ထုတ်လုပ်သူ၊တေးရေး၊တေးဆို ဖြစ်ရတာ သိပ်ဂုဏ်ယူတယ်ဆိုတဲ့ အဆိုတော် ပိုပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: ဝတ်ရည်မိုး
DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ထုတ်လုပ်သူ၊တေးရေး၊တေးဆို ဖြစ်ရတာ သိပ်ဂုဏ်ယူတယ်ဆိုတဲ့ အဆိုတော် ပိုပို”

အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲအထိရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ပိုပိုကတော့ ထုတ်လုပ်သူ၊တေးရေး၊တေးဆို ဖြစ်ရတာ သိပ်ဂုဏ်ယူတဲ့အကြောင်းကို “ငယ်ငယ် က သီချင်းထုတ်ဖို့ Producer မရှိတော့ သိပ်ဝမ်းနည်းဖူးတယ်။ အခုလို copyright တွေ ကျယ်ပြန့်လာတော့ Producer၊ တေးရေး၊ တေးဆို ဖြစ်ရတာ သိပ်ဂုဏ်ယူတယ်။ အနုပညာကြေးခွဲရင် သိပ်မရှုပ်တော့ဘူး။ အခု studio ပါ ပိုင်တော့ သာသာယာယာပေါ့ ။နောက် ထွက်မဲ့ Album ဆိုရင် ၈၅ ရာခိုင်နှူန်းက ကိုယ့်အပိုင်ကြီးပဲ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုတော် ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” သီချင်းလေး ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ အညတရအဆိုတော်ဘဝမှ အခုလို ဒိတ်ဒိတ်ကြဲအဆိုတော်ဘဝရောက်အောင် ဖြူဖြူစင်စင်ရိုးသားကြိုးစားခဲ့ကာ လက်ရှိဆို ကိုယ်ပိုင် studio တစ်ခုပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့် ငယ်စဉ် အနုပညာအလုပ်တွေစတင်လုပ်ကစမှာ သီချင်းတွေထုတ်ဖို့ Producer မရှိတော့ သိပ်ဝမ်းနည်ခဲ့ရပြီး ယခုခေတ်မှာတော့ မှုပိုင်ခွင်တွေ ပိုမိုကျယ်ပြန့်လာခဲ့တာကြောင့် ထုတ်လုပ်သူ၊တေးရေး၊တေးဆို ဖြစ်ရတာကို ဂုဏ်ယူနေတာလည်းဖြစ်ပါတယ်။ယခုဆိုရင် studio တစ်ခုပါပိုင်ဆိုင်ထားတာမို့ နောက်နောင်ထွက်မယ့် တေးစီရီးမှာဆိုရင် (၈၅)ရာခိုင်နှုန်းက ပိုပိုရဲ့အပိုင်ပါပဲတဲ့နော်။

CeleGabar ပရိသတ်ကြီးရေ ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” သီချင်းလေး ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ အညတရအဆိုတော်ဘဝမှ အခုလို ဒိတ်ဒိတ်ကြဲအဆိုတော်ဘဝရောက်အောင် ဖြူဖြူစင်စင်ရိုးသားကြိုးစားခဲ့တဲ့ ရလဒ်တွေ ခံစားနေရတာလည်းဖြစ်ပါတယ်နော်။