ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ရဲ့ လက်ရှိအချစ်ရေးအခြေအနေအကြောင်း ပြောပြလာတဲ့ အစ်မဖြစ်သူ စောယုနန္ဒာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ စုံတြဲေလးတစ္တြဲျဖစ္တဲ့ အဆိုေတာ္ ရဲရင့္ေအာင္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ဧၿငိမ္းျဖဴတို႔ စုံတြဲေလးကေတာ့ လက္ရွိမွာ ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္ (၃)ႏွစ္နီးပါးရွိေနၿပီလည္း ျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ဧၿငိမ္းျဖဴက သူ႔ရဲ႕ My Day ကေနအသက္မရွင္ခ်င္ေတာ့ဘူးဆိုၿပီး တင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက စိုးရိမ္ပူပန္ခဲ့ၾကပါေသးတယ္။

ဧၿငိမ္းျဖဴရဲ႕ အစ္မျဖစ္သူ ေစာယုနႏၵာကေတာ့ ညီမျဖစ္သူ တင္ထားတဲ့ စာနဲ႔ ပတ္သက္ၿပီး “သူအခုတေလာေတာ မ်က္ႏွာသိပ္မေကာင္းဘူး။ ညီမကလည္း ညီမအလုပ္နဲ႔ ညီမရႈပ္ေနေတာ့ သူနဲ႔ သိပ္မေတြ႕ျဖစ္ဘူး။သူတင္တာကို ညီမမျမင္လိုက္ဘူး။ဒါမွမဟုတ္ညီမကို ေဖ်ာက္ၿပီးတင္တာလားမသိဘူး။ညီမကေတာ့ သူ႔အခ်စ္ေရးကိစၥေၾကာင့္လို႔ထင္တာပဲ။ နည္းနည္းေတာ့ ျပႆနာေလးျဖစ္တယ္လို႔လည္း ၾကားတယ္။ဒါေပမဲ့ သူတို႔ေတြကအဲ့လိုပဲ ရန္ျဖစ္တယ္ ၿပီးရင္ခြဲႏိုင္တာလည္း မဟုတ္ဘူး ျပန္ခ်စ္ၾကတယ္ဆိုေတာ့ ဒီလိုတင္တာက ကေတာက္ကဆျဖစ္ၿပီးေတာ့ တင္တာလို႔ထင္ပါတယ္။”ဆိုၿပီးေျပာၾကားလာပါတယ္။

ဧၿငိမ္းျဖဴနဲ႔ ေစာယုနႏၵာတို႔ ညီအစ္မႏွစ္ေယာက္ကေတာ့ ေရဒီယို ဇာတ္လမ္းတြဲေတြကေနတစ္ဆင့္ သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာကို သိမ္းပိုက္ထားႏိုင္တဲ့ သူတစ္ေယာက္ပါ။အခုအခ်ိန္မွာလည္း “A”လို႔အမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ညီအစ္မႏွစ္ေယာက္လုံးပါဝင္သ႐ုပ္ေဆာင္ ႐ိုက္ကူးေနပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ဧၿငိမ္းျဖဴနဲ႔ ပတ္သက္ၿပီး အစ္မျဖစ္သူ ေစာယုနႏၵာ ေျဖၾကားထားတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Exclusive On CeleGabar
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးတစ်တွဲဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်နဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဧငြိမ်းဖြူတို့ စုံတွဲလေးကတော့ လက်ရှိမှာ ချစ်သူသက်တမ်း(၂)နှစ်ကျော် (၃)နှစ်နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ဧငြိမ်းဖြူက သူ့ရဲ့ My Day ကနေအသက်မရှင်ချင်တော့ဘူးဆိုပြီး တင်ခဲ့တာကြောင့် ပရိသတ်တွေက စိုးရိမ်ပူပန်ခဲ့ကြပါသေးတယ်။

ဧငြိမ်းဖြူရဲ့ အစ်မဖြစ်သူ စောယုနန္ဒာကတော့ ညီမဖြစ်သူ တင်ထားတဲ့ စာနဲ့ ပတ်သက်ပြီး “သူအခုတလောတော မျက်နှာသိပ်မကောင်းဘူး။ ညီမကလည်း ညီမအလုပ်နဲ့ ညီမရှုပ်နေတော့ သူနဲ့ သိပ်မတွေ့ဖြစ်ဘူး။သူတင်တာကို ညီမမမြင်လိုက်ဘူး။ဒါမှမဟုတ်ညီမကို ဖျောက်ပြီးတင်တာလားမသိဘူး။ညီမကတော့ သူ့အချစ်ရေးကိစ္စကြောင့်လို့ထင်တာပဲ။ နည်းနည်းတော့ ပြဿနာလေးဖြစ်တယ်လို့လည်း ကြားတယ်။ဒါပေမဲ့ သူတို့တွေကအဲ့လိုပဲ ရန်ဖြစ်တယ် ပြီးရင်ခွဲနိုင်တာလည်း မဟုတ်ဘူး ပြန်ချစ်ကြတယ်ဆိုတော့ ဒီလိုတင်တာက ကတောက်ကဆဖြစ်ပြီးတော့ တင်တာလို့ထင်ပါတယ်။”ဆိုပြီးပြောကြားလာပါတယ်။

ဧငြိမ်းဖြူနဲ့ စောယုနန္ဒာတို့ ညီအစ်မနှစ်ယောက်ကတော့ ရေဒီယို ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို သိမ်းပိုက်ထားနိုင်တဲ့ သူတစ်ယောက်ပါ။အခုအချိန်မှာလည်း “A”လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ညီအစ်မနှစ်ယောက်လုံးပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဧငြိမ်းဖြူနဲ့ ပတ်သက်ပြီး အစ်မဖြစ်သူ စောယုနန္ဒာ ဖြေကြားထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive On CeleGabar
Chilli – CeleGabar