မောင်ဖက်လို့ ကောင်းအောင် ဝ ထားပေးတာဆိုတဲ့ စမိုင်းလ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

စမိုင်းလ် တယောက်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သူ့အနေနဲ့ ပရိသတ်တွေ အားကျရလောက်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး အမြဲတမ်းလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ တယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း နယ်သာလန် နိုင်ငံ ထိသွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ဝန်းရံခဲ့ကြောင်းကိုလည်း အားလုံးသိကြပြီးဖြစ်မှာပါ ။ နယ်သာလန်ကနေ ပြန်လာလာချင်းမှာပဲ စမိုင်းလ်တို့ မိသားစုတွေကတော့ တောင်ကိုရီးယား နိုင်ငံကို အလည်အပတ်ခရီးထွက်သွားခဲ့ပါတယ်။

အဲ့ဒီလို အလည် အပတ်တွေသွားတာကိုလည်း စမိုင်းလ်ရဲ့ Facebook Page ကနေပြီး ဓာတ်ပုံတွေကို ပြန်လည်မျှဝေနေကြတာကို တွေ့ကြပြီးဖြစ်မှာပါ ။ အခု ပြောချင်လွန်းလို့ မိတ်ဆွေတွေအတွက် ဖော်ပြပေးသွားချင်တဲ့ အကြောင်းရာကတော့ စမိုင်းရဲ့ ခင်ပွန်းဖြစ်သူကို အချွဲပိုပိုပြောလိုက်တဲ့ စကားလေး တစ်ခွန်းဖြစ်ပါတယ်။ စမိုင်းလ်က သူရဲ့ခင်ပွန်းဖြစ်သူတွေ အကြောင်းကို “ဝလာတယ်လာမပြောနဲ့ ရာသီဥတုအေးနေလို့ မောင်ဖက်လို့ကောင်းအောင်ဝပေးထားတာ ရှင်းလား”ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။ ဝဝကစ်ကစ် ကောင်မလေး တွေကတော့ သူတို့ Cover လုပ်စရာစကားလေး ရသွားပြီထင်ပါတယ်။

ကျနော်တို့ ပြောနေကြစကား လေးတွေ ဝကစ်ကစ် ကောင်မလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားလေးတွေ ပြောလေ့ရှိတာက နွေမှာအေးပြီး ဆောင်းမှာနွေး ဆိုတဲ့ ခန္ဓာကိုယ် အချိုးအဆစ်လေးမို့ အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ ဖက်လို့ကောင်းအောင် ဝပေးထားတာဆိုတဲ့ စကားလေးကို ပြန်ပြောကြဖို့ မမေ့ကြပါနဲ့နော် ။ မိတ်ဆွေတို့မှာရော ဖက်လို့ကောင်းတဲ့ အအေးဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အချိုးအဆစ်လေးနဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားပြီလား ဆိုတာကို ပြောပြသွားကြပါဦးနော် ။

Unicode ဖွင့ျဖတျပါ
★★★★★




Credit : ygn-news