ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးမှု များလာတာတဲ့အပေါ် သူရဲ့ အမြင်ကို ပြောလာတဲ့ ရဲအောင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ရဲအောင်ဆိုတာနဲ့ အရင်အချိန်က အပြုံးချိုချိုလေးတွေနဲ့ အမျိုးသမီးထုကြီးရဲ့ နှလုံးသားတွေကို ကိုင်လှုပ်ထားနိုင်ပြီး သီချင်းတွေ သီဆို ၊ ရုပ်ရှင်တွေမှာ အခုချိန်ထိ သရုပ်ဆောင်နေတဲ့ နုပျိုချောမောနေတဲ့ သရုပ်ဆောင် မင်းသားကြီး တစ်ယောက်ဆိုတာ အားလုံး သိကြပြီးသားဖြစ်မှာပါ ။ အခုနှစ်ပိုင်းမှာ Videoဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့ပေမယ့် ဇာတ်လမ်းတွဲတွေ အပေါ်မှာ သူရဲ့ အမြင်တွေကို အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်သိရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ရဲအောင် “အခုဆိုရင် Channelတွေကနေ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီ။ အဲ့ဒီတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာတဲ့အပေါ်မှာ သရုပ်ဆောင်တွေကလည်း ကျေးဇူးတင်ပါတယ်။ ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေများလာလို့ သရုပ်ဆောင်တွေရော ကျနော်တို့ရော ပါဝင်ပြီးတော့ ရိုက်ကူးလို့ရတာပါ။ အဓိကကတော့ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ဇာတ်လမ်း ပရိသတ်တွေနဲ့ တစ်ထပ်တည်းဖြစ်မယ့် ဇာတ်လမ်းပေါ့ ။ အဲ့ဒါကို အချိန်တစ်ခုပေးပြီးတော့ ပုံဖော်နေကြပါတယ်။ အခုဆိုရင်လည်း အဆောင် ၁ ဇာတ်လမ်း ပရိသတ်တွေ လက်ခံခဲ့လို့ အခုအဆောင်၂ကို ဆက်လက်ပြီးတော့ ပုံဖော်တယ်” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ရဲအောင်က “ ကိုယ်တို့ သရုပ်ဆောင်တွေဆိုတာလည်း ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ချင်သေးတာတွေရှိမှာပဲ ကိုယ်တို့ သရုပ်ဆောင်တွေဆိုတာလည်း Stress တွေရှိမှာပဲ ဇာတ်လမ်းထဲက ဇာတ်ကောင် မဖြစ်တာကို စိတ်ပူတာတစ်မျိုး တခြားStress တွေလည်းရှိတယ် ။ ဒါတွေသည် ကိုယ့်Stress တွေသည် ဇာတ်လမ်းထဲ သယ်သွားလို့မရဘူးလေ ဇာတ်လမ်းထဲက ဇာတ်ကောင်က တစ်ပိုင်းဖြစ်နေပြီ ။ ဦးမြတ်ကျော်က ဦးမြတ်ကျော်ဖြစ်နေဖို့လိုတယ်လေ စိတ်ကိုတော့ ဘာမှမရှိအောင်လုပ်ရတယ် အဲ့ဒီအချိန်ကျရင်တော့ ဘာမှခေါင်းထဲမှာ ဝင်လာလို့ မရဘူး”ဆိုပြီး သူရဲ့ သရုပ်ဆောင်မှုပေါ်ထားတဲ့စိတ်ကို ပြောပြသွားပါတယ်။

Credit : ygn-news