ယူရီရုပ်ရှင်ဇာတ်ကားကြီးကို မိသားစုလိုက်သွားရောက် ဝန်းရံခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြနဲ႔ အခ်စ္ေတာ္ျဖစ္တဲ့ အဆိုေတာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထြန္းအိျႏၵာဗိုလ္ကေတာ့ “ယူရီ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို မိသားစုလိုက္သြားေရာက္အားေပးခဲ့ပါတယ္။အခုလို သြားေရာက္အားေပးခဲ့ၿပီးေနာက္မွာေတာ့ ထြန္းအိျႏၵာဗိုလ္က ယူရီ႐ုပ္ရွင္ဇာတ္ကားႀကီးကို သေဘာက်ႀကိဳက္ႏွစ္သက္ခဲ့ၿပီး “ကြၽန္မ သိပ္ႀကိဳက္တယ္ ယူရီ”ဆိုၿပီး သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ဂုဏ္ျပဳေဖာ္ျပထားပါေသးတယ္။

“ယူရီ”႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ ဒီဇင္ဘာလ (၁၉)ရက္ေန႔ျဖစ္တဲ့ မေန႔က ေနာက္ဆုံး႐ုံတင္ျပသခဲ့တာပဲျဖစ္ပါတယ္။ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ကင္ဆာေရာဂါေဝဒနာရွင္ေတြအတြက္ ရံပုံေငြအေနနဲ႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးလည္း ျဖစ္ပါတယ္။ယူရီဇာတ္ကားႀကီးမွာေတာ့ သ႐ုပ္ေဆာင္ဝါဝါဝင္းေ႐ြရဲ႕ ေျမေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ ဝင္ဒီထက္က အဓိကဇာတ္ေဆာင္တစ္ေယာက္အေနနဲ႔ ပါဝင္ထားတာပဲျဖစ္ပါတယ္။

“ယူရီ”ဇာတ္ကားႀကီးထဲမွာေတာ့ မ်ိဳးဆက္သစ္ တက္သစ္စ မ်က္ႏွာသစ္ အႏုပညာရွင္ေတြခ်ည္းကိုပဲ သီးသန႔္ပြဲထုတ္ကား႐ိုက္ကူးထားခဲ့တာျဖစ္ေပမဲ့လည္း ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္မႈေတြကေတာ့ ပီျပင္ ပိုင္ႏိုင္လွတာေၾကာင့္ ဝါရင့္သ႐ုပ္ေဆာင္ေတြရဲ႕ ခ်ီးက်ဴးမႈကိုေတာင္ ရရွိထားတဲ့ ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။CeleGabar ပရိသတ္ႀကီးေတြထဲမွာေရာ “ယူရီ”ေလးကို ၾကည့္လိုက္ရတဲ့ သူေတြရွိလား။

Source – Htun Aeindra Bo
Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ယူရီရုပ်ရှင်ဇာတ်ကားကြီးကို မိသားစုလိုက်သွားရောက် ဝန်းရံခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်”

ပရိသတ်တွေနဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ “ယူရီ” ရုပ်ရှင်ဇာတ်ကားကြီးကို မိသားစုလိုက်သွားရောက်အားပေးခဲ့ပါတယ်။အခုလို သွားရောက်အားပေးခဲ့ပြီးနောက်မှာတော့ ထွန်းအိန္ဒြာဗိုလ်က ယူရီရုပ်ရှင်ဇာတ်ကားကြီးကို သဘောကျကြိုက်နှစ်သက်ခဲ့ပြီး “ကျွန်မ သိပ်ကြိုက်တယ် ယူရီ”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဂုဏ်ပြုဖော်ပြထားပါသေးတယ်။

“ယူရီ”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဒီဇင်ဘာလ (၁၉)ရက်နေ့ဖြစ်တဲ့ မနေ့က နောက်ဆုံးရုံတင်ပြသခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် ရံပုံငွေအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ယူရီဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်ဝါဝါဝင်းရွေရဲ့ မြေချောလေးတစ်ယောက်ဖြစ်တဲ့ ဝင်ဒီထက်က အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ထားတာပဲဖြစ်ပါတယ်။

“ယူရီ”ဇာတ်ကားကြီးထဲမှာတော့ မျိုးဆက်သစ် တက်သစ်စ မျက်နှာသစ် အနုပညာရှင်တွေချည်းကိုပဲ သီးသန့်ပွဲထုတ်ကားရိုက်ကူးထားခဲ့တာဖြစ်ပေမဲ့လည်း ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကတော့ ပီပြင် ပိုင်နိုင်လှတာကြောင့် ဝါရင့်သရုပ်ဆောင်တွေရဲ့ ချီးကျူးမှုကိုတောင် ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော “ယူရီ”လေးကို ကြည့်လိုက်ရတဲ့ သူတွေရှိလား။

Source – Htun Aeindra Bo
Chilli – CeleGabar