ငယ်ချစ်ဦးကို ပရိသတ်တွေထံ ချပြလိုက်ပြီ ဖြစ်တဲ့ စံရတီမိုးမြင့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

စံရတီမုိးျမင့္ဟာ ေအာင္ျမင္မႈကုိ ကာလရွည္ၾကာစြာ ထိန္းသိမ္းထားနုိင္တဲ့ မင္းသမီးတစ္လက္ ျဖစ္ျပီး ပရိသတ္ေတြခ်စ္ျပီး အားေပးရတဲ့ မင္းသမိီးေလးလည္း ျဖစ္ပါတယ္။ အသားအရည္ အထူးတလည္ ေကာင္းမြန္လွပတာေၾကာင့္ ပရိသတ္ေတြသာမက အနုပညာရွင္ေတြ အခ်င္းခ်င္းပါ အားက်ရတဲ့ အနုပညာရွင္တစ္ဦးလည္း ျဖစ္ပါေသးတယ္။ သဲသဲဆိုတဲ့ အိမ္နာမည္ေလးနဲ႔ စံရတီမုိးျမင့္ က ငယ္ငယ္ကတည္းက မင္းသမီးျဖစ္ခ်င္ခဲ့တာလို႔ ဆိုပါတယ္။

စံရတီမိုးျမင့္က ဘာသာတရားလည္း ကုိင္းရႈိင္းျပီး အလွဴေရစက္လက္နဲ႔မကြာတဲ့ မင္းသမီးတစ္လက္ဆုိရင္လည္း မမွားပါဘူး။ စံရတီက မၾကာေသးမီက ထီေပါက္ျပီး ထီလက္မွတ္ေပ်ာက္တဲ့ အျဖစ္ကုိ ပရိသတ္ေတြကုိ ရင္ဖြင့္ထားခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ စံရတီမိုးျမင့္က အနုပညာအလုပ္ေတြ ဆက္တုိက္ လုပ္ေနသလို ပရိသတ္ေတြနဲ႔လည္း မကင္းကြာပဲ လူမႈကြန္ယက္မွာ အနုပညာလႈပ္ရွားမႈေတြ ဆက္တိုက္ဆိုသလို တင္ေပးေနတတ္သူလည္း ျဖစ္ပါတယ္။

အရမ္းကုိ နုဖတ္ေခ်ာေမာလွတဲ့ မင္းသမီးေလးရဲ႕ ခ်စ္သူကုိ ဘယ္သူမ်ားျဖစ္မလဲလို႔ ပရိသတ္ေတြက စိတ္ဝင္စားေနခဲ့ၾကေပမယ့္လည္း စံရတီမိုးျမင့္ဟာ အခ်စ္ေရးနဲ႔ ပတ္သက္ျပီး သုိသိပ္လ်ိဳ႕ဝွက္စြာ ေနတတ္တာမို႔ သူမရဲ႕ ခ်စ္သူကုိ ပရိသတ္ေတြမွာ အရိပ္ကေလးေသာ္မွ ျမင္ခြင့္မၾကံဳခဲ့ပါဘူး။

အခုေတာ့ စံရတီမိုးျမင့္က သူမရဲ႕ ခ်စ္ဦးသူ ငယ္ခ်စ္ဦးကုိ ပရိသတ္ေတြေရွ႕ကို ခ်ျပလာခဲ့ပါျပီ။ စံရတီမိုးျမင့္က မၾကာေသးမီရက္ပုိင္းက သူမရဲ႕ လူမႈကြန္ယက္မွာ ငယ္ခ်စ္ဦးရဲ႕ ဓာတ္ပံုနဲ႔တကြ တင္ထားခဲ့တာပါ။ စံရတီမိုးျမင့္က သူမရဲ႕ လူမႈကြန္ယက္မွာ

ကုိရီးယားမင္းသား Gong Yoo ရဲ႕ ဓာတ္ပံုနဲ႔ အတူ “ငယ္ငယ္ထဲက ခ်စ္တဲ့ ဦးမို႔ ငယ္ခ်စ္ဦး” လို႔ ေရးတင္ထားခဲ့တာ ေတြ႕ရပါတယ္။ စံရတီမုိးျမင့္ရဲ႕ ငယ္ခ်စ္ဦးကေတာ့ Gong Yoo ပါတဲ့ေနာ္။ အဲဒီ post ေအာက္မွာ ပရိသတ္ေတြက ဝုိင္းျပီး စေနာက္ေနၾကတာကုိလည္း ေတြ႕ရပါတယ္။

