အမိုက်စား အက်ရှင်ဇာတ်လမ်းတွဲ နဲ့အတူ ပရိသတ်တွေကို ထပ်မံ ဆွဲဆောင်ဦးမယ့် ကျော်စု

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

႐ုပ္ရွင္ ဇာတ္ကားေပါင္း မ်ားစြာနဲ႔ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးရင္း ေယာက္်ား ပီသတဲ့ စတိုင္နဲ႔ ေခ်ာေမာခန႔္ညားလြန္းတဲ့ မင္းသား တစ္ေယာက္အျဖစ္ ပရိသတ္ေတြ လက္ခံ အားေပးခဲ့သူကေတာ့ ေက်ာ္စုပဲျဖစ္ပါတယ္ ။ မိန္းကေလး ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ မင္းသားျဖစ္သလို ဇာတ္လမ္းတြဲေတြမွာ ပရိသတ္ေတြ အားေပးဝန္းရံမႈ အျပည့္ဝရရွိတဲ့ထိ သ႐ုပ္ေဆာင္ေကာင္းတဲ့ သူလို႔ေတာင္ဆိုရမွာပါ ။

လတ္တေလာ မွာေတာ့ MRTV-4 ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ” အခန္းနံပါတ္ ” ဆိုတဲ့ အမိုက္စား အက္ရွင္ဇာတ္လမ္းတြဲမွာ ဗညားဆိုတဲ့ ဂ်စ္ကန္ကန္ ေကာင္ေလးတစ္ေယာက္ရဲ႕ ကာ႐ိုက္တာနဲ႔ ပါဝင္ထားတာေတြ႕ရပါတယ္ ။ ဇာတ္လမ္းတြဲ ပထမပိုင္းမွာထဲက ပရိသတ္ေတြကို စိတ္ဝင္စားေအာင္ ဆြဲေဆာင္လိုက္တဲ့ ဒီကားေလးကေတာ့ တကယ္ကို စိတ္ဝင္စားစရာေတြနဲ႔ျပည့္ႏွက္ေနတာပါ ။ ေထာင္ထဲက ထြက္လာတာမၾကာေသးတဲ့ ဗညားတစ္ေယာက္ မိခင္ရွိတဲ့ ေတာင္ႀကီးကိုေရာက္သြားတဲ့အခ်ိန္မွာ မေမွ်ာ္လင့္ပဲ ေသဆုံးေနတဲ့ အေလာင္းတစ္ေလာင္းေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ ရင္း ဘာေတြဆက္ျဖစ္မလဲ ဆိုတာကို ေနာက္ေန႔ေတြ႕မွာ ဆက္လက္ရႈစားၾကရမွာျဖစ္ပါတယ္ ။

ဒီကားထဲမွာ ဗညားအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ေက်ာ္စုကလည္း သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန ” ပုံေတြတင္ခ်င္လြန္းလို႔ လက္တစ္ယားယားနဲ႔ေစာင့္ေနတဲ့ေန႔ရက္ေတြ ေရာက္ရွိလို႔လာပါၿပီခင္ဗ်ာ “ဗညား” ခဏျဖစ္ခြင့္ေပးပါ ဆိုတဲ့စာသားနဲ႔အတူ သူ႔ရဲ႕ပုံရိပ္ေတြကို ပရိသတ္ေတြကိုမွ်ေဝေပးထားတာမို႔ ပရိသတ္ႀကီးအတြက္ တဆင့္ ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္ ။

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင် ဇာတ်ကားပေါင်း များစွာနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ယောက်ျား ပီသတဲ့ စတိုင်နဲ့ ချောမောခန့်ညားလွန်းတဲ့ မင်းသား တစ်ယောက်အဖြစ် ပရိသတ်တွေ လက်ခံ အားပေးခဲ့သူကတော့ ကျော်စုပဲဖြစ်ပါတယ် ။ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားဖြစ်သလို ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေ အားပေးဝန်းရံမှု အပြည့်ဝရရှိတဲ့ထိ သရုပ်ဆောင်ကောင်းတဲ့ သူလို့တောင်ဆိုရမှာပါ ။

လတ်တလော မှာတော့ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” အခန်းနံပါတ် ” ဆိုတဲ့ အမိုက်စား အက်ရှင်ဇာတ်လမ်းတွဲမှာ ဗညားဆိုတဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတာတွေ့ရပါတယ် ။ ဇာတ်လမ်းတွဲ ပထမပိုင်းမှာထဲက ပရိသတ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်လိုက်တဲ့ ဒီကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတာပါ ။ ထောင်ထဲက ထွက်လာတာမကြာသေးတဲ့ ဗညားတစ်ယောက် မိခင်ရှိတဲ့ တောင်ကြီးကိုရောက်သွားတဲ့အချိန်မှာ မမျှော်လင့်ပဲ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကြောင့် ထွက်ပြေးတိမ်းရှောင် ရင်း ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို နောက်နေ့တွေ့မှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ် ။

ဒီကားထဲမှာ ဗညားအဖြစ် သရုပ်ဆောင်ထားတဲ့ ကျော်စုကလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ ” ပုံတွေတင်ချင်လွန်းလို့ လက်တစ်ယားယားနဲ့စောင့်နေတဲ့နေ့ရက်တွေ ရောက်ရှိလို့လာပါပြီခင်ဗျာ “ဗညား” ခဏဖြစ်ခွင့်ပေးပါ ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးထားတာမို့ ပရိသတ်ကြီးအတွက် တဆင့် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။