင်လဲဆိုတာ ထင်မြင်ချက်ပေးထားခဲ့ကြပါအုန်းနော်။
Writer – Magic (Shwe Yaung Lan)