ပရိသတ္ၾကီးေရာ စံရတီမိုးျမင့္ရဲ႕ ငယ္ခ်စ္ဦး Gong Yoo ကုိ ခ်စ္ၾကလား။ စံရတီမိုးျမင့္ကုိေရာ အားေပးၾကလား။ စံရတီမိုးျမင့္ရဲ႕ ေနာက္ထပ္ထြက္ရွိမယ့္ ရုပ္ရွင္ကားၾကီးေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Credit Original Uploader

Unicode ဖြင့်ဖတ်ပါ
★★★★★

ငယ်ချစ်ဦးကို ပရိသတ်တွေထံ ချပြလိုက်ပြီ ဖြစ်တဲ့ စံရတီမိုးမြင့် ….

စံရတီမိုးမြင့်ဟာ အောင်မြင်မှုကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ပရိသတ်တွေချစ်ပြီး အားပေးရတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။ အသားအရည် အထူးတလည် ကောင်းမွန်လှပတာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေ အချင်းချင်းပါ အားကျရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါသေးတယ်။ သဲသဲဆိုတဲ့ အိမ်နာမည်လေးနဲ့ စံရတီမိုးမြင့် က ငယ်ငယ်ကတည်းက မင်းသမီးဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။

စံရတီမိုးမြင့်က ဘာသာတရားလည်း ကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်း မမှားပါဘူး။ စံရတီက မကြာသေးမီက ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ အဖြစ်ကို ပရိသတ်တွေကို ရင်ဖွင့်ထားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စံရတီမိုးမြင့်က အနုပညာအလုပ်တွေ ဆက်တိုက် လုပ်နေသလို ပရိသတ်တွေနဲ့လည်း မကင်းကွာပဲ လူမှုကွန်ယက်မှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို တင်ပေးနေတတ်သူလည်း ဖြစ်ပါတယ်။

အရမ်းကို နုဖတ်ချောမောလှတဲ့ မင်းသမီးလေးရဲ့ ချစ်သူကို ဘယ်သူများဖြစ်မလဲလို့ ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြပေမယ့်လည်း စံရတီမိုးမြင့်ဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိပ်လျို့ဝှက်စွာ နေတတ်တာမို့ သူမရဲ့ ချစ်သူကို ပရိသတ်တွေမှာ အရိပ်ကလေးသော်မှ မြင်ခွင့်မကြုံခဲ့ပါဘူး။

အခုတော့ စံရတီမိုးမြင့်က သူမရဲ့ ချစ်ဦးသူ ငယ်ချစ်ဦးကို ပရိသတ်တွေရှေ့ကို ချပြလာခဲ့ပါပြီ။ စံရတီမိုးမြင့်က မကြာသေးမီရက်ပိုင်းက သူမရဲ့ လူမှုကွန်ယက်မှာ ငယ်ချစ်ဦးရဲ့ ဓာတ်ပုံနဲ့တကွ တင်ထားခဲ့တာပါ။ စံရတီမိုးမြင့်က သူမရဲ့ လူမှုကွန်ယက်မှာ

ကိုရီးယားမင်းသား Gong Yoo ရဲ့ ဓာတ်ပုံနဲ့ အတူ “ငယ်ငယ်ထဲက ချစ်တဲ့ ဦးမို့ ငယ်ချစ်ဦး” လို့ ရေးတင်ထားခဲ့တာ တွေ့ရပါတယ်။ စံရတီမိုးမြင့်ရဲ့ ငယ်ချစ်ဦးကတော့ Gong Yoo ပါတဲ့နော်။ အဲဒီ post အောက်မှာ ပရိသတ်တွေက ဝိုင်းပြီး စနောက်နေကြတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်ကြီးရော စံရတီမိုးမြင့်ရဲ့ ငယ်ချစ်ဦး Gong Yoo ကို ချစ်ကြလား။ စံရတီမိုးမြင့်ကိုရော အားပေးကြလား။ စံရတီမိုးမြင့်ရဲ့ နောက်ထပ်ထွက်ရှိမယ့် ရုပ်ရှင်ကားကြီးတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Credit Original Uploader