Mobile Lengend မှာ Mythic ရောက်သွားလို့ ပျော်နေတဲ့ မကြီးစိုး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ယေန႔ေခတ္ႀကီးကေတာ့ ေခတ္မီေဖ်ာ္ေျဖေရး က႑ေတြဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လူမႈပတ္ဝန္းက်င္ကို လႊမ္းမိုးလာတာနဲ႔ အမွ် လူသားေတြအတြက္ စိတ္ထြက္ေပါက္ေတြဟာ မ်ားျပားလာခဲ့ပါတယ္။ အဲ့ဒီလို မ်ားျပားလာတဲ့ အပန္းေျဖစရာ စိတ္ထြက္ေပါက္ေတြထဲမွာေတာ့ Mobile Game ေတြလည္း ပါဝင္ပါတယ္။ Mobile Game ေတြကို ေဆာ့ၾကတဲ့ အထဲမွာေတာ့ အယုတ္အလတ္အျမတ္မေရြး ကစားၾကပါတယ္။ အဲ့ဒီလို ကစားၾကတဲ့အထဲမွာေတာ့ ျပည္သူခ်စ္ရတဲ့ အႏုပညာ႐ွင္ေတြလည္း ပါဝင္ပါတယ္။ အဲ့ဒီအႏုပညာရွင္ေတြ ထဲမွာလည္း မႀကီးစိုးက တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္။

မႀကီးစိုးကေတာ့ Mobile Legend ကို ျမင့္ျမတ္ဆီကေန ကစားနည္းသင္ယူၿပီး ကစားခဲ့တာကိုလည္း ဟိုအရင္က အင္တာဗ်ဴးေတြမွာ ေျဖခဲ့တာကို ေဖာ္ျပခဲ့ဖူးပါတယ္။ က်ေနာ္တို႔ ေျပာခ်င္လြန္းလို႔ က ML ဝါသနာအိုးေတြကို မႀကီးစိုးရဲ႕ Rank ေရာက္ရိွေနမႈႀကီးကို ေဖာ္ျပေပးလိုက္ခ်င္ပါတယ္။ ML မွာေတာ့ Mythic ကိုေရာက္ဖို႔ဆိုတာကေတာ့ ကစားသူ ေတာ္ေတာ္မ်ားမ်ားရဲ႕ အႏိၱမပန္းတိုင္ႀကီး တစ္ခုပါပဲ ။ အၾကာႀကီးမေနႏိုင္ရင္ေတာင္မွ ေရာက္ဖူး႐ံုမွ်ေတာ့ ေရာက္ဖူးခ်င္ၾကတဲ့ သူေတြခ်ည္းပါပဲ။ မႀကီးစိုးကေတာ့ အဲ့ဒီ အႏၱိမပန္းတိုင္ႀကီးဆီကို သူရဲ႕ အတူတူ ကစားဖက္ေတြနဲ႔ အတူေရာက္ရိွသြားပါၿပီ။

အဲ့ဒီလို ေရာက္ရိွရျခင္းအတြက္ သူ႔ရဲ႕ ခံစားခ်က္ေတြကို မႀကီးစိုးက သူ႔ရဲ႕ Facebook အေကာင့္မွာ “”ေနာက္ ဆုံး မင္းရဲ႕ ရင္ခြင္ ဆီ( က်မက ထမင္းဂ်ိဳး ဟင္းဂ်ိဳး ကေလးေတြေတာ္တာပါ )whatever, မႀကီး ကို အလိုလိုက္ ဒုကၡ ခံေပးခဲ့တဲ့ag lay, phyo lay, gg, paing min htet, ag min thike, ag khant min, thae thae , sai kyaw,especially, shwe sin n zin ko naing andspecial especially GIANT အားလုံး ကို ခ်စ္တယ္ သိလား” ဆိုၿပီး တင္ထားခဲ့တာကို ေတြ႔ရပါတယ္။ က်ေနာ္တို႔ ေျပာခ်င္လြန္းလို႔က မိတ္ေဆြေတြေရာ ဘယ္ Rank ကိုေရာက္ေနၾကၿပီလဲဆိုတာကို ေျပာျပေပးသြားၾကပါဦးေနာ္ ။

