ကြော်ငြာဘုရင်မအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေလိုက်တဲ့ ထက်ထက်မိုးဦး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



Source – Htet Htet Moe Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်မိုးဦးလို့ပြောလိုက်တာနဲ့ အခုအချိန်ထိ ကြော်ငြာဘုရင်မဆိုတဲ့ သရဖူကို အောင်မြင်စွာ ဆောင်းထားနိုင်ဆဲဖြစ်ပါတယ် ။ ထက်ထက် တစ်ယောက် အနုပညာစန်းကို အခုအချိန်ထိ ထိန်းထားနိုင်သေးတာဟာ အင်မတန်အံ့သြဖို့ကောင်းပါတယ် ။

အခုတစ်ခေါက်မှာတော့ ထက်ထက်က ထက်ထက်အဖြစ် နာမည်မကျော်ကြားသေးခင်က ကြော်ငြာလေးတစ်ခုကို ပရိသတ်တွေသိအောင် ပြန်လည်မျှဝေထားတာကိုတွေ့ရပါတယ် ။ ထက်ထက်ရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ခိုင်မာလာနှင်းဆီကြော်ငြာလေးကို ပြန်လည်တင်ပေးထားတာကိုတွေ့ရပါတယ် ။ ထက်ထက်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ – ထက်ရဲ့ အနုပညာခြေလှမ်းအစ …..ခိုင်မာလာနှင်းဆီဒီ TVC မှာ ထက်ထက်မိုးဦး မဖြစ်သေးပါဘူးထက်ရဲ့ နာမည်အရင်း မှုံရွှေရည် နဲ့ရိုက်ခဲ့တဲ့ ကြောငြာပါရှင့် ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ် ။

ပရိသတ်တွေကလည်း ထက်ထက်ရဲ့ အရင်က ချစ်စရာအပြုအမူလေးတွေ အမှတ်တရလေးတွေကို ပြောဆိုမှတ်ချက်ပေးထား တာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရယ် ဒီကြော်ငြာလေးကိုကြည့်ပြီး မှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။
Source – Htet Htet Moe Oo