မေမေ ခင်ဇာခြည်ကျော်ကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ဘုန်းမင်းနေလ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source – Phonemin Nay La
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“မေမေ ခင်ဇာခြည်ကျော်ကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ဘုန်းမင်းနေလ”

ခင်ဇာခြည်ကျော်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။လက်ရှိအချိန်အထိကိုလည်း အောင်မြင်မှုတွေထိန်းသိမ်းထားနိုင်သေးတာကတော့ ခင်ဇာခြည်ကျော်ရဲ့ အားသာချက်တစ်ခုလို့ဆိုရမှာပါ။ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်နဲ့ သမီးချောလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကလေးနှစ်ယောက်အမေလို့ကို မထင်ရလောက်အောင် နုပျိုလှပမှုကို ပိုင်ဆိုင်ထားတာပါ။

ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်တဲ့ ဘုန်းမင်းနေလဟာဆိုရင်လည်း (၂၀၁၉)ခုနှစ် အကယ်ဒမီဆုချီးမြင့်ပွဲကြီးမှာ ရွှေကြိုတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အချိန်ရရင်ရသလို လုပ်ဆောင်နေပါသေးတယ်။သမီးလေး ထင်သစ္စာကလည်း မေမေ့ခြေရာနင်းမယ့် သမီးလေးလို့ဆိုရလောက်အောင် အနုပညာအလုပ်တွေကို အရွယ်နဲ့ မလိုက်အောင် လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလဟာ ခင်ဇာခြည်ကျော်ရဲ့ လျှပ်တပြတ်ရိုက်ခံလိုက်ရတဲ့ ဓာတ်ပုံလေးနဲ့ မေမေခင်ဇာခြည်ကျော်ကို စနောက်ကာ ဆေးအကြီးကြီးထိုးလိုက်ပါတယ်။မေမေခင်ဇာခြည်ကျော်ကတော့ အခုလို ဆေးထိုးတဲ့ သားသားကို “ရုပ်ဆိုးတဲ့ ပုံတင်တယ် နော် မွေး နေ့လက် ဆောင် ပေး တော့ဝူး”ဆိုပြီး ပြန်လည်စနောက်ထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်တို့မိသားစုလေးကတော့ စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်စရာလေးနော်။

Source – Phonemin Nay La
Chilli – CeleGabar