Unicode ဖြင့်ဖတ်ပါ
★★★★★
ယနေ့ခေတ်ကြီးကတော့ ခေတ်မီဖျော်ဖြေရေး ကဏ္ဍတွေဟာ ပုံစံအမျိုးမျိုးနဲ့ လူမှုပတ်ဝန်းကျင်ကို လွှမ်းမိုးလာတာနဲ့ အမျှ လူသားတွေအတွက် စိတ်ထွက်ပေါက်တွေဟာ များပြားလာခဲ့ပါတယ်။ အဲ့ဒီလို များပြားလာတဲ့ အပန်းဖြေစရာ စိတ်ထွက်ပေါက်တွေထဲမှာတော့ Mobile Game တွေလည်း ပါဝင်ပါတယ်။ Mobile Game တွေကို ဆော့ကြတဲ့ အထဲမှာတော့ အယုတ်အလတ်အမြတ်မရွေး ကစားကြပါတယ်။ အဲ့ဒီလို ကစားကြတဲ့အထဲမှာတော့ ပြည်သူချစ်ရတဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ အဲ့ဒီအနုပညာရှင်တွေ ထဲမှာလည်း မကြီးစိုးက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။

မကြီးစိုးကတော့ Mobile Legend ကို မြင့်မြတ်ဆီကနေ ကစားနည်းသင်ယူပြီး ကစားခဲ့တာကိုလည်း ဟိုအရင်က အင်တာဗျူးတွေမှာ ဖြေခဲ့တာကို ဖော်ပြခဲ့ဖူးပါတယ်။ ကျနော်တို့ ပြောချင်လွန်းလို့ က ML ဝါသနာအိုးတွေကို မကြီးစိုးရဲ့ Rank ရောက်ရှိနေမှုကြီးကို ဖော်ပြပေးလိုက်ချင်ပါတယ်။ ML မှာတော့ Mythic ကိုရောက်ဖို့ဆိုတာကတော့ ကစားသူ တော်တော်များများရဲ့ အန္တိမပန်းတိုင်ကြီး တစ်ခုပါပဲ ။ အကြာကြီးမနေနိုင်ရင်တောင်မှ ရောက်ဖူးရုံမျှတော့ ရောက်ဖူးချင်ကြတဲ့ သူတွေချည်းပါပဲ။ မကြီးစိုးကတော့ အဲ့ဒီ အန္တိမပန်းတိုင်ကြီးဆီကို သူရဲ့ အတူတူ ကစားဖက်တွေနဲ့ အတူရောက်ရှိသွားပါပြီ။

အဲ့ဒီလို ရောက်ရှိရခြင်းအတွက် သူ့ရဲ့ ခံစားချက်တွေကို မကြီးစိုးက သူ့ရဲ့ Facebook အကောင့်မှာ “”နောက် ဆုံး မင်းရဲ့ ရင်ခွင် ဆီ( ကျမက ထမင်းဂျိုး ဟင်းဂျိုး ကလေးတွေတော်တာပါ )whatever, မကြီး ကို အလိုလိုက် ဒုက္ခ ခံပေးခဲ့တဲ့ag lay, phyo lay, gg, paing min htet, ag min thike, ag khant min, thae thae , sai kyaw,especially, shwe sin n zin ko naing andspecial especially GIANT အားလုံး ကို ချစ်တယ် သိလား” ဆိုပြီး တင်ထားခဲ့တာကို တွေ့ရပါတယ်။ ကျနော်တို့ ပြောချင်လွန်းလို့က မိတ်ဆွေတွေရော ဘယ် Rank ကိုရောက်နေကြပြီလဲဆိုတာကို ပြောပြပေးသွားကြပါဦးနော် ။

Credit : ygn-news