ဗစ်တိုးရီးယားအမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက် ခြင်း မရှိသည့်အတွက် လွတ်မြောက်သွားပြီဖြစ်တဲ့ ကိုအောင်ကြီး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



Crd –

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ၊ဗစ်တိုးရီးယားလေးရဲ့ အမှုဟာ တနိုင်ငံလုံးမှာရှိနေတဲ့ မိဘတွေ ကို အများကြီးရိုက်ခတ်ခဲ့တာပါ ။ကျောင်းကားမောင်းတဲ့ ယာဉ်မောင်း ကိုအောင်ကြီးဟာ သံသယတရားခံအဖြစ် စွပ်စွဲခံထားရတာလည်းဖြစ်ပါတယ် ။

ဗစ်တိုးရီးယားအမှုအတွက် ရဲကစွပ်စွဲ ဖမ်းဆီးထားသော Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး၏ ကိုယ်ပိုင်ယာဉ်မောင်း ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးက တရားရှင်လွှတ်ကြောင်း ယနေ့ ဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ အပိုဒ်ခွဲ ၂ အရ အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက် ခြင်း မရှိသည့်အတွက် ယင်းသို့ တရားရှင်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကိုအောင်ကြီး၏ ရှေ့နေကမီဒီယာတွေကိုပြောကြားခဲ့တာပါ ။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းမှ အသက် သုံးနှစ်ပင် မပြည့်သေးသော မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားလေးကို မေလအတွင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ တရားကို နတ်စောင့်သွားတဲ့ အောင်ကြီးတဲ့ဖြစ်ရပ်အတွက် မှတ်ချက်ကနေပြောပြခဲ့ကြပါဦး။
Crd –